မန်ချက်စတာယူနိုက်တက် အသင်းစိတ်ဝင်စားနေတဲ့ ရီးချက် ရိ

လက်ရှိကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အရည်အသွေးပိုင်းကောင်းမွန်တဲ့ လူငယ်ရွက်ပုန်းသီး ကစားသမားတွေတော်တော်လေးထွက်ပေါ်လာခဲ့တယ်။ အဲ့လို အရည်အသွေးမြင့် ရွက်ပုန်းသီး ကစားသမားတော်တော်များများကို ဥရောပ အသင်းတွေက အစောပိုင်းအချိန်တွေထဲက လက်ဦးမှု ရယူပြီး ခေါ်ယူကာ အငှားပြန်ချထားပေးတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ကစားသမားတွေထဲမှာ ရီးချက် ရိ ဆိုတဲ့ အသက် ၂၅ နှစ်အရွယ် ကိုလံဘီယာ ကစားသမားကတော့ ဘယ်ဥရောပအသင်းကြီးတွေနဲ့မှ ချိတ်ဆက်မှုမပြုလုပ်ရသေးပါဘူး ။ တောင်အမေရိက ပွဲစဥ်တွေကို လူကြည့်နည်းတာကြောင့် ဒီကစားသမားလေး ဘယ်လောက်ကောင်းတယ်ဆိုတာ ဒီကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှသာ ထင်ထင်ရှားရှားကြီး တွေ့မြင်ခဲ့ရတယ်။ ရီးချက် ရိ ရဲ့ ကစားပုံက အရမ်းကို မာကျောပြီး ကွင်းလယ်မှာ သက်လုံကောင်းကောင်း နဲ့ မမောနိုင် မပန်းနိုင် အစွမ်းကုန်ပေးဆပ် ကစားတယ် ။ အရမ်းကို Aggressiveness ဆန်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသင်းတိုင်း ကြိုက်နှစ်သက်လောက်တဲ့ ကစားပုံ တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။
ရိ က U 20 လောက်ထိ ဖူဆယ် ကစားသမားဖြစ်ခဲ့ပြီး အဲ့နောက်မှသာ ဘရာဇီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဖလာမင်ဂို အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ဖလာမင်ဂိုရဲ့ အကယ်ဒမီ ကို ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ် ။ ၂၀၂၀ ခုနှစ်ရောက်မှသာ သူ့ရဲ့ ပထမဆုံး Professional ကစားသမား ဘဝကို စတင်ခဲ့တာပဲဖြစ်ပါတယ်။ ရိ က ball winning ပိုင်းမှာလည်း ထိုက်သင့်သလောက်ကောင်းမွန်တဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အားနည်းချက်ကတော့ ဖူဆယ် ကစားသမားဘဝ ကနေ ကူးပြောင်းလာခဲ့တာဖြစ်တာကြောင့် Space ကျဥ်းကျဥ်းလေးတွေ မှာသာ ကစားတာများပြီး ကွင်းတစ်ကွင်းလုံးကို ဘောလုံးဖြန့်ဝေတဲ့ အပိုင်းတွေ ၊ တစ်ကွင်းလုံးကို SCAN လုပ်တဲ့ အပိုင်းတွေမှာတော့ အားနည်းပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အခြားကွင်းလယ်ကစားသမား တော်တော်များများကိုလည်း စိတ်ဝင်စားနေပေမယ့် လုပ်ခ လစာ နဲ့ ပြောင်းရွှေ့ကြေးမှာတော့ ရိ က အခြားကစားသမားတွေထက် အများလျော့နည်းပါတယ် ။ ရီးချက် ရိ ကို မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အမှန်တကယ် ခေါ်ယူချင်ပါက သန်း ၃၀ ထဲနဲ့ သာခေါ်ယူနိုင်မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းကို ပိုမိုမာကြောအောင် ၊ ပိုမို တောင့်တင်းလာအောင် နဲ့ ပိုမိုကောင်းမွန်လာအောင် ရိ တစ်ယောက် အများကြီးပြောင်းလဲပေးနိုင်ပါတယ် ။ ရိ က ကွင်းလယ်နေရာတော်တော်များများမှာ ကစားနိုင်ပါတယ်။
သူ့ရဲ့ တကယ့်စိတ်ကြိုက်နေရာက CM ဖြစ်ပေမယ့် လိုအပ်ရင်လိုအပ်သလို RM နဲ့ DM နေရာတွေမှာပါ အကောင်းဆုံး အသုံးတော်ခံနိုင်တယ် ။ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကစားသမားတွေက ခြေကျနေတဲ့ကစားသမားတွေ ၊ ပြောင်းရွှေ့ကြေးမြင့်မားတဲ့ ကစားသမားတွေ ၊ သက်ဆိုင်ရာ အသင်းကဘယ်လိုမှ ရောင်းချမှာ မဟုတ်တဲ့ ကစားသမားတွေဖြစ်နေပြီး မန်ချက်စတာယူနိုက်တက် အသင်း အခေါ်ယူသင့်ဆုံးကစားသမားကတော့ ရီးချက် ရိပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ရီးချက်ရိ တို့ရဲ့ အပြောင်းအရွှေ့က အမှန်တကယ်ပဲဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူအများကြီးတင်ရှိပါတယ်။
#mmmedia
#richardrios
#midfielder
#manchesterunited
#colombian
#premierleague
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
