အာဆင်နယ် အသင်းရဲ့ ပထမဆုံးခေါ်ယူမှု

Admin
2 လ ခန့်က
Sport Articles
အာဆင်နယ် အသင်းရဲ့ ပထမဆုံးခေါ်ယူမှု

အာဆင်နယ် အသင်းက ကာလကြာရှည် ပြစ်မှတ်ထားနေတဲ့ စပိန် ကွင်းလယ် ကစားသမား ဇူဘီမန်ဒီ ကို ခေါ်ယူနိုင်ဖို့ အတွက် ကစာသမား နဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ် အသင်းက ဇူဘီမန်ဒီ ကို ခေါ်ယူဖို့ အတွက် စာချုပ်ဖျက်သိမ်းကြေး အဖြစ် ယူရို သန်း ၆၀ ပေးချေသွားရမှာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဇူဘီမန်ဒီ က အာဆင်နယ် အသင်းရဲ့ ပထမဆုံးခေါ်ယူမှု ဖြစ်လာဖို့ များပါတယ်။ ဒီစပိန် ကစားသမားက အာဆင်နယ် အသင်း တကယ်လိုချင်နေတဲ့ ကစားသမားဖြစ်ပြီး အာတီတာ တည်ဆောက်နေတဲ့ အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်အတွက်လည်း တကယ့်ကို လိုအပ်တဲ့ ကစားသမားဖြစ်ပါတယ်။ဇူဘီမန်ဒီ က မော်ဒန်ဘောလုံးလောကရဲ့ အရေးပါဆုံးသော No 6 နေရာမှာ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ် ။


စပိန်ကွင်းလယ် ကစားသမား တွေ ကောင်းတယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ တိုက်စစ်မှာ ဘရာဇီး ၊ ကွင်းလယ်မှာ စပိန် ၊ နောက်တန်းမှာ အီတလီ ဆိုတဲ့ စကားအတိုင်း စပိန် နိုင်ငံက ခေတ်အဆက်ဆက် ကမ္ဘာ့အကောင်းဆုံးကွင်းလယ် ကစားသမားတွေကို မွေးထုပ်ပေးနိုင်ပြီး ကွင်းလယ်ပိုင်းနဲ့ ပတ်သတ်ရင် စပိန် က အခြားနိုင်ငံတွေနဲ့ ယှဥ်ရင် အမြဲလိုလို ခေါင်းတစ်လုံးသာနေတာပဲဖြစ်ပါတယ်။ ဇူဘီမန်ဒီ နဲ့ အာဆင်နယ် အသင်းရဲ့ အပြောင်းအရွှေ့က လွန်ခဲ့တဲ့ လအနည်းငယ်ထဲက အရိတ်အမြွတ်သိထားပြီးသား ကိစ္စတစ်ခုဖြစ်ပေမယ့် ဒီအပြောင်းအရွှေ့က အခုချိန်မှာတော့ အမှန်တကယ်ဖြစ်လာပါပြီ ။ အာတီတာက သူတည်ဆောက်နေတဲ့ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်ကို ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ခြေစွမ်းတွေပိုင်ဆိုင်ထားတဲ့ ရိုက်စ် တို့လို မိုရီနို တို့လို ကစားသမားတွေကို ခေါ်ယူခဲ့တယ်။ သူ့ရဲ့ ကွင်းလယ်ကို ပိုမိုကောင်းလာစေဖို့အတွက် Holding Midfielder အဖြစ် အကောင်းဆုံး ကစားနိုင်တဲ့ ဂျော်ဂျင်ဟိုကို ခေါ်ယူပြီး Deep-lying playmaker နေရာမှာ အသုံးတော်ခံစေခဲ့တယ်။ အဲ့တာကလည်း ရည်တိုအတွက်သာ စီစဉ်ခဲ့တာဖြစ်ပြီး အာဆင်နယ် အသင်း ရဲ့ ကစားကွက်နဲ့လည်း လိုက်ဖက်ပြီး အာဆင်နယ် အသင်းလိုအပ်နေတဲ့ နေရာမှာ ကစားနိုင်ပြီး အာဆင်နယ် အသင်း လိုချင်နေတဲ့ အသက်အရွယ် အစစအရာရာ ကိုက်ညီတဲ့ ဇူဘီမန်ဒီ ကို ကာလရှည်ကြာ ပစ်မှတ်ထားခဲ့တာပဲဖြစ်ပါတယ်။


အခုလက်ရှိ အာဆင်နယ် အသင်းရဲ့ NO 6 နေရာမှာ ကစားနေတဲ့ ပါတေး နဲ့ ဂျော်ဂျင်ဟိုတို့က အသက်အရွယ် တစ်ခုကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဇူဘီမန်ဒီ ကို ခေါ်ယူနိုင်ခဲ့တာက အကောင်းဆုံးခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။ ဇူဘီမန်ဒီ က Holding Midfielder တွေထဲမှာမှ တော်တော်လေးကို ဘောလုံအခြေခံပိုင်နိုင်ပြီး အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘောလုံးဖြန့်ဝေမှု အပိုင်းတွေမှာ တိကျကောင်းမွန်တဲ့ အပြင် ဘောလုံးကို လိုက်ဖျက်တဲ့ အပိုင်းမှာလည်း တော်တော်လေးကို လုပ်အားနှုန်းကောင်းကောင်းနဲ့ လိုက်ဖျက်နိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဂျော်ဂျင်ဟို ၊ ပါတေး တို့ကို Deep-lying playmaker နေရာအတွက် ရည်ရွယ်ခဲ့တဲ့ plan ကမအောင်မြင်ခဲ့ပေမယ့် ဇူဘီမန်ဒီ နဲ့ဆိုရင်ရော အာတီတာ ရဲ့ Plan ကအောင်မြင်မှု ရရှိသွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားတာကတော့ အာဆင်နယ် အသင်းရဲ့ ပထမဆုံးခေါ်ယူမှု ဖြစ်လာခဲ့တဲ့ ဇူဘီမန်ဒီ အကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#arsenal

#martinzubimendi

#spain

#mildfilder

#arteta

Leave a reply