စီးရီးအေ ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ တွန်မီနေး

ဒီနှစ်ဘောလုံးရာသီ က အင်္ဂလန် ပရီးမီးယားလိဂ် အပါအဝင် လာလီဂါ ၊ ပြင်သစ် လိဂ်ဂူးဝမ်း အပြင် အီတလီ စီးရီးအေ ကလည်း တစ်ရာသီလုံး မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ သိပ်ကို ကြည့်လို့ကောင်းခဲ့တယ်။စီရီးအေ မှာဆို နာပိုလီ အသင်းနဲ့ အင်တာမီလန် အသင်းနှစ်သင်းက အမှတ်ကွာဟချက် အနေနဲ့ ၁ မှတ်ပဲ ကွာဟတာကြောင့် နောက်ဆုံးပွဲစဥ်၊ ရာသီပိတ်ပွဲစဥ် အထိ ချန်ပီယံ ဘယ်အသင်းကဖြစ်သွားမလဲဆိုတာ မသိခဲ့ရပါ။ နောက်ဆုံးပွဲစဥ်မှာ အင်တာမီလန် အသင်းအနေနဲ့ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ရုံနဲ့ ချန်ပီယံဖြစ်ဖို့ မလုံလောက်ပဲ နာပိုလီ အသင်း ခြေချော်လက်ချော် ဖြစ်ပြီး အမှတ်ဆုံးရှုံးဖို့လည်း လိုအပ်သေးတယ်။ ဒါပေမယ့် နာပိုလီ အသင်းက ရရှိတဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးချပြီး အီတလီ စီးရီးအေ ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တယ်။ နာပိုလီ အသင်းက စီးရီးအေ ရဲ့ ချန်ပီယံဖြစ်ခဲ့သလို နာပိုလီ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ဖြစ်တဲ့ တွန်မီနေးကလည်း အီတလီ စီးရီးအေ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုံး ကစားသမားဆုကိုလည်းရရှိခဲ့တယ်။
တွန်မီနေး က နာပိုလီ အသင်းရဲ့ ကွင်းလယ်မှာ ကွင်းလယ်ဗိုလ်ချုပ် အဖြစ် အကောင်းဆုံးအသုံးတော်ခံခဲ့ပြီး တွန်မီနေး ကြောင့် နာပိုလီ အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ် က မျှတခဲ့တယ်။ တွန်မီနေး က အသင်း ကျဥ်းထဲကြပ်ထဲ ရောက်နေတဲ့ အချိန် ၊ အနိုင် ရဖို့ လိုအပ်နေတဲ့ အချိန် တွေမှာဆို ဂိုးတွေလည်း တက်တက်သွင်းပေးတက်ပါတယ်။ တွန်မီနေးက ဒီရာသီ စီးရီးအေ ပြိုင်ပွဲ မှာ နာပိုလီ အသင်း အတွက် ၃၄ ပွဲကစားခဲ့ပြီး ၁၂ ဂိုးအထိ သွင်းယူကာ ၄ ကြိမ်ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တွန်မီနေးသွင်းယူပေးခဲ့တဲ့ ဂိုးတော်တော်များများ က နာပိုလီ အသင်း ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ အတွက် အရေးပါတဲ့ ဂိုးတွေဖြစ်ခဲ့ပါတယ်။ကွင်လယ်လူ စကော့ မက်တွန်မီနေး ဟာ ယူနိုက်တက်အသင်းမှ ထွက်သွားပြီး နာပိုလီအသင်းနဲ့ ပထမဆုံးရာသီမှာပဲ ခြေစွမ်းကောင်းပြနိုင်ပြီး နာပိုလီအသင်းနှင့်အတူ စီးရီးအေ အီတလီ အမှတ်ပေးဆု ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ တွန်မီနေး ဟာ ကာရင်တန်မှ အကယ်ဒမီထွက်တစ်ယောက် လို့ ပြောရင်လဲမမှားပါဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေရဲ့ စိတ်ကြိုက်ကစားသမား တစ်ယောက်တော့မဖြစ်ခဲ့ပါဘူး ။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပြစ်ပယ်ခြင်းကိုလည်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အပယ်ခံ ကစားသမားတစ်ယောက် ဘဝကနေ တွန်မီနေး က ကောင်းကောင်းရုန်းထနိုင်ခဲ့ကာ မန်ချက်စတာယူနိုက်တက် အသင်းကထွက်ခွာပြီး ပထမဆုံးရာသီမှာပဲ စီရီးအေ ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ။
တွန်မီနေး တစ်ယောက် သူက ဘယ်လိုကစားသမားဖြစ်တယ်ဆိုတာကို ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ အပယ်ခံ ကစားသမားတစ်ယောက်ဘဝ ကနေ အကောင်းဆုံးရုန်ထွက်နိုင်ခဲ့ပြီး စီးရီးအေ ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ တွန်မီနေး အကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#scottmctominay
#seriea
#napoli
#midfielder
#bestplayer
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
