ရီနာတို ဗီဂါ နဲ့ ဂျာအို ဖီးလစ် ကို အသင်းမှာဆက်ထိန်းထားသင့်တဲ့ ချယ်ဆီး အသင်း

Ma Nyein
3w ago
Sport Articles
ရီနာတို ဗီဂါ နဲ့ ဂျာအို ဖီးလစ် ကို အသင်းမှာဆက်ထိန်းထားသင့်တဲ့ ချယ်ဆီး အသင်း

ချယ်ဆီး အသင်းအနေနဲ့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ရောင်းချဖို့အတွက် အရောင်းစာရင်းတင်ထားတဲ့ ကစားသမား တွေမှ အများကြီးပါ ။ အဲ့ထဲမှာ ရီနာတို ဗီဂါ နဲ့ ဂျာအိုဖီးလစ် တို့လဲပါဝင်နေတာပဲဖြစ်ပါတယ် ။ ချယ်ဆီးအသင်း က မနှစ်ကဘောလုံးရာသီတုန်းကဆိုရင် ရာသီဝက်လောက်ထိ အတော်လေးကိုကောင်းတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ပြီးသွားတဲ့ နောက်ပိုင်းမှာတော့ အတော်လေးကို ရုန်းကန်ခဲ့ရပါတယ်။ ဘာလို့လဲဆိုရင် ရာသီ အစကလောက် ကစားသမား အစုအဖွဲ့က အင်အားမတောင့်တင်းတော့တာကြောင့်ပဲဖြစ်ပါတယ်။ဆောင်းရာသီဈေးကွက်မှာ ချယ်ဆီး အသင်းအနေနဲ့ အရန် ကစားသမား တော်တော်များများကို အငှားချခဲ့ပါတယ်။ အဲ့ထဲမှာ ကွန်းဖရင့်လိဂ် ပြိုင်ပွဲမှာ ပွဲထွက်ခွင့်ရရှိတိုင်း ခြေစွမ်းပြတဲ့ ရီနာတို ဗီဂါ နဲ့ ဂျာအို ဖီးလစ် တို့လည်း ပါဝင်ခဲ့ပါတယ်။ အဲ့နောက်ချယ်ဆီး အသင်းက ကိုပါးမား ရဲ့ အရန်ကစားသမား မရှိတဲ့ပြဿနာတွေ ၊ ဘယ်နောက်ခံ ကစားသမားနေရာမှာ ကူကူရယ်လာ ရဲ့ အရန်မရှိတဲ့ ပြဿနာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အခုလက်ရှိ ချယ်ဆီး အသင်းရဲ့ ကစားသမား အစုအဖွဲ့မှာလည်း အဲ့နေရာတွေမှာ ကစားနိုင်ဖို့အတွက် အရန်ကစားသမားတွေ မရှိသေးပါဘူး ။


အဲ့ကြားထဲကနေ ချယ်ဆီး အသင်းက မနှစ်က အငှားချခဲ့တဲ့ ရီနာတို ဗီဂါ နဲ့ ဂျာအို ဖီးလစ် ကို ရောင်းချဖို့အတွက် အရောင်းစာရင်းတင်ထားပါသေးတယ် ။ တကယ်ဆိုရင် ဒီလို အရည်အသွေးမြင့်ပြီး အရန်ကစားသမားအဖြစ် ကောင်းကောင်းကြီး အသုံးပြုနိုင်သေးတဲ့ ဒီလိုကစားသမားတွေကို ဆက်လက်ထိန်းသိမ်းထားသင့်ပါသေးတယ်။ ရီနာတို ဗီဂါ လို အသင်းကလိုအပ်ရင် လိုအပ်သလို ဘယ်နောက်ခံနေရာဖြစ်ဖြစ် ၊ ဗဟို ခံစစ်နေရာဖြစ်ဖြစ် ၊ ကွင်းလယ်ခံစစ် နေရာဖြစ်ဖြစ် အကောင်းဆုံးအသုံးတော်ခံနိုင်တဲ့ကစားသမား ကို ချယ်ဆီး အသင်းလိုအပ်ပါတယ်။ အဲ့တာအပြင် ကိုလ်းပါမား နေရာမှာ ထိုက်သင့်သလောက် အစားထိုးနိုင်မယ့် ဂျာအိုဖီးလစ် လို ကစားသမားမျိုးကိုလည်း ချယ်ဆီး အသင်းက လိုအပ်ပါတယ် ၊ အခုချိန်မှာ ဂျာအို ဖီးလစ် ကိုခေါ်ချင် နေတဲ့ ဆော်ဒီကလပ် အသင်းတွေမှ တစ်ပုံကြီးပါ ။ အဲ့တာအပြင် ရီနာတို ဗီဂါ ကိုလည်း မနှစ်က သူအငှားသွားရောက် ကစားခဲ့တဲ့ ဂျူဗင်တက် အသင်းက ဗီဂါ ရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် အပြီးသတ် ဝယ်ယူချင်နေတာပဲဖြစ်ပါတယ်။


ချယ်ဆီး အသင်းအနေနဲ့ လိုအပ်နေတဲ့ ကွင်းလယ် တိုက်စစ်နေရာ နဲ့ ဘယ်နောက်ခံ လူ နေရာတွေမှာ ကမ္ဘာ့အဆင့် ကစားသမားသစ်တွေ မခေါ်ယူဘူးဆိုရင်တော့ ရီနာတို ဗီဂါ နဲ့ ဂျာအို ဖီးလစ် တို့လို ကစားသမားတွေကို အရောင်းစာရင်း မတင်ပဲ ဆက်လက်ထိန်းသိမ်းထားဖို့လိုအပ်ပါတယ် ။ ချယ်ဆီး အသင်းအနေနဲ့ မနှစ်ကဘောလုံးရာသီ ထက် ပိုမိုခက်ခဲတဲ့ ပွဲစဥ်တွေကို ယှဥ်ပြိုင်ရမှာဖြစ်တာကြောင့် မနှစ်ရာသီ အစထက် ပိုမိုတောင့်တင်းတဲ့ ကစားသမား အစုအဖွဲ့ကိုလိုအပ်ပါတယ်။ အခုလက်ရှိ ချယ်ဆီး အသင်းရဲ့ ကစားသမား အစုအဖွဲ့ မနှစ်ရာသီ အစက ကစားသမား အစုအဖွဲ့ထက် အင်အားလျော့နည်းပါတယ်။ ပိုမို ခက်ခဲတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေကို ယှဥ်ပြိုင်ရအုံးမှာဖြစ်တာကြောင့်လိုအပ်တဲ့နေရာတွေမှာ ကမ္ဘာ့အဆင့် ကစားသမားတွေကို မခေါ်ယူနိုင်ခဲ့ပါက ရီနာတို ဗီဂါ နဲ့ ဂျာအို ဖီးလစ် တို့လို ကစားသမားတွေကို အသင်းမှာဆက်လက်ထိန်းထားဖို့ လိုအပ်ပါတယ်လို့ပြောရင်းဒီဆောင်းပါးလေးကို ဒီမှာပဲအဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#renatoveiga

#centreback

#joaofelix

#midfielder

#chelsea

#premierleague

Leave a reply