ဘိုင်ယန်မြူးနစ် အသင်းကို နှုတ်ဆက်လမ်းခွဲတော့မယ့် သောမက်စ် မူလာ

သောမက်စ် မူလာ က ၂၀၁၀ ခုနှစ် နဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ဘောလုံးပရိတ်သတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ခုနှစ်တွေမှာ သောမက်စ် မူလာရဲ့ ကြောက်စရာကောင်းတဲ့ ဂိုးသွင်းအားတစ်ခုကို မြင်ဝါးထင်ထင်မြင်တွေ့ခဲ့ရတယ်။ သောမက်စ်မူလာ က speed အရမ်းကောင်တဲ့ ကစားသမားတစ်ဦးလည်းမဟုတ်ပါဘူး။ skill ပိုင်းမှာလည်း အရမ်းမကောင်းပါဘူး။ အရပ်အရမ်းရှည်တဲ့ ကစားသမား တစ်ယောက်မဟုတ်သလို Strength ပိုင်းမှာလည်း အရမ်းကြီးကောင်းမွန်နေတဲ့ ကစားသမား တစ်ဦးလည်းမဟုတ်ပါဘူး။ ဒါပေမယ့် မူလာ ရဲ့ ကစားပုံ နဲ့ အသင်းအပေါ် အကျိုးပြုပုံက အင်မတန်ကြောက်ဖို့ကောင်းခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်တွေမှာ ဘွန်ဒက်လီဂါ ပွဲစဥ်တွေကို တွင်တွင်ကျယ်ကျယ် မကြည့်ခဲ့ရသေးပေမယ့် ကမ္ဘာ့ဖလားမှာတော့ သောမက်စ် မူလာ ရဲ့ ကြောက်စရာ ကောင်းတဲ့ ခြေစွမ်းကိုတော့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်။
သောမက်စ် မူလာ က ဘိုင်ယန်မြူးနစ် အသင်းမှာ no 10 နေရာကနေ အကောင်းဆုံး အသုံးတော်ခံခဲ့ပေမယ့် အရင်က classic no 10 ကစားသမားတွေရဲ့ ကစားပုံနဲ့ တော်တော်လေးကို ကွဲပြားခြားနားခဲ့ပါတယ်။ အရင်က မြင်တွေ့ခဲ့ရတဲ့ no 10 ကစားသမားတွေက သေသပ်လှပတဲ့ စကေးတွေ ၊ ထူးချွန်ပြောင်မြောက်တဲ့ vision တွေနဲ့ ကစားတာကို မြင်တွေ့ခဲ့ရပေမယ့် သောမက်စ် မူလာကတော့ နေရာအလွတ်တွေ အများကြီး ရှာဖွေပေးပြီး နေရာအလွတ်တွေကနေ အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချတဲ့ ကစားပုံအသစ်တစ်ခုကိုသာ မြင်တွေ့ခဲ့ရတယ်။သောမက် မူလာက ကမ္ဘာ့ဘောလုံးလောကကို နည်းဗျူဟာ အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးနိုင်ခဲ့တယ်။ သောမက်စ် မူလာက ဘိုင်ယန်မြူးနစ် အသင်းမှာ ၁၇ ရာသီ ကြာ ကစားခဲ့ပြီး ပွဲပေါင်း ၇၅၀ ကျော်ကစားခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းအတွက် မူလာက သွင်းဂိုးပေါင်း ၂၅၀ နီးပါး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု စုစုပေါင်းလည်း ၂၅၀ နီးနီး လုပ်ပေးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှု အဖြစ် ဆုဖလား စုစုပေါင်း ၃၃ လုံးအထိကို ဆွတ်ခူးနိုင်ခဲ့ပြီး သောမက်စ် မူလာက ကစားသမားဘဝမှာ မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဆုဖလား ၃၃ လုံးလုံးကို ဘိုင်ယန်မြူးနစ် အသင်းနဲ့အတူ ဆွတ်ခူးရာ လမ်းကြောင်းတစ်လျောက်မှာလည်း အဓိက အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။ဒီလို ဘိုင်ယန်မြူးနစ် အသင်းနဲ့ အတူ အချိန်အတော်ကြာ အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ ဂျာမန် ဂန္ထဝင် ကစားသမားကြီး သောမက် မူလာကတော့ ရာသီကုန်ရင် ဘိုင်ယန်မြူးနစ် အသင်းကို နှုတ်ဆက် လမ်းခွဲသွားတော့မှာပဲဖြစ်ပါတယ်။ သောမက်စ် မူလာက ဘိုင်ယန်မြူးနစ် အသင်းအတွက်တော့ ဘယ်လိုမှတန်ဖိုးဖြတ်မရတဲ့ ဂန္ထဝင် ကစားသမားတစ်ဦးဖြစ်ပါတယ် ၊ အခုတင်ဆက်ပေးသွားတာကတော့ ရာသီကုန်မှာ ဘိုင်ယန်မြူးနစ် အသင်းကို နှုတ်ဆက်လမ်းခွဲတော့မယ့် သောမက်စ် မူလာ အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#thomasmuller
#bayernmunchen
#midfielder
#bundesliga
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
