အန်ဇိုမာရက်စကာ ကို တစ်ရာသီလောက် အချိန်ပေးလိုက်တာ မှန်ကန်နေပြီလား

ချယ်ဆီး နည်းပြ အန်ဇိုမာရက်စကာ အနေနဲ့ ချယ်ဆီး နည်းပြအဖြစ် တရားဝင်ကြော်ငြာပြီးတဲ့ အချိန်တွေထဲက ချယ်ဆီး ပရိတ်သတ်တော်တော်များများ ရဲ့ ဝေဖန်တာကို တော်တော်လေးခံခဲ့ရပါတယ်။ ရာသီ အစပိုင်းတုန်းက အကောင်းဆုံပုံစံတွေကို ပြသနိုင်ခဲ့ပေမယ့် ရာသီ ဝက်လောက်ရောက်တဲ့ အချိန်မှာ အန်ဇိုမာရက်စကာ ရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့်အသင်းကတော်တော်လေးကိုတိုင်ပတ်ခဲ့တယ်။ ဘယ်ပြောကောင်းမလဲ အဲ့ချိန်တုန်းက အန်ဇိုမာရက်စကာ ကို ဝေဖန်သံတွေက ဆိုးဆိုးဝါးဝါးကို ကြားခဲ့ရတယ်။ ပြီးတော့ ချယ်ဆီး အသင်းရဲ့ ပုံစံ အတိုင်း နည်းပြတစ်ဦးကို အချိန်အများကြီးမပေးတက်ပဲ အခြေအနေ နည်းနည်းလေးဆိုးဝါးတာနဲ့ အသင်းကထုပ်ပယ်တက်တာကြောင့် အန်ဇိုမာရက်စကာအနေနဲ့ အသင်းကနေ ရာသီမကုန်ခင်ထဲက ထုပ်ပယ်ခံရလားလို့တောင် ထင်ခဲ့ကြတယ်။ ဒါပေမယ့် အချိန်တဖြည်းဖြည်းကြာလာတာနဲ့ အမျှ အန်ဇိုမာရက်စကာ သွားချင်နေတဲ့ ကစားကွက် ထဲမှာ ချယ်ဆီး ကစားသမားတော်တော်များများ စီးမျောလာနိုင်တယ်။ ကစားသမားတော်တော်များများ ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို တဖြည်းဖြည်း တွေ့မြင်လာခဲ့ရတယ်။
ရာသီကုန်မှာလဲအသင်းပိုင်ရှင်တွေလိုချင်နေတဲ့ ကွန်းဖရင့်လိဂ် ဖလား နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကို ရရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့တယ်။ အန်ဇိုမာရက်စကာ ရဲ့ ကစားပုံ ၊ ကစားကွက်နဲ့ ပိုမိုလိုက်ဖက်တဲ့ ချယ်ဆီး အသင်းကို ဒီကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပိုပြီး ကြည့်ရှုခံစားခွင့်ရရှိခဲ့တယ်။ခေါ်ယူထားတဲ့ ကစားသမားအသစ်တွေ နဲ့မှ အန်ဖိုမာရက်စကာ ရဲ့ ကစားပုံက ပိုပြီး ပုံပေါ်လာခဲ့တယ် ။ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲတောက်လျောက်မှာ တဖြည်းဖြည်း နဲ့ တည်ငြိမ်ပြီး ပိုမိုကောင်းမွန်လာတဲ့ အစုအဖွဲ့တစ်ခုကို တွေ့မြင်လာရတယ်။ ကစားသမား တိုင်းမှာ နိုင်လိုစိတ် ၊ ပေးဆပ်ချင်စိတ်တွေ ၊ ချယ်ဆီး အသင်းရဲ့ DNA စတာတွေကို ပြန်လည်တွေ့မြင်လာရတယ်။ ဒါတောင် ခေါ်ယူထားတဲ့ အက်စတာဗိုလ် ဝီလီယံ တို့ ဂျေမီ ဂစ်တန် တို့ မပါဝင်သေးပါဘူး ။ ဘယ်လိုပဲ အန်ဇိုမာရက်စကာ က ချယ်ဆီး အသင်းရဲ့ နည်းပြ အဆင့်အတန်းမဟုတ်ဘူးလို့ ဝေဖန်နေပါစေ ပိုချက်တီနို အသင်းကထွက်ခွာသွားပြီးနောက်ပိုင်း ချယ်ဆီး အသင်းရဲ့ ကစားပုံ ၊ ကစားကွက် ၊ ခံယူချက် ၊ ဆုဖလားအောင်မြင်မှု စတာတွေက အခုလက်ရှိ အန်ဇိုမာရက်စကာ နဲ့ တစ်ရာသီ ကြာဖြတ်သန်းပြီးတဲ့ အချိန်မှာ တဖြည်းဖြည်း နဲ့ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းလည်းဖြစ် ဘယ်ကလပ်အသင်းမှ ထိပ်တိုက်ရင်မဆိုင်ရဲ့ တဲ့ ပီအက်ဂျီ လို လက်ရှိ ဥရောပ ချန်ပီယံ အသင်းကို ခြေစွမ်း အသာ ၊ ကစားကွက် အသာ ၊ ဂိုးအသာ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြီး ပထမဆုံးအကြိမ် ပြောင်းလဲကျင်ပတဲ့ ကလပ်ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ် ။ ချယ်ဆီး အသင်းအနေနဲ့ သူတို့ရဲ့ ပုံစံအတိုင်း နည်းပြတစ်ယောက်ကို အချိန်သိပ်မပေးတဲ့ ပုံစံကို ဖျောက်ပြီး နည်းပြ အန်ဇိုမာရက်စကာကို တစ်ရာသီလောက် အချိန်ပေးလိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#premierleague
#enzomaresca
#coach
#chelsea
#conferenceleaguecup
#championsleague
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
