ဗစ်တာ ယော့ကရက်စ် ကို ခေါ်ယူဖို့ အနီးစပ်ဆုံးဖြစ်နေတဲ့ အာဆင်နယ်အသင်း

အာဆင်နယ် အသင်းကတော့ အချိန်တစ်ခုကြာ ရင်ဆိုင်ခဲ့ရတဲ့ တိုက်စစ်မှူးပြဿနာ ကို ဖြေရှင်းနိုင်ဖို့အတွက် အနီးစပ်ဆုံး အခြေအနေတစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းက အထောင်တိုက်စစ်မှူး ကောင်းကောင်းမရှိတဲ့ ပြဿနာကြောင့် ပရီးမီးယားလိဂ်ဖလားကြီးကို အကြိမ်ကြိမ် လက်လွှတ်ခဲ့ရသလို မနှစ်ကဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကထွက်ခွာရခြင်းမှာလည်း ကမ္ဘာ့အဆင့်တိုက်စစ်မှူးမရှိတဲ့ ကိစ္စကတစ်မျိုးတစ်ဖုံ သက်ဆိုင်ပါတယ်။ အဲ့တာကြောင့် အာဆင်နယ် အသင်းပရိတ်သတ်တွေအနေနဲ့ တိုက်စစ်မှူးပြသာနာကို ဒီအပြောင်းအရွှေ့ကာလမှာ အကောင်းဆုံး ဖြေရှင်းသွားနိုင်မယ့်လိုမျှော်လင့်ခဲ့ကြပေမယ့် အာဆင်နယ် အသင်းကတော့ အခုချိန်ထိ ကမ္ဘာ့အဆင့် အထောင်တိုက်စစ်မှုးတစ်ယောက်ကိုတောင် မခေါ်ယူနိုင်သေးပါဘူး ။ အာဆင်နယ် အသင်းအနေနဲ့ အသင်းကထွက်ခွာသွားတဲ့ ဂျော်ဂျင်ဟို နဲ့ သောမက်ပါတေးတို့ရဲ့ နေရာအတွက် ဇူဘီမန်ဒီ ကို ခေါ်ယူနိုင်ခဲ့သလို ဘရန်ဖို့စ် အသင်းရဲ့ ကွင်းလယ်ကစားသမား နော်ဂတ် နဲ့လည်းတော်တော်လေးကို အခြေအနေကောင်းနေခဲ့ပြီပဲဖြစ်ပါတယ်။
ချယ်ဆီး အသင်းရဲ့ ဂိုးသမား ကီပါ ကိုလည်း ခေါ်ယူနိုင်ခဲ့တာဖြစ်ပေမယ့် ဒီအပြောင်းအရွှေ့တွေကတော့ အာဆင်နယ် အသင်းကို ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်အောင် မပြောင်းလဲပေးနိုင်သလို အာဆင်နယ် အသင်းပရိတ်သတ်တွေကို စိတ်ကျေနပ်စေမယ့် လူခေါ်ယူမှုတွေလဲ မဖြစ်ခဲ့ပါဘူး ။ အစောပိုင်း အချိန်တွေကတည်း က တိုက်စစ်ပိုင်းအတွက် ဆက်စကို က အာဆင်နယ် အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ပေမယ့် အချိန်တွေသာကုန်သွားတယ် ဆက်စကို ကိုလည်းရအောင်မခေါ်ယူနိုင်တဲ့အပြင် ဆက်စကို နဲ့ ပတ်သတ်ပြီး တိကျသေချာတဲ့ ဘာသတင်းကိုမှလည်း ရေရေရာရာ မကြားခဲ့ရပါဘူး ။ တိုက်စစ်မှူး အသစ်တစ်ဦးရှာဖွေရမယ့် အစား ချယ်ဆီး အသင်းရောင်းချမယ့် ကစားသမားတွေကိုသာ စိတ်ဝင်စားနေတာကြောင့် တော်တော်လေးကို ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အာဆင်နယ် အသင်းအနေနဲ့ သူတို့အသင်းကို အရင်နှစ်ဘောလုံးရာသီ တွေထက် ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်အောင် ပြောင်းလဲပေးနိုင်မယ့် ကစားသမားကို ခေါ်ယူဖို့အတွက် အနီးစပ်ဆုံးအခြေအနေမှာ ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။
အဲ့ဒီ ကစားသမားကတော့ ဗစ်တာယော့ကရက်စ်ပဲဖြစ်ပါတယ် ။ ယော့ကရက်စ် က သူဘယ်လောက်ကောင်းတဲ့ တိုက်စစ်မှူးဖြစ်တယ်ဆိုတာကို သူရဲ့ သွင်းဂိုးတွေနဲ့ အကြိမ်ကြိမ်သက်သေပြပြီးပါပြီး ။ မနှစ်ကဘောလုံးရာသီကဆို ယော့ကရက်စ် ရဲ့ သွင်းဂိုးအရေအတွက်က ဥရောပလိဂ်တွေအားလုံးမှာ အများဆုံးဖြစ်ပေမယ့် လိဂ်အဆင့်အတန်းသတ်မှတ်ချက်ကြောင့်သာ နောက်ဆုံးမှာ အမ်ဘာပေ က ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလို ဥရောပ အသင်းကြီးတိုင်း လိုချင်နေတဲ့ ယော့ကရက်စ် လိုတိုက်စစ်မှူးတစ်ယောက်ကို အာဆင်နယ် အသင်းနဲ့ ခေါ်ယူဖို့အတွက် အနီးစပ်ဆုံးအခြေအနေတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာကတော့ အာဆင်နယ် အသင်းအတွက်တဲ့ တကယ့်ကို ကောင်းမွန်တဲ့ အခြေအနေတစ်ခုဖြစ်တယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#viktorgyokeres
#striker
#arsenal
#transferplayer
#premierleague
နောက်ဆုံးရသတင်းများ

𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥


တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚