ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အကောင်းဆုံးခေါ်ယူမှုတစ်ခု

ရီးရဲလ် မက်ဒရစ် အသင်းက ဒီနှစ်ဘောလုံးရာသီမှာ အောင်မြင်မှုဆိုလို့ ဘာကိုမှ မရရှိခဲ့ပါဘူး။ ဆုဖလားလက်မဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရသလိုချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း အာဆင်နယ် အသင်းကို ဘယ်လိုမှ ယှဥ်မရပဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အပြင် ပြည်တွင်းမှာလည်း အဓိကပြိုင်ဘက် ဘာစီလိုနာ အသင်း နဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး အကြိမ်တိုင်းရှုံးနိမ့်ကာ ပြည်တွင်းဖလား အကုန်လုံးကို ဘာစီလိုနာ အသင်းကို ပေးအပ်ခဲ့ရပါတယ်။ အသင်းရဲ့ ဝါရင့် နည်းပြကြီး အန်ဆယ်လော့တီ ကလည်း အသင်းကနေထွက်ခွာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက ပြိုင်ဘက် အသင်းတွေနဲ့ ယှဥ်ရင် အဘက်ဘက် က အားနည်းနေတဲ့ ခံစစ်အစုအဖွဲ့နဲ့ တစ်ရာသီလုံး ဖြတ်သန်းခဲ့ရပြီး အဲ့အားနည်းတဲ့ ခံစစ်ကြောင့်ပဲ နိုင်သင့်တဲ့ပွဲတွေမနိုင် ၊ အမှတ်တွေ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးတဲ့ ပွဲစဥ်တွေလည်း မနည်းပါတယ်။
ရီးရဲလ်မက်ဒရစ် က အသင်းရဲ့ အပြောင်းအရွှေ့ကာလမှာ ခံစစ်ကို အဓိက ပြင်ဆင်မှုတွေပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ ခံစစ် ကစားသမားတွေဖြစ်ကြတဲ့ ရူဒီဂါ ကလည်း အသက်အရွယ် တစ်ခုကို ရောက်ရှိနေပြီး မီလီတာအိုကလည်း ဒဏ်ရာပြသာနာတွေနဲ့ အမြဲလိုလို ရင်ဆိုင်နေရပြီး အလာဘာကိုလဲ အသင်းကနေ ရောင်းချသွားဖို့ ရှိနေတာကြောင့် ဒေါင်ဒေါင်မြည် ခံစစ်မှူးဆိုလို့ အဆန်စီရို တစ်ယောက်ပဲ ရှိနေတာဖြစ်ပါတယ်။၊အဲ့တာကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် က ပြောင်းလဲပြင်ဆင်မှုပေါင်းများစွာကိုပြုလုပ်ခဲ့ပါတယ် ။ ရီးရဲလ်မက်ဒရစ် အသင်းက အပြောင်းအရွှေ့ကာလမတိုင်ခင်မှာပဲ ဇာဘီ အလွန်ဆို ၊ အလက်ဇန်းနား အားနိုး တို့ကို ခေါ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲတာအပြင် အသင်းရဲ့ အဓိက လိုအပ်နေတဲ့ ဗဟို ခံစစ် ပြသာနာ ကိုဖြေရှင်းဖို့ အတွက် အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားပြီး ဥရောပ အသင်းကြီးတိုင်း အပြိုင်လုနေကြတဲ့ ဒိန်းစ် ဟောက်ဆန် လို ကစားသမားကိုလည်း ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက ဒိန်းစ်ဟောက်ဆန် ကို ခေါ်ယူနိုင်ဖို့အတွက် ဘုန်းမောက် အသင်းကို ပြောင်းရွှေ့ကြေးအနေနဲ့ စာချုပ်ပါလျော်ကြေး ယူရိုပေါင်သန်း ၅၀ ပေးချေခဲ့ရတာပဲဖြစ်ပါတယ်။ ဒိန်းစ် ဟောက်ဆန်ကို ရီးရဲလ်မက်ဒရစ် အသင်းက ၂၀၃၀ ခုနှစ် ဂျွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုသွားမှာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က လန်ဒန်မြို့မှာ ကစားသမားကို ဆေးစစ်မှုခံယူစေခဲ့ပြီး မနေ့ကပဲ တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းကြော်ငြာခဲ့တာပဲဖြစ်ပါတယ်။
ဒိန်းစ် ဟောက်ဆန် ကို ခေါ်ယူလိုက်တာက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိကအားနည်းချက်ဖြစ်နေတဲ့နေရာကို အကောင်းဆုံးဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ Ball Playing ပိုင်း အလွန်ကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ဖြစ်တာကြောင့် ဒိန်းစ်ဟောက်ဆန် က ဇာဘီ အလွန်ဆို ရဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာ အချိန်တိုလေးအတွင်း အသားကျသွားနိုင်ပါတယ်။ အသက်အရွယ်ပိုင်းအရရော ၊ ခြေစွမ်းပိုင်းအရရော ဘားမှ ပြောစရာမလိုတဲ့ ကစားသမားကို ဥရောပအသင်းတွေနဲ့ အပြိုင်ခေါ်ယူနိုင်ခဲ့တာက ရီးရဲလ်မက်ဒရစ် အသင်းကို တော်တော်လေးချီးကျူးရမှာပဲဖြစ်ပါတယ်။ခံစစ်ပိုင်း အားနည်းနေတဲ့ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ဒိန်းစ် ဟောက်ဆန် ရဲ့ အပြောင်းအရွှေ့ က အကောင်းဆုံးခေါ်ယူမှု တစ်ခုဖြစ်ခဲ့ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#realmadrid
#carloancelotti
#laliga
#dennishodgson
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
