ကတိသစ္စာ ကို တန်ဖိုးထားတဲ့ ဇူဘီမန်ဒီ

အခုနောက်ပိုင်းနှစ်တွေမှာ ကစားသမားတွေတော်တော်များများက အသင်းပြောင်းရွှေ့တဲ့နေရာမှာ လစာများတာတွေ ၊ အသင်း ရဲ့ သမိုင်းကြောင်းတွေ ၊ အကျိုးခံစားခွင့်တွေ အဲ့တာတွေကို ဦးစားပေးစဥ်းစားပြီးမှ အပြောင်းအရွှေ့ကို ဆုံးဖြတ်ကြတယ်။ အဲ့လိုဖြစ်နေတဲ့ ခေတ်ကြီးထဲမှာ ကတိစကားကို တန်ဖိုးထားတဲ့ ကစားသမားတစ်ယောက်ကို အပြောင်းအရွှေ့ကာလမှာ တွေ့မြင့်ခဲ့ရပါတယ်။အဲ့ဒီ ကစားသမားကတော့ အာဆင်နယ် အသင်းရဲ့ ကစားသမားအသစ် ဇူဘီမန်ဒီ ပဲဖြစ်ပါတယ်။ ဇူဘီမန်ဒီ နဲ့ အာဆင်နယ် အသင်းတို့က သတင်းတွေထွက်နေတာ အတော်ကြာပါပြီ ။ အာဆင်နယ် အသင်းက အရည်အသွေးပိုင်းကောင်းမွန်ပြီး အနာဂတ်မှာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဇူဘီမန်ဒီလို ကစားသမားမျိုးကို အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရန် လွန်ခဲ့တဲ့ မေလလောက်ကတည်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိအောင် လုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကစားသမား အပြောင်းအရွှေ့တစ်ခုဖြစ်မြောက်ဖို့ဆိုတာ လုပ်ဆောင်ရမယ့် option ၂ ချက်ရှိတယ်။
ပထမတစ်ချက်က ကစားသမား ရဲ့ မိခင်ကလပ် နဲ့ ပြောင်းရွှေ့ကြေးကိစ္စတွေ သဘောတူညီမှု ရအောင် အရင်ညှိမယ် ပြီးမှ ကစားသမား နဲ့ လစာကိစ္စတွေ ဆက်လက်လုပ်ကိုင်မယ် ။ ဒုတိယ တစ်ချက်ကတော့ ကစားသမား နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရအောင် အရင်ညှိပြီးတော့မှ ကစားသမား ရဲ့ မိခင်ကလပ် နဲ့ ပြောင်းရွှေ့ကြေး ကိစ္စညှိမယ် ။ ကစားသမားရော ၊ မိခင်ကလပ်နဲ့ရော သဘောတူညီမှု ရရှိမှသာ ကိုယ့်အသင်း ရဲ့ ကစားသမား အသစ်ဖြစ်လာမှာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းက ဇူဘီမန်ဒီ ရဲ့ အပြောင်းအရွှေ့မှာ ကစားသမား နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု အရင်ရရှိအောင်လုပ်ဆောင်ပြီးမှ ဆိုစီဒက် အသင်းနဲ့ ပြောင်းရွှေ့ကြေးကိစ္စတွေနဲ့ အခြားကိစ္စတွေ အားလုံးကို ဆက်လက်ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းနဲ့ ဆိုစီဒက် အသင်းတို့ သဘောတူညီမှု မရှိသေးတဲ့အချိန်မှာပဲ ဇူဘီမန်ဒီကို ဥရောပအသင်းမြင်ဆုံး အသင်းတစ်သင်းလည်းဖြစ် ၊ စပိန်ဘီလူးကြီးလည်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းက ခေါ်ယူဖို့ကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက သူတို့ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်တဲ့ မိုဒရစ် ရဲ့ နေရာကို အကောင်းဆုံး အစားထိုးနိုင်ဖို့ အတွက် ဇူဘီမန်ဒီကို စိတ်ဝင်စားခဲ့ကြတာပဲဖြစ်ပါတယ်။ ဇူဘီမန်ဒီ က ဘောလုံးတွေကို လိုက်ပါဖျက်တောက် တဲ့ အပိုင်းမှာ အလွန်ကောင်းမွန်တဲ့ အပြင် တစ်ပွဲလုံးကို မခိုမကပ်ပဲ ကစားနိုင်တဲ့ လုပ်အားနှုန်းကောင်း တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အဲ့လိုကစားသမားမျိုးကို ရီးရဲလ်မက်ဒရစ် အသင်းက သူတို့ရဲ့ အနာဂတ် ပလန်တွေကို ချပြပြီး ကစားသမားကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တယ်လို့ စပိန်သတင်းတော်တော်များများ က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဇူဘီမန်ဒီ က ရီးရဲလ်မက်ဒရစ် လို ဥရောပ အအောင်မြင်ဆုံးအသင်းတစ်သင်းက သူတို့အသင်းရဲ့ ဂုဏ် ၊ မက်မောစရာ အနာဂတ်ပလန် အချို့နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ် အသင်းနဲ့ သဘောတူညီခဲ့တဲ့ သူ့ရဲ့ ကတိ စကားကြောင့် ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးကို ငြင်းဆန်ပြီး အာဆင်နယ် အသင်းနဲ့ ဆိုစီဒက် အသင်းတို့ သဘောတူညီမှု ရရှိတဲ့ အချိန်ထိ စောင့်နေခဲ့တာပဲဖြစ်ပါတယ်။ ဇူဘီမန်ဒီ က ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ခဲ့ရင် အောင်မြင်မှုတွေ ပိုရပါလိမ့်မယ်။ ဆုဖလားတွေလဲ ပိုပြီးသိမ်းပိုက်ကောင်း သိမ်းပိုက်ရနိုင်တယ် ။ ဒီလို အခွင့်အရေးတွေ ၊ လစာငွေတွေ ၊ အကျိုးခံစားခွင့်တွေ ၊ အောင်မြင်မှုတွေ ကို ဦးစားပေးစဥ်းစားပြီးမှ အပြောင်းအရွှေ့ကို ဆုံးဖြတ်ချက်ချနေကြတဲ့ ခေတ်ကြီးထဲမှာ သူ့ရဲ့ ကတိစကားတစ်ခွန်းကြောင့် ရီးရဲလ်မက်ဒရစ် အသင်းကို ငြင်းဆန်ခဲ့တဲ့ ဇူဘီမန်ဒီက တကယ့်ကို ချီးကျူးစရာကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#realmadrid
#arsenal
#martinzubimendi
#realsociedad
#premierleague
#defensivemidfielder
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
