ယူရိုပါလိဂ်ဝင်ခွင့်ကို လက်မလျော့သေးတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း

ဒီနှစ်ဘောလုံးရာသီ က ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရာသီတစ်ခုဖြစ်ခဲ့သလို ဆုဖလားတွေနဲ့ အချိန်တစ်ခုကြာ ဝေးကွာနေတဲ့ အသင်းတွေ နဲ့ ဆုဖလားတစ်ခါမှ မဆွတ်ခူးဖူးတဲ့ အသင်းတွေက ဆုဖလားကိုင်မြှောက်ကြတဲ့ ဘောလုံးရာသီလို့ပြောရင်လည်းမမှားပါဘူး ။ စပါး အသင်းက လည်း သူတို့ရဲ့ ၁၇ နှစ်ကြာဆုဖလား ဝေးကွာနေမှုကို ယူရိုပါလိဂ် ဖလားကြီးနဲ့ အဆုံးသတ်နိုင်ခဲ့သလို ၊ အချိန်တော်တော်ကြာ ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ နယူးကာဆယ် အသင်းကလည်း ပရီးမီးယားလိဂ် ချန်ပီယံ လီပါပူး အသင်းကို အကောင်းဆုံးကျော်ဖြတ်ပြီး ခါရာဘောင်ဖလားကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ခရစ္စတယ် ပဲလေ့ အသင်းကလည်း အသင်းသမိုင်းကြောင်းတစ်လျောက် ပထမဆုံးသော အဓိကဆုဖလားအဖြစ် FA ဖလားကို နည်းပြကြီး ဂွာဒီယိုလာ ရဲ့ မန်စီးတီးကို နောက်ဆုံးအချိန်ထိ အကောင်းဆုံးတိုက်ပွဲဝင်ကာ ထိုက်ထိုက်တန်တန် နဲ့ရရှိခဲ့တာပဲဖြစ်ပါတယ်။
ခရစ္စတယ် ပဲလေ့စ် အသင်းက သူတို့ရရှိခဲ့တဲ့ FA ဆုဖလားကြောင့် ယူရိုပါလိဂ် ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ခရစ္စတယ်ပဲလေ့ အသင်းက ယူရိုပါလိဂ် ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိဖို့က မသေမချာဖြစ်နေပါတယ်။ ဘာလို့လဲ ဆိုရင် ပိုင်ရှင်တူ အသင်းနှစ်သင်းက ပြိုင်ပွဲတစ်ခုထဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရှိဖူးဆိုတဲ့ ဖီဖာရဲ့ သတ်မှတ်ချက်တွေကြောင့်ပဲဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့ အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဂျွန် တက်စ်တာ က ပြင်သစ် လိဂ်ဂူးဝမ်း အသင်းတစ်သင်းဖြစ်တဲ့ လိုင်ယွန် အသင်းကိုလည်း ပိုင်ဆိုင်တဲ့ လူ တစ်ယောက်ပဲဖြစ်ပါတယ်။ မနှစ်ကဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်ခုထဲ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြည့်လို့ကောင်းခဲ့တာမဟုတ်ပဲ ပြင်သစ် လိဂ်ဂူးဝမ်း ကလည်း ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ ကွန်းဖရင့်လိဂ် ဝင်ခွင့်နေရာတွေအတွက် နောက်ဆုံးပွဲစဥ် အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြင်သစ်လိဂ်ဂူးဝမ်း မှာလည်း ခရစ္စတယ်ပဲလေ့ အသင်းပိုင်ရှင် ဂျွန်တက်စ်တာ နောက်ထပ်ပိုင်ဆိုင်တဲ့ အသင်းတစ်သင်းဖြစ်တဲ့ လိုင်ယွန် အသင်းကလည်း ယူရိုပါလိဂ် ဝင်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပိုင်ရှင်တူ အသင်းနှစ်သင်း ပြိုင်ပွဲတစ်ခုထဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရရှိဖူးဆိုတဲ့ စည်းမျဥ်းကြောင့် တစ်သင်းသင်းက ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ဆုံးရှုံးရမှာပဲဖြစ်ပါတယ် ။
ယူရိုပါလိဂ် ဝင်ခွင့်ဆုံးရှုံးမယ့် အသင်းက ခရစ္စတယ်ပဲလေ့ အသင်းဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းအမှတ်ပေးဇယားရပ်တည်မှုမှာ ခရစ္စတယ်ပဲလေ့ အသင်းက လိုင်ယွန် အသင်းထက် နိမ့်ကျနေလို့ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေဖြစ်နေတာတောင် ခရစ္စတယ်ပဲလေ့စ် အသင်းက ယူရိုပါလိဂ်ဝင်ခွင့်အတွက် လုံးဝ လက်မလျော့သေးပါဘူး။ ခရစ္စတယ် ပဲလေ့ အသင်း ယူရိုပါလိဂ် ဝင်ခွင့်ရရှိဖို့အတွက် လက်ရှိ အသင်းရဲ့ ရှယ်ယာ အများဆုံးကို ပိုင်ဆိုင်ထားတဲ့ ဂျွန် တက်စ်တာ က အသင်းကို အမေရိကန် Football ကလပ်အသင်းတစ်သင်းရဲ့ ပိုင်ရှင် တစ်ယောက်ကို အသင်းရောင်းချဖို့ စီစဥ်နေတာပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#crystalpalace
#europaleague
#facup
#lyon
နောက်ဆုံးရသတင်းများ

𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥


တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚