ကစားသမား ၁၀ ယောက်လောက်ကို ရောင်းချသွားမယ့် ချယ်ဆီး အသင်း

Admin
1 လ ခန့်က
Sport Articles
ကစားသမား ၁၀ ယောက်လောက်ကို ရောင်းချသွားမယ့် ချယ်ဆီး အသင်း

ဒီနှစ် ဘောလုံးရာသီ ကုန်ဆုံးပြီးတဲ့ အချိန် နဲ့ Club World Cup ပြိုင်ပွဲမစတင် အချိန် အတွင်းမှာ ဥရောပ အသင်းကြီးတော်တော်များများက ကစားသမား အပြောင်းအရွှေ့ တွေကို ခက်မြန်မြန် လေးလှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်း ဆိုလဲ သူတို့ အသင်း အားနည်းနေတဲ့ အဓိက နေရာတွေ အတွက် အပြောင်းအရွှေ့ကာလ မတိုင်ခင် ထဲက ခပ်မြန်မြန်လေးလှုပ်ရှာပြီး အသင်းကို ထပ်မံအားဖြည့်ထားတာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ လီပါပူး အသင်းဆိုလည်း အင်အားတောင့်တင်းပြီးသား သူတို့လူစာရင်းကို လက်ရှိကောင်းနေပါတယ်ဆိုတဲ့ လူငယ်ကစားသမားတွေကို ထပ်မံ ဝယ်ယူအားဖြည့်ခဲ့တာပဲဖြစ်ပါတယ် ။ အမြဲလိုလို အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား တော်တော်များများ ကို ခေါ်ယူလိုက် ၊ ရောင်းချလိုက်နဲ့ အမြဲလိုလို အလုပ်ရှုပ်တက်တဲ့ အသင်း က တော့ ချယ်ဆီး အသင်းပါပဲ ။

နောက်နှစ်ဘောလုံးရာသီမှာလည်း ချယ်ဆီး အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ကစားခွင့်ရရှိခဲ့တာကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ တော်တော်လေးကို စောင့်ကြည့်နေရတဲ့ အသင်းဖြစ်နေပါတယ်။ သင့်တင့်တဲ့ ခေါ်ယူမှု ၊ သဘောတူညီမှုတွေကို လည်း ချယ်ဆီး အသင်း လုပ်ဆောင်ပြီးနေပါပြီ ။ ဒီလို ကစားသမား အသစ်ခေါ်ယူဖို့ ခပ်မြန်မြန် လှုပ်ရှားနေတဲ့ အပြင် တဖက်မှာ ချယ်ဆီး အသင်းက အသင်းမှာ ရှိပြီးသား ကစားသမား ၁၀ ယောက် ကျော်ကျော်လောက် ကို ရောင်းချသွားမှာပဲဖြစ်ပါတယ်။ Guardian Sport ရဲ့ ဖော်ပြချက်မှာ ချယ်ဆီး အသင်း အနေနဲ့ ဒီအပြောင်းအရွှေ့ဈေးကွက်မှာ ဂိုးသမား နှစ်ယောက်ဖြစ်တဲ့ ပက်ထရိုဗစ် နဲ့ ဆန်းချက် နှစ်ယောက်လုံးကို ရောင်းချသွားမှာပဲဖြစ်ပါတယ်။ အစပိုင်းတုန်းက လက်စွမ်းပြနေတဲ့ ပက်ထရိုဗစ်ကို အသင်းမှာ နေရာပြန်ပေးမလိုလို နဲ့ အခုချိန်မှာတော့ ဂိုးသမား နှစ်ယောက်လုံးကိုရောင်းချပြပြီး ဂိုးသမား အသစ် တစ်ယောက်ရှာဖွေသွားမှာပဲဖြစ်ပါတယ်။ ခံစစ် ကစားသမားတွေဖြစ်ကြတဲ့ ဗီဂါ ၊ ချီဝဲလ် နဲ့ ဒီဆာစီ တို့ကို လည်း ရောင်းချသွားမှာဖြစ်ပါတယ်။ ဗီဂါ က အသင်းကို ရောက်ရှိလာကတည်းက သူ့စိတ်ကြိုက် နေရာမှာ မကစားရပဲ အခြားနေရာတွေ ပတ်ပြီး ကစားခဲ့ရသလို ၊ ချီဝဲလ် ကလည်းချယ်ဆီး အသင်း စွန့်ပစ်ထားတဲ့ ကစားသမား တစ်ယောက်လိုပါပဲ ။ ဒီဆာစီ က လည်း ချယ်ဆီး အသင်း အားကိုရတဲ့ တဲ့ ကစားသမားတစ်ယောက်တော့မဟုတ်ပါဘူး။နောက်တစ်ယောက်ကတော့ ဖိုဖာနာပါ ချယ်ဆီး အသင်းမှာ လစာများတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး ခနခန ဒဏ်ရာပြဿနာ ကြုံတွေ့နေရပြီး ကစားတဲ့ ပွဲအရေအတွက် တော်တော်လေးကို နည်းပါးတဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အန်ဇို မာရက်စကာ ရဲ့ တပည့်ဟောင်းဖြစ်ပြီး အန်ဇို မာရက်စကာ နဲ့ ချယ်ဆီး အသင်းကိုရှေ့ဆင့်နောက်ဆင့်ရောက်ရှိလာတဲ့ ဒူဘရီဟော ကလည်း ဒီစာရင်းမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။


ချူဝေမီကာ ၊ အူကိုချူကို တို့လို ကစားသမားတွေကလည်း အသင်းပိုင်ရှင် အသစ် တော့ဘိုလေတို့လက်ထပ် လူငယ်ကစားသမားတွေ အတင်းဇွက်လိုက်ဝယ်ယူနေတုန်း ပါလာတဲ့ ကစားသမားတွေဖြစ်ပြီး သူတို့ ကစားပုံကို ပရိတ်သတ်တွေ သေသေချာချာတောင် မှတ်မိမှာ မဟုတ်ပါဘူး။ ပြီးတော့ ချယ်ဆီး အသင်း က လန်ဒန်ပြိုင်ဘက် အာဆင်နယ် အသင်းကို အငှားချထားတဲ့ စတာလင်ကို လည်းရောင်းချသွားမှာဖြစ်ပြီး တိုက်စစ်နေရာ အတွက် အားကိုးတကြီးခေါ်ထားပေမယ့် အဆင်မပြေဖြစ်နေတဲ့ အန်ကွန်ကူ ကလည်း တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ပြီးတော့ အဆိုးဝါးဆုံးခေါ်ယူမှုတစ်ခုဖြစ်တဲ့ ဂျာအို ဖီးလစ် ကလည်း ဒီစာရင်းမှာပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ပြီးတော့ ချယ်ဆီး အသင်းက သူတို့ရဲ့ အင်္ဂလန် တောင်ပံကစားသမား မဒူရကီ ရဲ့ ခြေစွမ်းပိုင်ကိုလည်း သံသယ ဖြစ်နေပြီး အနာဂတ်မှာ တိုးတက်မှု မရှိနိုင်ဘူးလို့ ချယ်ဆီး အသင်း တာဝန်ရှိသူတွေကဆုံးဖြတ်ခဲ့ပြီး သူ့ကိုလည်း ရောင်းချသွားမှာပဲဖြစ်ပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ အပြောင်းအရွှေ့ကာလမှာ ကစားသမား အသစ်တွေ ခေါ်ယူဖို့ အလုပ်ရှုပ်နေတဲ့ အပြင် အသင်းမှာရှိပြီး ကစားသမား ၁၀ ယောက်ကျော် အထိကို ရောင်းချဖို့ စီစဥ်ထားတဲ့ ချယ်ဆီး အသင်းအကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#chelsea

#premierleague

#petrovic

#alexissanchez

#benchilwell

#fofana

Leave a reply