ဒီလပ်တစ်ယောက်ချယ်ဆီး အသင်းရဲ့ ကျောနံပတ် ၉ ကျိန်စာကို ချေဖျက်နိုင်မလား

ဒီလပ် ဆိုတဲ့ ကစားသမားကတော့ အရည်အချင်း ပိုင်း ပြည့်ဝပြီး အလားအလာကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒီလပ် က ဒီရာသီ တန်းဆင်းသွားတဲ့ အစ်ဆွစ် အသင်းအတွက် ၁၂ ဂိုးအထိ သွင်းယူပေးထားပြီး အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက်ပါ ။ တန်းဆင်းအသင်း တစ်သင်းဖြစ်တဲ့ အစ်ဆွစ် လို အသင်းမျိုးမှာ ဒီလပ်ပြသခဲ့တဲ့ ခြေစွမ်းက အင်မတန်ထူးခြားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူ့ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ အရည်အသွေးတွေကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းကြီး တော်တော်များများ ကခေါ်ယူဖို့စိတ်ဝင်စားခဲ့တာပဲဖြစ်ပါတယ်။ အစ်ဆွစ် အသင်းက ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရတာကြောင့် ဒီလပ် လို အရည်အသွေးပိုင်း ပြည့်ဝပြီး အလားအလာကောင်းတဲ့ ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ခက်ခဲခဲ့ပါတယ်။ ဒီလို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ခက်ခဲတဲ့ ကြားကနေ ဒီလပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကပေါင် သန်း ၃၀ သာရှိတာကြောင့် ထိပ်တန်းကလပ်တွေကို ဆွဲဆောင်မှုရှိစေခဲ့ပါတယ်။
သင့်တင့်တဲ့ ဈေးတန်းတစ်ခုကြောင့် ဒီလပ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတော်တော်များများက ခေါ်ယူချင်ခဲ့ကြတာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ဒီလပ် က သူ့ရဲ့ ဆရာဟောင်း အန်ဇိုမာရက်စကာ ကိုင်တွယ်နေတဲ့ ချယ်ဆီး အသင်းကို ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်း ကလည်း တိုက်စစ်ကို ကောင်းကောင်းဦးဆောင်နိုင်ပြီး တစ်ရာသီကို ဂိုး ၂၀ ၊ ၃၀ လောက်ကို ဒိုင်ခံသွင်းပေးမယ့် တိုက်စစ်မှူးမျိုးကို လိုအပ်နေတာပဲဖြစ်ပါတယ်။ချယ်ဆီး အသင်းက နောက်ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်တာကြောင့် တိုက်စစ်မှူးဖြစ်တဲ့ နီကိုလပ် ဂျက်ဆင် တစ်ယောက်ထဲနဲ့ အဆင်မပြေဖူးဆိုတာကို ကောင်းကောင်းကြီးနားလည်ပါတယ်။ ဒါကြောင့်ပဲ ပြသနေတဲ့ ခြေစွမ်းနဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ဒီလပ် လို ကစားသမားကို ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဒီလပ် က ချယ်ဆီး အသင်းမှာ ကျောနံပတ် ၉ ဝတ်ဆင်သွားမှာပဲဖြစ်ပါတယ်။ ဒီအချက်ကြောင့် ချယ်ဆီး အသင်းရဲ့ ပရိတ်သတ်တွေ က ဒီလပ် တစ်ယောက် ချယ်ဆီး အသင်းရဲ့ ကျောနံပတ် ၉ ကျိန်စာကို ချေဖျက်ပေးသွားနိုင်မလားလို့ စိတ်ဝင်စားနေခဲ့ကြတာပဲဖြစ်ပါတယ်။ ကျောနံပတ် ၉ ကျိန်စာ ၊ တိုက်စစ်မှူး ကျိန်စာတွေ အကြောင်းပြောရင် ချယ်ဆီး အသင်းကို ချန်ထားခဲ့လို့မရပါဘူး ။ ချယ်ဆီး အသင်းက တိုက်စစ်မှူးနေရာအတွက် အလားအလာရှိတဲ့ အကယ်ဒမီ ကစားသမားတွေ ၊ အတွေ့အကြုံ ရင့်ကျက်နေပြီး ဥရောပပြိုင်ပွဲ ကြီးတွေမှာပါ အတွေ့အကြုံရှိတဲ့ ဝါရင့်ကစားသမားတွေ ၊ အသင်းမှာ ချက်ချင်းအသုံးပြုလို့ရမယ့် အရည်အသွေးမြင့်ကစားသမားတွေကို ပြောင်းရွှေ့ကြေး အမြောက်အများသုံးပြီး ခေါ်ယူခဲ့ပေမယ့် အလုပ်ဖြစ်ခဲ့တဲ့ ကစားသမားဆိုလို့ လက်ချိုးရေလို့ရပါတယ် ။
ချယ်ဆီး အသင်းက ကွင်းလယ် အဖျက် ကစားသမားတွေနဲ့ ပတ်သတ်ရင် အမြဲလိုလို ကံကောင်းတက်တဲ့ အသင်းတစ်သင်းလို့ပြောလို့ရပေမယ့် တိုက်စစ်မှူး အပိုင်းနဲ့ပတ်သတ်ရင်တော့ အမြဲလိုလို တိုင်ပတ်တက်တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ကျောနံပတ် ၉ ကျိန်စာဆိုးကြီးကလည်း ရှိပါသေးတယ်။ တောရက်စ် ၊ ဖယ်ကာအို ၊ မိုရာတာ ၊ ဟီဂူရင် ၊ အီဗရာဟမ် ၊ လူကာကူ စတဲ့ ကစားသမားတွေက ချယ်ဆီး အသင်းမှာ ကျောနံပတ် ၉ ဝတ်ဆင်ခဲ့ပြီး ကျိန်စာမိသွားသလားအောင့်မေ့ရအောင် ခြေစွမ်းပိုင်းကျဆင်းသွားခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီတစ်ချိန်မှာ ဒီလပ် အနေနဲ့ အရှေ့က ကစားသမားတွေ ကျရှုံးခဲ့သလို ကျိန်စာပဲမိသွားမလား ။ ဒါမှမဟုတ် သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ချယ်ဆီး အသင်းရဲ့ ကျောနံပတ် ၉ ကျိန်စာကို ချေဖျက်သွားနိုင်မလား။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေ ရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#liamdelap
#ipswichtown
#striker
#enzomaresca
နောက်ဆုံးရသတင်းများ

𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥


တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚