အမ်ဗူမို တစ်ယောက်ထဲအတွက် အချိန်ကုန်နေတဲ့ မန်ချက်စတာယူနိုက်တက်

ဒီအပြောင်းအရွှေ့ ကာလ က မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေအတွက်တော့ ပျော်ရွှင်စရာကောင်းမနေခဲ့ဘူး ။မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အဆိုးဝါးဆုံးအခြေအနေတွေကို ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့ အဆိုးဝါးဆုံး ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတာ မန်ချက်စတာယူနိုက်တက် အသင်းတစ်သင်းထဲမဟုတ်ပါဘူး ။ စပါး အသင်းအနေနဲ့ ကလည်း ဆိုးဝါး တဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ယူရိုပါလိဂ် ဖလားတစ်လုံးကို ရအောင်ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။ ဒါတောင်မှ မနှစ်ကဘောလုံးရာသီမှာ အဆိုးဆုံး အခြေအနေတစ်ခုကို ရောက်ခဲ့တာခြင်းအတူတူ တော်တင်ဟမ် စပါးအသင်းအနေနဲ့ အသင်းကို ပြောင်းလဲပြင်ဆင်မှုတွေများစွာပြုလုပ်နေတယ် ။ တော်တင်ဟမ် စပါးလို အသင်းမျိုးတောင် ဒါစပါးမှဟုတ်ရဲ့လား မေးရလောက်အောင် ပြောင်းလဲပြင်ဆင်မှုတွေ များစွာပြုလုပ်နေတဲ့ အချိန် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားသမား အသစ်ခေါ်ယူဖို့ လှုပ်ရှားမှုတွေက ဘယ်လိုမှ အားရစရာ ကောင်းမနေဘူး ။
အသင်း က ပြောင်းလဲပြင်ဆင်မှု ပေါင်းများစွာပြုလုပ်ပြီး အကောင်းဆုံးပုံစံ တွေနဲ့ နောက်ရာသီမှာ ပြန်လာဖို့ လိုအပ်နေတဲ့ အချိန်မှာ အသင့်သုံးလို့ရတာဆိုလို့ ခူညာတစ်ယောက်ထဲကိုသာ ခေါ်ယူနိုင်သေးတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အမ်ဗူမို ကို ခေါ်ယူဖို့ အတွက် ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေက တော်တော်လေးကို ကြာပါပြီ ။ ဒါပေမယ့် ဒီအပြောင်းအရွှေ့က အမှန်တကယ်တော့ ဖြစ်မလာသေးပါဘူး ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အမ်ဗူမို တစ်ယောက်ထဲအတွက် ပစ်မှတ်ထားပြီး လိုက်နေတာက ရက် ၄၀ ကြာပါပြီ ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အမ်ဗူမို တစ်ယောက်ထဲအတွက် အချိန်ဖြုန်းသလို ဖြစ်နေပါပြီ ။ ရက် ၄၀ လောက်ကြာမြင့်ပြီး ကစားသမားတစ်ယောက် ကို အရမခေါ်ယူနိုင်ဘူးဆိုတာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေရဲ့ ညံ့ဖျင်းမှုတစ်ခုပါပဲ ။ ပြိုင်ဘက်အသင်းတိုင်း ဒီအပြောင်းအရွှေ့မှာ လူခေါ်ယူမှုတွေများစွာ ပြုလုပ်နေတဲ့ အချိန် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ လိုအပ်ချက်တွေများနေတဲ့ ကြားထဲကနေ အမ်ဗူမို တစ်ယောက်ထဲ အတွက် ပစ်မှတ်ထားပြီး အရမခေါ်ယူနိုင်သေးတာက အချိန်ဖြန်းနေသလိုပါပဲ ။
ပရီးမီးယားလိဂ် ပြန်စဖို့ကလည်း ၁ လကျော်ကျော်သာလိုတော့ပြီး မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေကလည်း နောက်အပတ်လောက်ဆို စပြီ အဲ့လိုအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အခြားလိုအပ်ချက်တွေရှိနေတဲ့ နေရာတွေ အတွက် ကစားသမား ခေါ်ယူမှုတွေ ဘားမှမပြုလုပ်နိုင်သေးပဲ အမ်ဗူမို တစ်ယောက်ထဲအတွက်သာ အချိန်တွေကုန်နေခဲ့တာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အမ်ဗူမို တစ်ယောက်ထဲကို လိုအပ်နေတာမဟုတ်ပါဘူး အခြားနေရာတွေမှာလည်း လိုအပ်ချက်များစွာရှိနေပါသေးတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အဲ့အတွက် ဘာလှုပ်ရှားမှု မှ မလုပ်နိုင်သေးပဲ အမ်ဗူမို အတွက်သာ အချိန်တွေဖြန်းနေသလိုဖြစ်နေတယ်လိုပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#premierleague
#manchesterunited
#bryanmbeumo
#midfielder
LATEST NEWS

Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo



What I'm going to tell you today is about Cole Palmer, who has transformed from a cool kid to a grown man.