17 နှစ်ကြာ ဆုဖလားဝေးကွာမှုကို အဆုံးသတ်ခဲ့ပေမယ့် နည်းပြရာထူးကထုတ်ပယ်ခံခဲ့ရတဲ့ အန့်ဂျ်

အန့်ဂျ် ပိုစေလို ဂလူး က တော်တင်ဟမ် စပါး အသင်းရဲ့ နည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာပဲ ပိုစေလို ဂလူးတစ်ယောက် တော်တင်ဟမ်စပါး အသင်းရဲ့ ဆုဖလား ကျိန်စာဆိုးကြီးကို အမှတ်ပေးဖလားမဟုတ်ပဲနဲ့ ဥရောပ ဖလားတစ်လုံးနဲ့ အဆုံးသတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒဏ်ရာရကစားသမားများတာတွေ ၊ အရံအင်အားတောင့်တင်းမှုမရှိတာတွေ ၊ အဓိက ကစားသမားတွေရဲ့ ကြံခိုင်မှုပြဿနာတွေကြောင့် စပါး အသင်းက ဒီနှစ်ဘောလုံးရာသီမှာ အတော်လေးကို ရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ် ။ ဒါပေမယ့် ပိုစေလို ဂလူးက အင်အားတောင့်တင်းမှုမရှိတဲ့ လူစာရင်း နဲ့ အဓိက ကစားသမားတွေ မပါဝင်ပဲ ယူရိုပါလိဂ် ဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကို အနိုင်ယူပြခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ စပါးအသင်း နှစ်သင်းလုံးက ပရီးမီးယားလိဂ်မှာ အခြေအနေတော်တော်ဆိုးခဲ့ပြီး အဆင့်ဇယားရပ်တည်မှုမှာ တန်းဆင်းဇုန်နားထိကို ရောက်ရှိခဲ့ကြတာပဲဖြစ်ပါတယ်။
ဒီလို အဆင်မပြေဖြစ်ခဲ့တဲ့ အသင်းနှစ်သင်းက ယူရိုပါလိဂ် ဖိုင်မယ် မှာတွေ့ဆုံးခဲ့ကြပြီး စပါး အသင်းက အဘက်ဘက်က နိမ့်ကျနေပေမယ့် ပိုစေလို ဂလူးက အကောင်းဆုံးပုံစံ နဲ့ စပါး အသင်းအတွက် ဆုဖလား ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် အရှေ့က ထွက်ခဲ့တဲ့ ကောလဟာလ သတင်းတွေ အတိုင်း စပါးအသင်းတာဝန်ရှိသူတွေက ၂၀၂၄-၂၅ ဘောလုံးရာသီကုန်ဆုံးချိန်မှာ ဘုတ်အဖွဲ့ဝင် အစည်းအဝေးလုပ်ခဲ့ပြီး စပါးအသင်း ရဲ့ ၁၇ နှစ်ကြာ ဝေးကွာနေတဲ့ ဆုဖလားအောင်မြင်မှုကို အဆုံးသတ်ပေးခဲ့တဲ့ ပိုစေလို ဂလူးကို အသင်းရဲ့ နည်းပြရာထူးကနေထုတ်ပယ်ခဲ့တာပဲဖြစ်ပါတယ်။ စပါး အသင်းတာဝန်ရှိသူတွေက ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းက ၁၉၇၀ နောက်ပိုင်း အဆိုးဝါးဆုံး လိဂ်ဇယားရပ်တည်မှု တစ်ခုဖြစ်ခဲ့ပြီး တစ်ရာသီ အတွင်း ရှုံးပွဲကြုံတွေ့မှု ရာခိုင်နှုန်း အများဆုံးလဲဖြစ်ခဲ့ပါတယ်။ စပါးအသင်း တာဝန်ရှိသူတွေက စပါး အသင်းကို ရာသီတိုင်း ရာသီတိုင်းမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တစ်ခုကို အလိုရှိနေတာကြောင့် ပိုစေလို ဂလူးကို အသင်းကနေထုတ်ပယ်ခဲ့တာပဲဖြစ်ပါတယ်။စပါး အသင်း မှာ ဒဏ်ရာရ ကစားသမား အရေအတွက် များနေခြင်းက အန့်ဂျ် နဲ့ သက်ဆိုင်နေတာလည်းဖြစ်ပါတယ်။ စပါး အသင်း ကစားသမားတော်တော်များများ က ကြွက်သား ဒဏ်ရာ ရရှိခဲ့ကြပြီး အဲ့လို ဒဏ်ရာများနေခြင်းကလည်း အန့်ဂျ် ရဲ့ အလွန် ပြင်းထန်တဲ့ ကစားပုံ ၊ ကစားကွက်တွေကြောင့်ပဲဖြစ်ပါတယ်။ စပါးအသင်း ပရိတ်သတ်တော်တော်များများက အသင်းရဲ့ ဆုဖလားဝေးကွာနေမှုကို သိက္ခာရှိတဲ့ ဥရောပဖလားတစ်လုံးနဲ့ အဆုံးသတ်ပေးခဲ့တာကြောင့် အန့်ဂျ် ကို သဘောကျကျတယ်။
ဒါပေမယ့် စပါးအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေက အဲ့ အချက်ကို မေ့ထားပြီး အသင်း က တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တစ်ခုမရှိပဲ ဒီနှစ်ဘောလုံးရာသီ အမှတ်ပေးဇယားမှာ အဆိုးဝါဆုံး ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတာကြောင့်အသင်းကနေထုတ်ပယ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ အသင်းရဲ့ 17 နှစ်ကြာ ဆုဖလားဝေးကွာမှုကို အဆုံးသတ်ခဲ့ပေမယ့် နည်းပြရာထူးကထုတ်ပယ်ခံခဲ့ရတဲ့ အန့်ဂျ် ပိုစေလို ဂလူး အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#tottenhamhotspur
#angepostecoglou
#coach
#premierleague
#transfercoach
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
