ကစားသမားရောင်းချတဲ့ဘက်မှာပါ အလုပ်ရှုပ်ဦးမယ့် ချယ်ဆီးအသင်း

ဒီနောက်ပိုင်း အပြောင်းအရွှေ့ဈေးကွက်မှာ ဆက်တိုက်ဆိုသလို ကစားသမားသစ်တွေခေါ်ယူပြီး အခြားအသင်းတွေ အားကျနေရတဲ့ အသင်းတစ်သင်းကတော့ ချယ်ဆီး အသင်းပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက ဒေါ့မွန် အသင်းရဲ့ တောင်ပံကစားသမား ဂျေမီဂစ်တန် ကို ခေါ်ယူပြီး ၂၄ နာရီတောင်မခြားပဲ ဘရိုက်တန် အသင်းရဲ့ တိုက်စစ်နေရာအစုံမှာ ကစားနိုင်တဲ့ ဂျာအို ပက်ဒရိုကိုပါ ခေါ်ယူနိုင်ခဲ့တယ် ။၂ ရက်အတွင်း ကစားသမား အသစ် ၂ ဦးကို ခေါ်ယူနိုင်ခဲ့တာက သိပ်ကိုကောင်းမွန်ပြီး လျင်မြန်တဲ့ အပြောင်းအရွှေ့လို့ပဲပြောရမယ် ။ ဒီလို အသင်းရဲ့ တိုက်စစ်ပိုင်း လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပြီးတဲ့ အချိန် ချယ်ဆီး အသင်းအနေနဲ့ ကစားသမား ရောင်းချတဲ့ ဘက်မှာပါ ဆက်လက် အလုပ်ရှုပ်အုံးမှာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းအနေနဲ့ သူတို့အသင်း ရဲ့ အဓိက အားနည်းချက်တွေဖြစ်တဲ့ ဗဟို ခံစစ်မှူး နေရာ နဲ့ ဂိုးသမား နေရာတွေအတွက် ကစားသမား ခေါ်ယူမှုကို ခနရပ်ထားပြီး ကစားသမား ရောင်းချမှုအပိုင်းကို ဦးစားပေးသွားမှာပဲဖြစ်ပါတယ် ။ အခုလက်ရှိ ချယ်ဆီး အသင်းအနေနဲ့ ကစားသမား ရောင်းချဖို့အတွက် ကမ်းလှမ်းချက်တွေကို ဖွင့်ပေးထားတဲ့ ကစားသမားတွေမှ အများကြီးပါ ။
ကမ်းလှမ်းချက် ဖွင့်ပေးထားတဲ့ ကစားသမားတွေကို ခေါ်ယူချင်နေတဲ့ အသင်းတွေကလည်း အဆင့်သင့်ရှိနေပြီးသားပါ ။ ချယ်ဆီး အသင်းအနေနဲ့ မနှစ်ကဘောလုံးရာသီမှာ အသင်းကနေ အငှားထွက်ကစားခဲ့ကြတဲ့ ဗီဂါ ၊ ဂျာအို ဖီးလစ် ၊ ဒီဆာဆီ စတဲ့ ကစားသမားတွေကို ပထမဆုံး အနေနဲ့ ရောင်းချသွားမှာဖြစ်ပြီး ဂိုးသမား ပက်ထရို ဗစ် ကိုလည်း ရောင်းချသွားမှာပဲဖြစ်ပါတယ်။ တစ်ချက်စဥ်းစားရမှာက ဒီကစားသမားတွေကို ဝယ်ယူချင်နေတဲ့ ကလပ် အသင်းတွေရဲ့ တစ်ချို့ကစားသမားတွေကိုလည်း ချယ်ဆီး အသင်းက စိတ်ဝင်စားနေပါတယ်။ ဥပမာပြောရရင် ဂျာအို ဖီးလစ် ကို သူ့ရဲ့ အသင်းဟောင်း ဘင်ဖီကာ အသင်းက ပြန်လည်ခေါ်ယူချင်နေတယ် ။ ဘင်ဖီကာ အသင်းရဲ့ ခံစစ်ကစားသမား အန်တိုနီယို ဆေးဗားကိုလည်း ချယ်ဆီး အသင်းကခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ် ။ ပြီးတော့ ချယ်ဆီး အသင်းပိုင်ရှင်တွေက ကစားသမား လဲလှယ်တဲ့ပုံစံကို သိပ်ပြီးသဘောကျ နှစ်သက်တဲ့ လူတွေဖြစ်တာကြောင့် ကစားသမားရောင်းချနေရင်းနဲ့လည်း ချယ်ဆီး အသင်း ကစားသမား အသစ်တွေကို ခေါ်ယူသွားနိုင်တယ်။
အဲ့ကစားသမားတွေအပြင် ချယ်ဆီးအသင်းအနေနဲ့ အသင်း မှာ အနာဂတ် လုံးဝမရှိတော့တဲ့ အန်ကူကူ ကို မဖြစ်မနေ ရောင်းချသွားမှာ ဖြစ်တဲ့ အပြင် မက်ဒူရီကီ ကိုလည်း ထိုက်သင့်တဲ့ ကမ်းလှမ်းချက်ရရင် ရောင်းချသွားမှာပဲဖြစ်ပါတယ်။ မက်ဒူရီကီ ကို လန်ဒန်ပြိုင်ဘက် အာဆင်နယ် အသင်းကခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ချယ်ဆီးကစားသမားတွေကို အာဆင်နယ် အသင်းက အမြဲလိုလို ခေါ်ယူတက်တာကြောင့် ဒီအပြောင်းအရွှေ့ကလည်း ဖြစ်သွားနိုင်ပါတယ်။ ဟုတ်ကဲ့ပါအခုတင်ဆက်ပေးသွားတာကတော့ လိုအပ်နေတဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမား ဖြည့်တင်းမှုတွေပြုလုပ်သွားပြီးတဲ့ အချိန် တစ်ဖက်မှာလည်း ကစားသမားတွေရောင်းချဖို့အတွက် ဆက်လက် အလုပ်ရှုပ်နေအုံးမယ့် ချယ်ဆီး အသင်းအကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#barcelona
#arsenal
#transferplayers
#stricker
နောက်ဆုံးရသတင်းများ

𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥


တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚