ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အားနည်းချက် ၊ အားသာချက်

Ma Nyein
1 ပတ် ခန့်က
Sport Articles
 ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့  အားနည်းချက် ၊ အားသာချက်

ဒီနှစ် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲက ပုံစံ အသစ် ၊ အသွင်အသစ် တစ်မျိုးနဲ့ ကျင်းပခဲ့တာဖြစ်ပြီး ပွဲကြီးပွဲကောင်းတွေလည်း တော်တော်လေးကို များခဲ့တယ် ။ မထင်မှတ်ထားတဲ့ အသင်းတွေက ကွာတားဖိုင်နယ် ၊ ဆီမီးဖိုင်နယ် အဆင့်တွေကို ရောက်ရှိခဲ့ကြပြီး ဥရောပ အသင်းကြီးတော်တော်များများကတော့ မထင်မှတ်ပဲ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရတာတွေလည်းရှိတယ် ။ ဒီကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝေဖန်ကြတဲ့ လူတွေလဲတော်တော်လေးကို များတယ် ။ မန်စီးတီး အသင်းရဲ့ နည်းပြကြီး ဂွာဒီယိုလာဆိုရင် ဒီ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ရဲ့ ဆိုးကျိုးတွေကို ဒီဇင်ဘာ ၊ ဇန်နဝါရီ လောက်ကြရင် ခံစားရနိုင်တယ်ဆိုပြီး ပြောကြားခဲ့ဖူးတယ် ။ ဟုတ်ပါတယ် ဒီကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲက တစ်ဖက်မှာ ဆိုးကျိူးတွေ ရှိသလို တစ်ဖက်မှာလည်း အသင်းတွေအတွက် အများကြီး အထောက်အကူပြုစေမယ့် အားသာချက်တွေလည်း အများကြီး ရှိတယ် ။ ဒီကလပ်ကမ္ဘာ့ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့ အချိန် နဲ့ နောက်နှစ်ဘောလုံးရာသီ ပြန်စဖို့အတွက် က ၁ လကျော်ကျော်က ကွာဟတာကြောင့် ဆီးမီးဖိုင်နယ် ၊ ဖိုင်နယ် လောက်ထိ တက်လှမ်းနိုင်ခဲ့တဲ့ အသင်းတွေက ကစားသမားတွေရဲ့ ကိုယ်ပိုင်အနားယူချိန်တွေကို နည်းပါးသွားစေတယ် ။


ပြီးတော့ အမေရိကန် ရဲ့ ရာသီဥတု အပူရှိန်ကြောင့် ဥရောပ ကစားသမားတော်တော်များများ ရုန်းကန်ခဲ့ရတယ် ။ ဒီဒဏ်တွေကြောင့် ဥရောပ ကစားသမားတော်တော်များများ ပွဲပန်းတဲ့ ပြဿနာကို ရင်ဆိုင်သွားရဖို့ ရှိတယ် ။ ဒီလိုတွေကြီးပဲ ပြောလို့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ က အားနည်းချက်တွေကြီးနဲ့ပဲ ပြည့်နေတဲ့ ပြိုင်ပွဲတစ်ခုမဟုတ်ဘူး ။ အားသာချက်တွေလည်း အများကြီး ရှိတယ် ။ ဒီအချိန်ကာလတွေက ပုံမှန်ဆိုရင် ခြေစစ်ပွဲတွေကစားနေရမယ့် အချိန် ဒါပေမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ဥရောပ အသင်းတော်တော်များများ က သူတို့ရဲ့ အသင်းကို အများကြီး စမ်းသပ်နိုင်တယ် ။ ရှင်းရှင်းပြောရရင် ရိုးရိုးခြေစစ်ပွဲတွေထက် ပိုပြီးတော့ ကိုယ်အသင်းကို စမ်းသပ်လို့ရတယ် ။ ပြီးတော့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲက တစ်ဆင့်တက်သွားတိုင်း တက်သွားတိုင် ဆုကြေးတွေ ပိုပိုပြီး ရရှိတာကြောင့် တဖက်က ကစားသမား အသစ် ခေါ်ယူတဲ့ ဘက်ကို အများကြီး အကျိုးသက်ရောက်မှုရှိတယ်။


ကလပ်ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ဆုကြေးအဖြစ် ပေါင်သန်း ၁၀၀ နီးနီး လောက်ရရှိမှာဖြစ်ပြီး ဆီမီးဖိုင်နယ် ၊ ကွာတားဖိုင်နယ် အဆင့်ဆင့်တိုင်းမှာလည်း ဆုကြေးတစ်ခု သက်မှတ်ထားတာကြောင့် ဒီပြိုင်ပွဲက ရရှိတဲ့ ဆုကြေးငွေ နဲ့ အသင်းကို ကစားသမား ရင်းနှီးမြှပ်နှံမှု တွေ ၊ အသင်းမှာ အသင့်သုံးလို့ရမယ့် အရည်အသွေးမြင့် ကစားသမားတွေ ခေါ်တဲ့ အပိုင်းတွေမှာ အများကြီး အကျိုးသက်ရောက်မှုရှိခဲ့တယ် ။ အဲ့လိုပဲ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ဒီနှစ်မှသာ အသွင်သစ် ၊ ပုံစံ အသစ် နဲ့ ပြောင်းလဲကျင်းပတာကြောင့် အားနည်းချက်တွေလည်းရှိသလို အသင်းအတွက်လည်း အများကြီး အထောက်အကူဖြစ်တယ်လို့ပြောရင်း ‌ဆောင်းပါးလေးကို ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိဝင်ရောက် ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#clubworldcup

#pepguardiola

#coach

#advantages

#disadvantages

Leave a reply