အာတီတာ က ဆုဖလားမယူပေးနိုင်တဲ့ နည်းပြတစ်ယောက်လား ?

အာဆင်နယ် အသင်းက အခုနောက်ပိုင်း အာတီတာ လက်ထက်မှာ အကျပိုင်းကနေ တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ ပရီးမီးယားလိဂ် 1 TO 4 အတွက် စိတ်ချရတယ် ။ အဆင့် ၂ နဲ့ ရာသီသိမ်းတာ ၃ ရာသီ ရှိပြီ ။ ဒါကြောင့် အာဆင်နယ် အသင်းပရိတ်သတ်တော်တော်များများက အသင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီးတော့ ပရီးမီးယားလိဂ် ဖလားကြီး ဆွတ်ခူးနိုင်ဖို့ကို မျှော်လင့်ခဲ့ကြတယ်။ အသင်းတစ်သင်း ပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အသင်းရဲ့ ပဲ့ကိုင်ရှင် ဖြစ်တဲ့ နည်းပြနဲ့ အများကြီး သက်ဆိုင်ပါတယ် ။ နည်းပြတစ်ယောက် ရဲ့ တာဝန် က အသင်းရဲ့ ကစားပုံ ၊ ကစားကွက် နဲ့ ကွင်းအတွင်း ရလဒ်တွေကောင်းနေဖို့ လိုအပ်ပါတယ် ။ ဒီလို ကွင်းတွင်းရလဒ်တွေကောင်းမွန်ပြီး ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ဆိုတာ အသင်းရဲ့ အားနည်းနေတဲ့ နေရာတွေ ၊ ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်တဲ့ နေရာတွေအတွက် အပြောင်းအရွှေ့ကာလမှာ လူခေါ်ယူမှုတွေကို မှန်မှန်ကန်ကန် ပြုလုပ်ဖို့ လိုအပ်သေးတာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်း အဓိက ရင်ဆိုင်နေရတာပြသာနာ က အဲ့တာပါပဲ ။
အာတီတာ ရဲ့ ကစားပုံ ၊ ကစားကွက် တွေက ဘားမှ အပြစ်ပြောစရာမရှိပေမယ့် သူ့ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုကတော့ ညံ့ဖျင်းပါတယ်။ အာတီတာ က အပြောင်းအရွှေ့တွေမှာ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ပဲ အမှားများခဲ့တာတွေ တော်တော်လေးကိုများပါတယ် ။ အခုလက်ရှိ အပြောင်းအရွှေ့ကာလကိုပဲကြည့်ရအောင် ။ ဂျော်ဂျင်ဟို အသင်းကထွက်ခွာသွားလို့ ပရီးမီးယားလိဂ် အတွေ့အကြုံလည်း ပြည့်ဝပြီး လစာလဲနည်းပါးတဲ့ ဘရန်ဖို့စ် အသင်းရဲ့ ကွင်းလယ်ကစားသမား နော်ဂတ် ကို ခေါ်ယူတာတွေ ၊ ဇူဘီမန်ဒီ ကို ခေါ်ယူတာတွေက မှန်ကန်တဲ့ အပြောင်းအရွှေ့လို့ ဆိုနိုင်ပေမယ့် မဖြစ်မနေ လိုအပ်နေတဲ့ ရော့ဂရက် ကို အရင် ရအောင်မခေါ်ယူပဲ မာဒူကီ ကို ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်း နဲ့ ခေါ်ယူလိုက်တာတွေက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေပဲဖြစ်ပါတယ်။ ရော့ဂရက် ကလည်း အာဆင်နယ် အသင်းကို ရောက်ကို ရောက်မယ့် ကစားသမားတစ်ဦးဖြစ်ပေမယ့် အာတီတာ ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုမှာ မာဒူကီ ရဲ့ အပြောင်းအရွှေ့ကို အရင်ပြီးအောင်အဆုံးသတ်လိုက်တာက မှားယွင်းတယ်လို့ထင်တယ်။ ပြီးတော့ ဆာကာ ရဲ့ အရန်အဖြစ် မာဒူကီ ကို ခေါ်ယူတယ်ဆိုရင် ပြောင်းရွှေ့ကြေးက မများလွန်းဘူးလား ။
ဘယ်တောင်ပံ လိုအပ်ချက်ရှိတာကြောင့် ဘယ်တောင်ပံမှာ သုံးမယ်ဆိုရင်လည်း မာတင်နယ်လီ ၊ ထရော့ဆက် တို့ထက် ပိုမိုကောင်းမွန်တဲ့ ကစားသမား တစ်ဦးကို ခေါ်ယူရမှာ မဟုတ်ဘူးလား ။ အခုခေါ်ယူလိုက်တဲ့ မာဒူကီ က မာတယ်နယ်လီ တို့ ထရော့ဆက် တို့လောက်တောင် အာဆင်နယ် အသင်းမှာ ခြေစွမ်းပြနိုင်ပါ့မလား ။ ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့ နည်းပြတစ်ယောက်ဆိုတာ အသင်းရဲ့ ကွင်းတွင်းရလဒ်တွေကောင်းမွန်အောင်စွမ်းဆောင်ပေးနိုင်ဖို့လိုအပ်သလို ၊ အပြောင်းအရွှေ့ကာလမှာ အသင်းက လိုအပ်ချက်တွေကို ကောင်းကောင်းနားလည်ဖို့ လိုအပ်ပါတယ်။ အာတီတာ တစ်ယောက် အာဆင်နယ် အသင်းကို ဆုဖလားတွေ ဆွတ်ခူးမပေးနိုင်သေးတာက ဒီအချက်တွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ အာတီတာ က ဆုဖလားမယူပေးနိုင်တဲ့ နည်းပြတစ်ယောက်လား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#premierleague
#mikelarteta
#coach
#arsenal
LATEST NEWS

Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo



What I'm going to tell you today is about Cole Palmer, who has transformed from a cool kid to a grown man.