အမှန်တကယ် လိုအပ်နေတဲ့ ဘယ်တောင်ပံနေရာအတွက် ဂျေမီ ဂစ်တန် ကို အရခေါ်ယူခဲ့တဲ့ ချယ်ဆီး

ချယ်ဆီး အသင်း က ဒီအပြောင်းအရွှေ့ဈေးကွတ်မှာ ဘယ်တောင်ပံနေရာအတွက် ကစားသမား အသစ်တွေကို တော်တော်လေး လိုက်လံရှာဖွေခဲ့ပါတယ်။အမှန်တကယ်လည်း ဘယ်တောင်ပံ နေရာအတွက် ကစားသမား အသစ်တစ်ယောက် နှစ်ယောက်လောက် လိုကိုလိုအပ်ပါတယ် ။ မနှစ်က ရာသီ အငှားလာရောက်ကစားခဲ့တဲ့ ဆန်ချို ကို အပြီးသတ် မဝယ်ယူပဲ လျော်ကြေးအနေနဲ့ ၅ သန်းပေးချေပြီး မန်ချက်စတာယူနိုက်တက် အသင်းထံ ပြန်ပို့လိုက်တဲ့ အပြင် မူဒရစ် အနေနဲ့လည်း တားမြစ်ဆေး ကိစ္စ နဲ့ အချိန်တစ်ခု အကြာ ကစားခွင့်ပိတ်ခံနိုင်ရတာကြောင့် ဘယ်တောင်ပံ ကစားသမား စစ်စစ် ဆိုလို့ လူငယ်ကစားသမားလေး ဂျော့ တစ်ယောက်လောက်ပဲရှိပါတယ်။ ဒီလိုလူငယ်ကစားသမား တစ်ယောက်ထဲနဲ့ ခက်ခဲပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေနဲ့ ဥရောပ အကောင်းဆုံး အသင်းတွေပဲ ယှဥ်ပြိုင်မယ့် ချန်ပီယံလိဂ် လို ပြိုင်ပွဲမျိုးကို ဖြတ်သန်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ။ ဒါကြောင့်ပဲ ချယ်ဆီး အသင်းအနေနဲ့ သူတို့လိုအပ်နေတဲ့ ဘယ်တောင်ပံ နေရာအတွက် ဒေါ့မွန်တောင်ပံကစားသမား ဂျင်မီဂစ်တန် ကို ကလပ်ကမ္ဘာ့ဖလားမတိုင်ခင်ထဲက အရခေါ်ယူနိုင်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ် ။ ဒါပေမယ့် ကစားသမားနဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမူ ရရှိခဲ့ပေမယ့် ဒေါ့မွန် အသင်းနဲ့ ပြောင်းရွှေ့ကြေး ကိစ္စဆွေးနွေးတဲ့ နေရာမှာ သဘောတူညီမှု မရရှိခဲ့တာကြောင့် ဒီအပြောင်းအရွှေ့က ကလပ်ကမ္ဘာ့ဖလား မတိုင်ခင် ဖြစ်မလာခဲ့ပါဘူး ။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အတွင်းမှာ ဘယ်တောင်ပံ ကစားသမား စစ်စစ် တစ်ယောက်မပါဝင်လာခဲ့တာကြောင့် မဒူကီ ၊ ပါးမား စတဲ့ ကစားသမားတွေကို အဆင်ပြေသလို အသုံးပြုနေရတာကြောင့် ဒီကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာပဲ သူတို့လိုချင်နေတဲ့ ဂျေမီ ဂစ်တန်ကို အရခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဂစ်တန် အနေနဲ့ ဆေးစစ်ဖို့နဲ့ တရားဝင်ကြေညာဖို့သာ ကျန်တော့ပါတယ်။ဒီအပြောင်းအရွှေ့အတွက် ချဲလ်ဆီးဘက်က သိပ်မနည်းတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် ပေးချေခဲ့ရပါတယ်။ ပေါင် ၅၅.၅ သန်းဖြစ်ပြီး ယူရိုနဲ့ဆို ၆၅ သန်းကျော်လောက် သွားကျမှာဖြစ်ပါတယ်။ ဒီဘက်ခေတ်ဈေးကွက်မှာတော့ ဒါက ဖြစ်နေကျဈေးလို့တောင် ပြောလို့ရပါတယ်။ ချဲလ်ဆီးရဲ့ ထုံးစံအတိုင်း စာချုပ်သက်တမ်းမှာ ၇ နှစ်စာဖြစ်ပြီး ၂၀၃၂ ထိ သက်တမ်းရှိတဲ့ စာချုပ်ကိုချုပ်ဆိုသွားမှာပဲဖြစ်ပါတယ်။ ဂစ်တန် က အသက် ၈ နှစ်လောက်က ချဲလ်ဆီးအသင်း အကယ်ဒမီအတွက် ခြေစွမ်းစမ်းသပ်ခဲ့ဖူးပေမယ့် အရွေးချယ်မခံခဲ့ရပါဘူး ။ အဲ့တာကြောင့် ဂစ်တန်က သူ့ရဲ့ အကယ်ဒမီကစားသမားဘဝကို ရီဒင်းအသင်းနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ရီဒင်းအသင်းမှာ ၇ နှစ်နီးပါး ဖြတ်သန်းပြီး ၂၀၁၈ မှ မန်စီးတီး အကယ်ဒမီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ မှာတော့ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။
ဂစ်တန် အနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ ဒေါ့မွန် အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၄၉ ပွဲကစားပြီး ၁၂ ဂိုးအထိသွင်းယူကာ ၄ ကြိမ်အထိ ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအချက်က တောင်ပံ ကစားသမား တစ်ယောက်အတွက်ဆိုရင် အရမ်းကြီးဆိုးတဲ့ အချက်အလက်တွေတော့ မဟုတ်ပါဘူး ။ ဘာပဲဖြစ်ဖြစ်ပါ ချယ်ဆီး အသင်းအနေနဲ့တော့ သူတို့အတွက် အမှန်တကယ် လိုအပ်နေတဲ့ ဘယ်တောင်ပံနေရာအတွက် ဂျေမီ ဂစ်တန် ကို အရခေါ်ယူခဲ့တယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#leftwinger
#jamiegittens
#dortmund
#leftwinger
#premierleague
နောက်ဆုံးရသတင်းများ

𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥


တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚