ရီနာတို ဗီကာ လိုကစားသမားမျိုးကို ချယ်ဆီး အသင်း ရောင်းချသင့်ရဲ့လား

ဒီနှစ်ဘောလုံးရာသီ မစခင် မှာ ချယ်ဆီး အသင်းကို ကစားသမား အသစ်တွေတော်တော်များများ ရောက်ရှိလာခဲ့ကြတယ်။ ရောက်ရှိလာခဲ့ကြတဲ့ ကစားသမားတွေထဲမှာ ကစားသမား တော်တော်များများက ကွန်းဖရင့်လိဂ်ပြိုင်ပွဲကိုသာ ဦးစားပေးကစားခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ကောင်းကောင်းကစားရတာဆိုလို့ ဆန်ချို နဲ့ တိုဆင် ပဲရှိပါတယ်။ အခြားကျန်တဲ့ ကစားသမားတော်တော်များများက သူတို့ရဲ့ ခြေစွမ်းတွေကို ကွန်းဖရင့်လိဂ် ပြိုင်ပွဲမှာသာ ပြသခွင့်ရရှိခဲ့ကြတယ်။ အသင်းကို ရောက်ရှိလာတဲ့ ကစားသမားတွေထဲမှာ ကွန်းဖရင့်လိဂ် ပြိုင်ပွဲတွေ ကစားရင်း ပွဲတိုင်းလိုလို ခြေစွမ်းပြသနိုင်တဲ့ ကစားသမား နှစ်ဦးရှိပါတယ်။ အဲ့ကစားသမားတွေကတော့ ချယ်ဆီး အသင်းနည်းပြ အန်ဇိုမာရက်စကာ ရဲ့ တပည့်အရင်းဖြစ်တဲ့ ဒူဘရီဟော နဲ့ ရီနာတို ဗီကာ ပဲဖြစ်ပါတယ်။ အဲ့ထဲမှာမှ ရီနာတို ဗီကာ ပေါ့ ။ သူက အရည်အသွေးပိုင်း အပြစ်ပြောစရာမရှိပဲ အလားအလာကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဗဟို ခံစစ်နေရာက ရီနာတို ဗီကာ ရဲ့ စိတ်ကြိုက်နေရာဖြစ်ပေမယ့် ချယ်ဆီး အသင်းမှာတော့ လိုအပ်တဲ့ ဘယ်ခြမ်းခံစစ် နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာသာ ကစားခွင့်ရရှိခဲ့တယ်။
သူ့ရဲ့ အားသန်တဲ့ နေရာတွေမဟုတ်တာတောင် အကောင်းဆုံးဆိုတဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တယ်။ ဒီလို အသင်းက အားကိုးနေရတဲ့ ကစားသမားကို ချယ်ဆီး အသင်းက ဇန်နဝါရီ အပြောင်းအရွှေ့မှ အီတလီ အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တက် ကို အငှားချခဲ့တယ်။ ရီနာတို ဗီကာ လို အလာအလားကောင်းပြီး အရည်အသွေးပြည့်ဝ တဲ့ ကစားသမား တစ်ယောက်ဖြစ်တာကြောင့် အီတလီ စီးရီးအေမှာလည်း အကောင်းဆုံးပုံစံတွေကို ဆက်လက်ပြသနိုင်ခဲ့တယ်။ ရီနာတို ဗီကာ ရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်တဲ့ ဂျူဗင်ဒက်အသင်းကလည်း အပြီးသတ်ခေါ်ယူချင်နေတဲ့ အပြင် အခြား အသင်းတော်တော်များများကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားခံခဲ့ရတဲ့ ကစားသမား တစ်ယောက်ပဲဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းမှာလည်း ခြေစွမ်းပြသခွင့်ရတဲ့ အချိန်တိုင်းမှာ အကောင်းဆုံးပုံစံတွေကို ပြသနေတာပဲဖြစ်ပါတယ်။ မာမာထန်ထန် နဲ့ အသင်းရဲ့ ခံစစ်ကို ကာကွယ်ပုံတွေက အရမ်းကောင်းမွန်ပြီး အသင်းရဲ့ ခံစစ်ကို အကောင်းဆုံးဦးဆောင်နိုင်မယ့် အလားအလာတွေကို တွေ့မြင်ခဲ့ရတယ်။ ဒါပေမယ့် ချယ်ဆီး အသင်းက ရီနာတို ဗီကာ ကို ရောင်းချမယ့် ကစားသမား စာရင်းထဲမှာ ထည့်ထားခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက ရီနာတို ဗီကာ ကို အလားအလားကောင်းတဲ့ ကစားသမားဖြစ်တာကြောင့် ဝယ်ယူခဲ့တယ် ။ ပွဲထွက်ခွင့်ရဖို့အတွက် အငှားချတယ်။ အဲ့အထိ လက်ခံလို့ရပေမယ့် အသင်းကနေ ထုပ်ရောင်းမယ့် ကစားသမား စာရင်းထဲမှာ ပါဝင်နေတာကြီးကတော့ မမိုက်ပါဘူး ။
ခံစစ် နေရာစုံ တော်တော်များများ မှာ ကစားနိုင်တဲ့အပြင် အသင်းအတွက် အနစ်နာခံစိတ် နဲ့ ပေးဆပ်ချင်စိတ် အပြည့်အဝ ရှိတဲ့ ကစားသမား ၊ အရည်အချင်းပြည့်ဝပြီး အလားအလာကောင်းတဲ့ ကစားသမား တစ်ယောက် အဲ့လိုကစားသမားမျိုးကို အခွင့်အရေးမပေးပဲ အသင်းကနေထုပ်ရောင်းမယ်ဆိုတာ မှားတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကော့မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#renatoveiga
#midfielder
#premierleague
#transferplayer
နောက်ဆုံးရသတင်းများ

𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥


တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚