ဘရူနို နဲ့ မန်ချက်စတာယူနိုက်တက် ဘာတွေဆက်ဖြစ်သွားမလဲ

မန်ချက်စတာယူနိုက်တက် အသင်းက ဒီနှစ်ဘောလုံးရာသီမှာ ပြဿနာ ပေါင်းစုံ နဲ့ ရင်ဆိုင်ရပြီး ၊ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေကြောင့်လဲ ခက်ခဲတဲ့ ရာသီ တစ်ခုကိုကျော်ဖြတ်ခဲ့ရတယ်။ ဒီလို အဘက်ဘက် က အဆင်မပြေဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အသင်းသမိုင်းတစ်လျောက် အဆိုးဝါးဆုံးရာသီ တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့် ၁၆ နဲ့ ရာသီပိတ်ခဲ့သလို ဖလားလက်မဲ့ ရာသီတစ်ခုကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ အသင်း ဒီလို အကျပိုင်းရောက်နေတဲ့ အချိန် အသင်းကို တစ်ယောက်ထဲ အားနဲ့အကောင်းဆုံးထမ်းတင်ပေးခဲ့တဲ့ ကစားသမား ကတော့ ဘရူနို ဖာနန်ဒက်ပဲဖြစ်ပါတယ်။ ဒီနှစ်ရာသီ ဘရူနို ဖာနန်ဒက်ရဲ့ အတွေ့အကြုံ ၊ ပါရမီ ၊ အရည်အချင်း တို့ကို အကောင်းဆုံးပေါင်းစပ်ပြီး အသင်းကို တစ်ယောက်ထဲ ဦးဆောင်ပြီး ထမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းက ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလ မှာ ပြောင်းလဲမှူ များစွာပြုလုပ်သွားဖို့ ရှိနေပြီး အသင်းက ကစားသမား တော်တော်များများ ကိုလည်း အသင်းကနေ လက်လွှတ်လိုက်ဖို့ရှိနေတာပဲဖြစ်ပါတယ်။
အဲ့ ကစားသမား ရောင်းထုတ်မယ့်စာရင်းထဲမှာ အသင်းကို အများကြီး အကူအညီပေးနေတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက် လဲ ပါဝင်နေတာပဲဖြစ်ပါတယ် ။ ဘရူနို ဖာနန်ဒက် ကို ဆော်ဒီကလပ် အသင်းတစ်သင်းဖြစ်တဲ့ အယ်ဟီလယ် အသင်းက ခေါ်ယူချင်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဆွေးနွေးမှုတွေမှာ အပေါင်းလက္ခဏာဆောင်နေတာပဲဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက် အနေနဲ့လည်း မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ သူ့ကို အလိုမရှိရင် အသင်းကထွက်ခွာသွားမယ်လို့ ယူရိုပါလိဂ် ဖိုင်နယ်ရှုံးပွဲအပြီး အင်တာဗျူးတစ်ခုမှာပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ဆော်ဒီကလပ် အသင်းတစ်သင်းဖြစ်တဲ့ အယ်ဟီလယ်အသင်း အနေနဲ့ကလည်း မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အသက် ၃၀ အရွယ်ကွင်းလယ် ကစားသမား အတွက် မန်ချက်စတာယူနိုက်တက် အသင်းတောင်းဆိုမယ့် ပမာဏ အတိုင်းပေးချေမှာဖြစ်ကြောင်းပြောကြားခဲ့သလို ဘရူနို ဖာနန်ဒက် အနေနဲ့လည်း အခွန်ကင်းလွတ်ပြီး လုပ်ခလစာ တစ်ပါတ် ပေါင် ၇ သိန်းကျော်ထိရရှိမှာပဲဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက် အနေနဲ့လည်း ဆော်ဒီကလပ် အယ်ဟီလယ် အသင်းနဲ့ ဆွေးနွေးမှုတွေမှာ အပေါင်းလက္ခဏဆောင်နေတာတွေကို တွေ့ရတာကြောင့် အယ်ဟီလယ် နဲ့ ဘရူနိုဖာနန်ဒက်တို့ရဲ့ အပြောင်းအရွှေ့က ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့လည်း သန်း ၁၀၀ ကျော်လောက်ရရှိပါက သူတို့ရဲ့ အသက် ၃၀ ကျော် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်ကို ရောင်ချသွားဖွယ်ရှိနေတာပဲဖြစ်ပါတယ်။ အဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အယ်ဟီလယ် အသင်းတို့ကြား ဘရူနို ဖာနန်ဒက် ရဲ့ အပြောင်းအရွှေ့က စိတ်ဝင်စားဖွယ်ကောင်းနေတာပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်း နဲ့ ဘရူနို ဖာနန်ဒက် အနေနဲ့ ဘာတွေဆက်ဖြစ်သွားမလဲ ။ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#brunofernandes
#midfielder
#manchesterunited
#alhilal
#transfer
နောက်ဆုံးရသတင်းများ



𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥
