ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းနိုင်ခဲ့တဲ့ ချယ်ဆီး အသင်း

အခုဆိုရင် ဘောလုံးရာသီ တစ်ရာသီ ကုန်ဆုံးသွားခဲ့ပြီပေါ့။ ဒီနှစ်ဘောလုံးရာသီ က ရင်ခုန်စရာ ၊ ဝမ်းနည်းစရာ ၊ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ အရင်နှစ်တွေထက် ပိုမိုပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဘောလုံးရာသီ တစ်ခုလည်းဖြစ်ခဲ့တယ်။ လိဂ်တိုင်းမှာ အသင်းတိုင်းက ဥရောပဝင်ခွင့် နဲ့ အမှတ်ပေးဖလား အတွက် ရေကုန်ရေခမ်း တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒီနှစ် ပရီးမီးယားလိဂ် မှာဆိုရင် နောက်ရာသီမှာ ဘယ်အသင်းတွေက ချန်ပီယံလိဂ် ကန်ရမယ် ၊ ဘယ် အသင်းတွေက ယူရိုပါလိဂ် ကန်ရမယ် ၊ ဘယ်အသင်းတွေက ကွန်းဖရင့်လိဂ် ကန်ရမယ်ဆိုပြီး သေသေချာချာ မသိခဲ့ရပါဘူး ။ အသင်းတိုင်းက အမှတ်ကွာဟ ချက် အလွန်နည်းပါးပြီး တစ်သင်းနဲ့ တစ်သင်းက လုံးဝ အမှားခံလို့မရတာကြောင့် နောက်ဆုံးပွဲစဥ် ၃၈ မကစားခင် အထိ အဖြေမပေါ်ခဲ့ပါဘူး ။ နောက်ဆုံးပွဲစဥ် မို့လို့လားမသိဘူး ပွဲတိုင်း က အကြိတ်အနယ် နဲ့ ဘောလုံးရသ ကို အပြည့်အဝ ခံစားခဲ့ရတယ် ။ ပွဲစဥ် ၃၈ ကစားပြီးချိန်မှာလည်း အသင်းတိုင်းရဲ့ တိုက်ပွဲဝင်ချင်စိတ် ၊ နိုင်လို့စိတ် ၊ လွယ်လွယ်နဲ့ အရှုံးမပေးတက်တဲ့ စိတ်ဓာတ်တွေကို အတိုင်းသားတွေ့ခဲ့ရပြီး အများမမျှော်လင့်ထားတဲ့ ရလဒ်တွေကိုလည်းတွေ့မြင်ခဲ့ရတယ်။
အဲ့ထဲမှာမှ ချယ်ဆီး အသင်းက ရာသီ အစပိုင်းပွဲစဥ် တွေမှာ အရမ်းကောင်းမွန်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ဆုဖလား ကို စိန်ခေါ်နိုင်နေပြီလားလို့ မေးခွန်းတွေထုတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရာသီ အလယ်ပိုင်းလောက် က စပြီး ချယ်ဆီး အသင်းက အခြေအနေ အဘက်ဘက်ကကျဆင်းသွားပြီး ရလဒ်တွေလည်း ဆက်တိုက် ကျဆင်းလာခဲ့ပါတယ်။ ချယ်ဆီး အသင်းက ဒီဇင်ဘာလ နောက်ပိုင်းကစပြီး နိုင်သင့်တဲ့ ပွဲတွေလည်း မနိုင် ၊ အမှတ်မဆုံးရှုံးသင့်တဲ့ ပွဲတွေလည်း အမှတ်ဆုံးရှုံး နဲ့ တော်တော်လေးကို ဆိုးဝါးခဲ့တာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဆုကြီးကို စိန်ခေါ်နိုင်မလားလို့ မျှော်လင့်ခဲ့ရတဲ့ ချယ်ဆီး အသင်းက တဖြည်းဖြည်း နဲ့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပါ အာမခံချက် အပြည့်အဝ မရှိတော့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက သူတို့ထက် အဘက်ဘက်ကနေ နိမ့်ကျတဲ့ အစ်ဆွစ် လို အသင်းမျိုးကို အိမ်ကွင်းမှာရော အဝေးကွင်းမှာရော အနိုင်ရအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။ အဲ့အချက်တွေကြောင့် နောက်ဆုံးပွဲစဥ် အထိ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်း က ရာသီပိတ်ခါနီးလေ ပိုခက်ခဲလေပါပဲ ။ နောက်ဆုံး ၅ ပွဲမှာ ချယ်ဆီး အသင်းက ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ချယ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ အခြားအသင်းရဲ့ လက်ကျန်ပွဲစဥ် တွေက ချောင်နေတာပဲဖြစ်ပါတယ်။ ကံတရားကောင်းတာကြောင့်ပဲလားတော့မသိဘူးနောက်ပိုးင်ပွဲစဥ် တွေမှာ ချယ်ဆီး အသင်းက နိုင်အောင်စွမ်းဆောင်နိုင်သလို အဓိကပြိုင်ဘက်တွေကလည်း အမှတ်တွေကို မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတယ်။
ချယ်ဆီး အသင်းက ခက်ခဲကြမ်းတမ်းတဲ့ တစ်ရာသီလုံးကို ဖြတ်ကျော်ပြီးနောက်မှာတော့ သူတို့ အသင်းအတွက် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတွက် အရမ်းကို အရေးကြီးတဲ့ နောက်ဆုံးပွဲစဥ် အဖြစ် ချယ်ဆီး အသင်းလိုပဲ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ နော်တင်ဟမ် ဖောရက် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဥ်ပြိုင်ရမှာကြောင့် ချယ်ဆီး အသင်းအတွက်ကတော့ မလွယ်ကူခဲ့ပါဘူး။ ချယ်ဆီး အသင်းအတွက်ကတော့ ဒီတစ်ပွဲကို ကျော်ဖြတ်နိုင်တာနဲ့ သူတို့ရဲ့ အဓိကပစ်မှတ် ချန်ပီယံလိဂ် ကို ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ချယ်ဆီး အသင်းက နော်တင်ဟမ် ဖောရက် အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ နဲ့ အကောင်းဆုံးသတိထားပြီး ရင်ဆိုင်နိုင်ခဲ့ပါတယ်။ တကယ့်ကို လိုအပ်တဲ့ အနိုင်သုံးမှတ်ကို ရအောင်ရှာဖွေနိုင်ခဲ့ပါတယ်။ အချိုပေါ် သကာအုပ်သလိုပဲ အခြားပြိုင်ဘက် အသင်းတွေကလည်း အသီးသီး ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့တာကြောင့် ချယ်ဆီး အသင်းက ဒီနှစ်ဘောလုံးရာသီကို အဆင့် ၄ နေရာ နဲ့ ပိတ်သိမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ချယ်ဆီး အသင်းက သူတို့အတွက် ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက် ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#football
#premierleague
နောက်ဆုံးရသတင်းများ



𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥
