ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရတဲ့ ရန်ကုန်ယူနိုက်တက် နည်းပြ ဦးကျော်ဒွန်း

ရန်ကုန် ယူနိုက်တက် အသင်းက ကစားသမားကောင်းများစွာနဲ့ ဖွဲ့စည်းထားပြီး တစ်ချိန်က အောင်မြင်မှုများစွာကို ရရှိထားတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ မြန်မာနယ်ရှင်နယ်လိဂ် ရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲကတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းက အခုနောက်ပိုင်းကာလတွေမှာ အဓိကပြိုင်ဘက် ရှမ်းယူနိုက်တက် အသင်းရဲ့ နောက်ကောက်ချခြင်းကို ခံနေရတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီတုန်းက ရန်ကုန် ယူနိုက်တက် အသင်းရဲ့ နည်းပြ ရာထူးကို တကျော့ပြန် တာဝန်ယူခဲ့တဲ့ နည်းပြချုပ် ဦးကျော်ဒွန်းက အခုချိန်မှာတော့ ရန်ကုန်ယူနိုက်တက် ပရိတ်သတ်တော်တော်များများ ရဲ့ ဝေဖန်မှုတွေကို ခံနေရတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ရန်ကုန်ယူနိုက်တက် အသင်းကို အောင်မြင်တစ်စုံတစ်ရာ ရရှိအောင် မစွမ်းနိုင်ခဲ့တဲ့ နည်းပြ ဦးကျော်ဒွန်းက အဲ့ချိန်ကတည်းက ရန်ကုန်ယူနိုက်တက် အသင်းပရိတ်သတ်တွေရဲ့ ငြိုငြင်မှုတွေကို ခံခဲ့ရတာပဲဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အရှိန်အဝါ ၊ ပိုင်ဆိုင်ထားတဲ့ ကစားသမား အင်အား နဲ့ ဆုဖလားအောင်မြင်မှု ရရှိအောင်မစွမ်းနိုင်ခဲ့တာကြောင့် ပရိတ်သတ်အချို့က ဒေါသထွက်ခဲ့ ကြတာပဲဖြစ်ပါတယ်။ Apirl လ ၂၉ ရက် နေ့မှာ 2025 MNL Cup ပြိုင်ပွဲမှာ ဦးကျော်ဒွန်း ကိုင်တွယ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းက ဝါရင့် သမ္ဘာရင့် နည်းပြ တစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်ကိုင်တွယ်တဲ့ အသင်းအသစ် တစ်သင်းဖြစ်တဲ့ Yangon Royals အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ် ။ ဆုဖလားအောင်မြင်မှုတွေ ရရှိအောင်စွမ်းဆောင်သွားမယ်လို့ ကြွေးကြော်ထားတဲ့ နည်းပြ ဦးကျော်ဒွန်းရဲ့ ရန်ကုန်ယူနိုက်တက် အသင်းက ၂၀၂၅ mnl cup အဖွင့်ပွဲစဥ်အဖြစ် Yangon Royals အသင်း နဲ့ရင်ဆိုင်ခဲ့ရ ပြီး ဂိုးမရှိ သရေ ရလဒ်သာထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းက ၂၀၂၅ MNl cup အဖွင့်ပွဲစဥ်ကို အနိုင်ရရှိရန် အတွက် အသင်းရဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး ဝါရင့်နည်းပြကြီး ဦးအောင်နိုင်ရဲ့ Yangon Royals အသင်း ကလည်း အသင်းရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။ ပွဲအစပိုင်းမှာတော့ ရန်ကုန်ယူနိုက်တက် အသင်းကစားသမားတွေက ဦးဆောင်ဂိုးရရှိအောင် အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် Yangon Royals အသင်း ရဲ့ ခံစစ်ကစားသမားတွေနဲ့ ဂိုးသမားက အကောင်းဆုံးပုံစံနဲ့ ပြန်လည်ရင်ဆိုင်ခဲ့တာကြောင့် ဂိုးရဖို့ခက်ခဲခဲ့တာပဲဖြစ်ပါတယ်။
အချိန်ကြာလာနဲ့ အမျှ Yangon Royals အသင်း ရဲ့ခံစစ်က ပိုမိုတည်ငြိမ်လာခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေကလည်း တဖြည်းဖြည်းနဲ့ ဖိအားများလာခဲ့ပြီး ခြေစွမ်းပြဖို့တောင် အတော်လေးရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ်။ ပွဲပြီးဆုံးတဲ့ အချိန်မှာတော့ ဂိုးမရှိသရေ ရလဒ်သာထွက်ပေါ်ခဲ့ရတာပဲဖြစ်ပါတယ်။ အသင်းအသစ် တစ်သင်းလည်းဖြစ် လိဂ်တူး အသင်းတစ်သင်းလည်းဖြစ်တဲ့ Yangon Royals အသင်း ကို အနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ပဲ သရေရလဒ်နဲ့ သာပွဲပြီးဆုံးခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက် ပရိတ်သတ်တွေက ရန်ကုန်ယူနိုက်တက် အသင်းရဲ့ နည်းပြချုပ် ဦးကျော်ဒွန်းကို အတော်လေး ဝေဖန်ခဲ့ကြတာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#coach
#ukyawdon
#myanmar
#uaungnaing
#yangonunited
#yangonroyals
#mnlcup
နောက်ဆုံးရသတင်းများ



𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥
