FFP Rule ၂ နှစ်ဆက် ငြှိခဲ့တာကြောင့် ချန်ပီယံလိဂ် လူလျော့ပြီးမှတ်ပုံတင်နိုင်တဲ့ ဘာစီလိုနာ အသင်း

Admin
1 လ ခန့်က
Sport Articles
FFP Rule  ၂ နှစ်ဆက် ငြှိခဲ့တာကြောင့် ချန်ပီယံလိဂ် လူလျော့ပြီးမှတ်ပုံတင်နိုင်တဲ့ ဘာစီလိုနာ အသင်း

ဘာစီလိုနာ အသင်းက ဒီနှစ်ဘောလုံးရာသီမှာ နည်းပြအသစ် ဟန်စီဖလစ် ရဲ့ ဦးဆောင်မှုနဲ့ အတူ အကောင်းဆုံး အမြင့်ပျံသန်းနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ပြည်တွင်းဖလားစုံကို သိမ်းပိုက်နိုင်ခဲ့သလို ချန်ပီယံလိဂ် ဖလားနဲ့လည်း အလွန်နီးစပ်ခဲ့တာပဲဖြစ်ပါတယ်။ ဆီးမီးဖိုင်နယ်မှာ အင်တာမီလန် အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဖလားကို လက်လွှတ်ခဲ့ရတာပဲဖြစ်ပါတယ်။ နောက်နှစ် ချန်ပီယံလိဂ် ကို အကောင်းဆုံး ပုံစံတွေနဲ့ ပြန်လည်သိမ်းပိုက်နိုင်ဖို့ မျှော်လင့်နေတဲ့ ဘာစီလိုနာ အသင်းအတွက်ကတော့ ဖိအားတစ်ခုက ကျရောက်လာခဲ့ပါတယ်။ အဲ့တာကတော့ ၂၀၂၃-၂၄ ဘောလုံးရာသီနဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီနှစ်နှစ်ဆက် FFP စည်းမျဥ်းနဲ့ ငြှိခဲ့တာကြောင့် ပြစ်ဒဏ်ချမှတ်တာ ခံသွားရဖွယ်ရှိနေတာပဲဖြစ်ပါတယ်။ FFP စည်းမျဥ်းမှာ ဒီနှစ်ဘောလုံးရာသီအတွက် အပြောင်းအရွှေ့ဈေးကွက်မှာ အသုံးစရိတ် ဘယ်လောက်ရမယ်ဆိုတာ အမောက်တစ်ခုကို သတ်မှတ်ထားတဲ့ အပြင် ဝင်ငွေ နဲ့ ထွက်ငွေကြားလဲ ငွေအမောက် တစ်ခုကို သတ်မှတ်ထားပြီး အရှုံးပြတာ ( သို့ ) အနှုတ်ပြတာတို့လုံးဝလက်မခံပါဘူး။


ကစားသမား အပြောင်းအရွှေ့နဲ့ ဝင်ငွေ ထွက်ငွေ အားလုံးကို ငွေအမောက် တစ်ခုသတ်မှတ်ထားပြီး အဲ့ဘောင်အတွင်းမှာပဲ ရှိနေပြီး အရှုံးမပေါ်ဖို့လိုအပ်တာပဲဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းက နှစ်နှစ်ဆက် အရှုံးပေါ်ခဲ့တာကြောင့် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေတာပဲဖြစ်ပါတယ်။ ဘာစီလိုနာ အသင်း က ၂၀၂၃ ဘောလုံးရာသီမှာ FFP စည်းမျဥ်းကို ဖောက်ဖျက်ခဲ့တာကြောင့် ဒဏ်ငွေအဖြစ် ယူရို ၅ သိန်း ဒဏ်ရိုက်ခံခဲ့ရပြီး ဒီတစ်ခေါက်မှာတော့ နှစ်နှစ်ဆက် FFP စည်းမျဥ်းကို ဖောက်ဖျက်ခဲ့ကြတာကြောင့် အခြားပြစ်ဒဏ်တစ်ခုကို ခံရဖွယ်ရှိနေတာပဲဖြစ်ပါတယ်။ ဒီ FFP စည်းမျဥ်းကို ဖြေရှင်းနိုင်ဖို့ အတွက် ဘာစီလိုနာ အသင်းက သူတို့သတ်မှတ်ထားတဲ့ Deadline Day အတွင်းမှာ ကစားသမားရောင်းချတာပဲဖြစ်ဖြစ် အသင်းပိုင်ဆိုင်တဲ့ တစ်ခုခုကိုရောင်းချတာပဲဖြစ်ဖြစ် လုပ်ဆောင်ပြီး အသင်းရဲ့ ဝင်ငွေမှာ အရှုံးမပြပဲ အပေါင်းလက္ခဏာဆောင်နေဖို့ လိုအပ်တာပဲဖြစ်ပါတယ်။ ဒီလို အသင်းရဲ့ ဝင်ငွေကို အပေါင်းလက္ခဏာဆောင်အောင် မလုပ်နိုင်ခဲ့ရင် ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြစ်ဒဏ်ချမှတ်ခံရနိုင်ရုံသာမကပဲ ကစားသမား အရေအတွက် လျော့ချပြီး ဝင်ရောက်ယှဥ်ပြိုင်သွားရဖွယ်ရှိနေတာပဲဖြစ်ပါတယ်။


ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲအတွက် ပုံမှန်ဆိုရင် ကစားသမား ၂၅ ယောက်အထိကို စာရင်းသွင်းလို့ရပြီး ဘာစီလိုနာ အသင်းအနေနဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်တာကြောင့် ကစားသမား ၂၃ ယောက်ကနေ ၂၁ ယောက်အထိပဲ စာရင်းသွင်းလို့ရမှာပဲဖြစ်ပါတယ်။ နောက်ရာသီ ချန်ပီယံလိဂ်ဖလားကို တကယ်စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းအနေနဲ့ ဒီလို ကစားသမား အရေအတွက်လျော့ကျခံရတာက ဖိအားကြီးကြီးမားမား ဖြစ်စေပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ FFP Rule ၂ နှစ်ဆက် ငြှိခဲ့တာကြောင့် ချန်ပီယံလိဂ် လူလျော့ပြီးမှတ်ပုံတင်နိုင်တဲ့ ဘာစီလိုနာ အသင်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#barcelona

#hansiflick

#coach

#championsleague

#football

Leave a reply