အလွန်ဆို ရဲ့ လက်ထဲမှာတောက်ပအုံးမယ့် ကြယ်တစ်ပွင့် ( သို့ ) အာဒါဂူလာ

အလွန်ဆို က ရီးရဲလ် အသင်းရဲ့ နည်းပြဖြစ်လာပြီးတဲ့ အချိန်မှာပဲ အသင်းရဲ့ ကွင်းလယ် ကစားသမားတော်တော်များများရဲ့ ဖန်တီးနိုင်စွမ်း အားနည်းတာကို တော်တော်လေး စိတ်တိုင်းမကျဖြစ်ခဲ့ပါတယ်။ အဲ့တာကြောင့်ပဲ အလွန်ဆိုက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေကို တိုက်စစ်လမ်းကြောင်း များများပွင့်ရန်နဲ့ ဂိုးတွေပိုမို ရရှိဖို့အတွက် ကွင်းလယ်မှာ ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ ကစားသမား တစ်ဦးကို လိုအပ်ကြောင်းပြောကြားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ရဲ့ ဘုတ်အဖွဲ့ဝင်တွေက ငြင်းဆိုခဲ့တယ်။ အဲ့တာကြောင့်ပဲ အလွန်ဆို တစ်ယောက် ဒီပြဿနာ ကို ဖြေရှင်းဖို့ အတွက် အသင်းမှာရှိပြီးသား ကျောက်ရိုင်းတုံးလေးကို ပုံဖော်ပေးဖို့ စတင်စဥ်းစားလာခဲ့တယ် ။ အဲ့ဒီ ကျောက်ရိုင်းတုံးလေးက တော့ အာဒါဂူလာပဲဖြစ်ပါတယ်။ အလွန်ဆိုက အယ်ဟီလယ်လ်အသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ အာဒါဂူလာဟာ ပါဝင်ကစားခွင့်ရတဲ့အချိန်တိုင်းမှာimpactတစ်ခုခုကိုထုတ်ပြနိုင်တဲ့ကစားသမားဖြစ်ကြောင်း၊ ကွင်းထဲမှာသူရှိနေပြီး သူ့ဆီဘောလုံးများများရောက်လေအသင်းအတွက်အကျိုးရှိလေဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
အာဒါ ဂူလာ ကအရည်အသွေးပိုင်းပြည့်ဝပြီး NO 10 role နေရာက သူ့ရဲ့ စိတ်ကြိုက်နေရာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်ရင် လိုအပ်သလို ဘယ်တောင်ပံ နဲ့ ညာတောင်ပံတွေမှာပါ အကောင်းဆုံးအသုံးတော်ခံနိုင်တဲ့ အရည်အသွေးမြင့် ကစားသမား တစ်ဦးပဲဖြစ်ပါတယ်။ ဒါပေမယ့် အရှေ့ကနည်းပြဟောင်း ကာလို့စ် အန်ဆယ်လော့တီ လက်ထပ်မှာတော့ ပွဲထွက်တွေတော်တော်များများ မရရှိပဲ ချောင်ထိုးခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်ဘောလုံးရာသီ အလွန်ဆို လက်အောက်မှာတော့ ဂူလာ တစ်ယောက် အရင်နှစ်တွေထက် ပိုပြီး ပွဲထွက့်ခွင့် ရနိုင်သလို အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက်လဲဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂူလာ က အလွန်ဆို သဘောကျရတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့အပြင် အလွန်ဆို ဆိုတာကလည်း လူငယ်ကစားသမားတွေကို ကောင်းကောင်းအခွင့်အရေးပေးပြီးမြေတောင်မြှောက်ပေးနိုင်တဲ့နည်းပြတစ်ယောက်ဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။ အာဒါ ဂူလာ က အလွန်ဆို ချီးကျူးရင် လဲ ချီးကျူးစရာပဲ လေ ။ ဂူလာ က သူ့ ခြေထဲဘောလုံးရောက်တာနဲ့ ဘာလုပ်ရမလဲဆိုတာကိုကောင်းကောင်းသိတဲ့ ကစားသမား တစ်ယောက် ဖြစ်တဲ့ အပြင် တစ်ဦးချင်းကျော်ဖြတ်ပုံတွေကောင်းတယ်။ကန်ချက်တွေတိကျတယ်။ အရေးကြီးဆုံးကတော့ Visionကောင်းပြီး ဖန်တီးနိုင်စွမ်းရှိပါတယ်။
ဒီဖန်တီးနိုင်စွမ်းဟာ အလွန်ဆိုအရမ်းလိုချင်နေတဲ့အရာ၊ တစ်နည်း သူပုံဖော်ချင်တဲ့ ရီးရဲလ်အသင်းရဲ့ တိုက်စစ်ကစားပုံအတွက်လိုကို လိုအပ် တဲ့ ကစားသမား တစ်ယောက်ပဲဖြစ်ပါတယ်။ စပိန် နာမည်ကြီး သတင်းစာ အချို့ရဲ့ ဖော်ပြချက်အရဆိုရင် လာမယ့်ဘောလုံးရာသီမှာ အာဒါ ဂူလာ ကို ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပွဲထွက်လူ ၁၁ စာရင်းမှာ များများစားစားမြင်တွေ့နိုင်ပါတယ်။ အဲ့တာကြောင့် အလွန်ဆိုလို လူငယ်ကစားသမားတွေကို အကောင်းဆုံး မြေတောင်မြှောက်ပေးနိုင်တဲ့ နည်းပြလက်ထဲမှာ အရည်အသွေးပိုင်းကို ဘားမှမပြစ်ပြောစရာမလို တဲ့ အာဒါဂူလာ လို လူငယ်ကစားသမားလေးက ကောင်းကောင်းကြီး တောက်ပလာအုံးမယ့် ကြယ်တစ်ပွင့်ဖြစ်တယ်လို့ပြောရင်း ဒီမှာပဲအဆုံးသတ်ပါ့ရစေ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#xabialonso
#coach
#ardaguler
#midfielder
#realmadrid
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
