နှစ်ရက်အတွင်း တိုက်စစ်နေရာအတွက် ကစားသမား ၂ ဦးကို ခေါ်ယူနိုင်ခဲ့တဲ့ ချယ်ဆီးအသင်း

Ma Nyein
2 ပတ် ခန့်က
Sport Articles
နှစ်ရက်အတွင်း တိုက်စစ်နေရာအတွက် ကစားသမား ၂ ဦးကို ခေါ်ယူနိုင်ခဲ့တဲ့ ချယ်ဆီးအသင်း

ချယ်ဆီး အသင်းက အသင်းကလိုအပ်နေတဲ့ တိုက်စစ်နေရာတွေ အတွက် ၂ ရက်အတွင်းမှာပဲ ကစားသမား ၂ ယောက်ကို ခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းအနေနဲ့ ဂျေမီ ဂစ်တန် ကို ခေါ်ယူနိုင်ခဲ့ပြီး နောက်တစ်ရက် အကြာမှာပဲ ဘရိုက်တန် အသင်းရဲ့ ဘရာဇီး ကစားသမား ဂျာအို ပက်ဒရို ကို အရခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဂျာအိုပက်ဒရို အတွက် ဘရိုက်တန် အသင်းကို ပေါင်သန်း ၅၀ အထိပေးချေသွားမှာ ဖြစ်ပါတယ်။ ဂျာအို ပက်ဒရို အနေနဲ့လည်း ဂျေမီ ဂစ်တန် လိုပဲ အစောပိုင်း အချိန်ကတည်းက ချယ်ဆီးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီးသားဖြစ်ပါတယ်။ ပက်ဒရို က တိုက်စစ်ပိုင်းမှာ နောက်ချန် ၊ တောင်ပံ ၊ အထောင် စတဲ့ နေရာတွေမှာ စွယ်စုံကစားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် တိုက်စစ်အတွက် လိုအပ်တဲ့နေရာတွေမှာ Cover ပေးနိုင်တဲ့ ပက်ဒရို ကို ချဲလ်ဆီး အသင်းဘက်က အလိုရှိနေတာဖြစ်ပါတယ်။


တကယ်တော့ ချဲလ်ဆီး အသင်းဟာ အစောပိုင်းအချိန်တွေက ဒီလို စွယ်စုံရကစားသမားတွေထဲမှာ ဂျာအို ပက်ဒရို အပြင် မိုဟာမက်ကူဒက်စ် ၊ ဇာဗီဆိုင်မွန် တို့ကိုပါပစ်မှတ်ထာခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဂျာအို ပက်ဒရို ဘက်ကိုဦးစားပေး လိုက်လာခဲ့တာဖြစ်ပါတယ်။အစပိုင်းတုန်းက ချယ်ဆီးအသင်းက အသင်းမှာ ရှိပြီးသား ကစားသမားဖြစ်တဲ့ အန်ကူကူ ရဲ့ နေရာမှာ ဂျာအိုပက်ဒရို ကို အစာထိုးဖို့အတွက် ကြံရွယ်ထားတာဖြစ်ပြီး အန်ကူကူ ကို ရောင်းချပြီးမှသာ ဂျာအို ပက်ဒရိုကို ခေါ်ယူမယ်လို့ ထင်ထားခဲ့ပေမယ့် ဒီကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တိုက်စစ်ကစားသမား ၂ ဦးလောက် လိုအပ်တာကို သိတာကြောင့် ချယ်ဆီး အသင်းက လျင်လျင်မြန်မြန်ပဲ ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ဂျာအို ပက်ဒရို အနေနဲ့ ၂၀၃၂ အထိ သက်တမ်းရှိတဲ့ စာချုပ် ကို ချုပ်ဆိုသွားမှာဖြစ်ပြီး စာချုပ်သက်တမ်း က ဂျေမီ ဂစ်တန်လိုပဲ ၇ နှစ်ဖြစ်ပါတယ်။ ချယ်ဆီး အသင်းအနေနဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ဒုတိယ အကြိမ် လူစာရင်းထဲမှာ ဂျာအို ပက်ဒရို ကို ထည့်သွင်းချင်တာကြောင့် ကမ္ဘာ့ကလပ် ဖလားပြိုင်ပွဲအမှီ အသင်းဘက်က ကစားသမားကို ဆေးစစ်သွားမှာပဲဖြစ်ပါတယ်။ ဆေးစစ်ပြီးတာ နဲ့ ဂျာအိုပက်ဒရို အနေနဲ့ အမေရိက ခရီးစဥ်ကို လိုက်ပါခွင့်ရမှာ ဖြစ်ပါတယ်။ ဂျာအို ပက်ဒရို က ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းက ဘားမှပြောစရာမရှိပါဘူး ။


ဒါပေမယ့် စည်းကမ်းလိုက်နာမှု အပိုင်းမှာဆိုရင်တော့ မေးခွန်းထုတ်ရမယ့် ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘရိုက်တန် အသင်းမှာ ရှိခဲ့တဲ့ အချိန်တုန်းကဆိုရင် ဂျာအို ပက်ဒရို ရဲ့ စည်းကမ်းပိုင်း အားနည်းချက်ကြောင့် အချိန်အတော်ကြာ အသင်းမှာ ချောင်ထိုးခံခဲ့ရပါတယ်။ ချယ်ဆီး အသင်းအနေနဲ့ ဘရိုက်တန် အသင်းက ခေါ်ယူတဲ့ အထဲမှာ ဂရေဟမ်ပေါ်တာ ၊ ရော်ဘတ်ဆန်းချက် တို့လို အသင်းအတွက် အကျိုးမဖြစ်ထွန်းတဲ့ ကစားသမားတွေရှိခဲ့သလို တစ်ဖက်မှာလဲ မာခ့်ကူကူရယ်လာ ၊ မွိုက်ကိုင်စီဒို တို့လို အသင်းကို ထမ်းတင်တင်ပေးနေတဲ့ ကစားသမားတွေလည်းရှိပါတယ်။ ဂျာအို ပက်ဒရို အနေနဲ့ရော မာခ့်ကူကူရယ်လာ ၊ မွိုက်ကိုင်စီဒို တို့လို အသင်းကို အမှန်တကယ် အကျိုးပြုတဲ့ ကစားသမားတစ်ဦးဖြစ်လာမလား ဒါမှမဟုတ် ဂရေဟမ်ပေါ်တာ ၊ ရော်ဘတ်ဆန်းချက် တို့လို အသင်းကို ဒုက္ခပေးသွားမလားဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ဂျာအို ပက်ဒရို အနေနဲ့ အရှေ့က ဘယ်နောင်တော်ကြီးတွေရဲ့ လမ်းစဥ်ကိုလိုက်မယ်ထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#chelsea

#joaopedro

#jamiegittens

#strikers

#worldclub

#premierleague

Leave a reply