ကားမတော်ဆမှုကြောင့် လောကကြီးကို စောစောစီးစီးနှုတ်ဆက်သွားခဲ့တဲ့ ဒီယေကို ဂျိုတာ 😭

Ma Nyein
2 ပတ် ခန့်က
Sport Articles
ကားမတော်ဆမှုကြောင့် လောကကြီးကို စောစောစီးစီးနှုတ်ဆက်သွားခဲ့တဲ့ ဒီယေကို ဂျိုတာ 😭

သိပ်မကြာခင် အချိန်တုန်းကပဲ ဘောလုံးလောကတစ်ခုလုံးနဲ့ ဘောလုံးအားကစားကို ချစ်မြတ်နိုးတဲ့ လူတိုင်းအတွက် ဝမ်နည်းစရာကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲ့တာကတော့ လီပါပူး အသင်းရဲ့ တိုက်စစ်ကစားသမား ဒီယေကို ဂျိုတာ နဲ့ သူ့ရဲ့ ညီဖြစ်သူ အန်ဒရီ ဂျိုတာ တို့အတူတူမောင်းနှင်လာခဲ့တဲ့ ကားက စပိန်နိုင်ငံ၊ ဇာမိုရာမြို့ မှာ မတော်တဆဖြစ်သွားခဲ့ပါတယ် ။ ဒီမတော်တဆမှုကြောင့် လီပါပူး အသင်းရဲ့ တိုက်စစ်ကစားသမား ဒီယေကို ဂျိုတာ နဲ့အတူ သူ့ရဲ့ ညီဖြစ်သူ အန်ဒရီ နှစ်ယောက်လုံး အသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ ဒီသတင်းက လီပါပူး အသင်းပရိတ်သတ်တွေ အတွက်ရော ၊ ဘောလုံးပရိတ်သတ်တွေရောအတွက်ထိပ်လန့်စရာကိစ္စဆိုးကြီးတစ်ခုဖြစ်ခဲ့ပါတယ် ။ ဂျိုတာက အခုမှ အသက် ၂၈ နှစ်အရွယ်သာ ရှိသေးပြီး ဒီအသက်အရွယ်က ဘောလုံးကစားသမားတစ်ယောက်အတွက် အကောင်းဆုံး နဲ့ အတောက်ပဆုံးအချိန်ပဲဖြစ်ပါတယ်။ ဂျိုတာ က ကစားသမားဘဝမှာ လူချစ်လူခင်ပေါများခဲ့သူတစ်ယောက်လဲ ဖြစ်ပါတယ် ။

တစ်ဖက်ကစားသမားတွေအပေါ် ညစ်ကစားတာမျိုး ဟန်ဆောင်ကစားတာမျိုး မရှိတဲ့အပြင် တစ်ဖက်ကစားသမားတွေအပေါ်လဲ လေးစားတတ်သူလဲ ဖြစ်ပါတယ် ။ ပိုပြီး ဝမ်းနည်းစရာကောင်းတာကတော့ ဂျိုတာ က လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကမှ ကာလရှည်ကြာလက်တွဲလာခဲ့တဲ့ ရည်းစားဖြစ်သူ ရူတီကာဒိုဆိုနဲ့ ပေါ်တိုမှာ မင်္ဂလာဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဂျိုတာ နဲ့ ရူတီကာဒိုဆို တို့က ၂၀၁၂ ခုနှစ်ကတည်းက တွဲလာခဲ့ကြတဲ့ ချစ်သူတွေဖြစ်ပြီး ၁၃ နှစ်အကြာ လက်ထပ်ပြီးတဲ့ အချိန်မှာတော့ ဂျိုတာ တစ်ယောက် ရူတီကာဒိုဆို ကို ကလေးသုံးယောက်နဲ့ချန်ထားခဲ့ပြီပဲဖြစ်ပါတယ် ။ ဂျိုတာဟာ ၂၀၂၀ ပြည့်နှစ်မှာ ဝုလ်ဗ်အသင်းကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့ပြီး မာဆေးဆိုဒ်ကလပ်နဲ့အတူ အဓိက ဆုဖလားကြီး သုံးလုံး ရရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလား လည်း ပါဝင်ပါတယ်။ဂျိုတာ ဟာ ဝုဗ်ကနေ ပေါင် ၄၁ သန်းနဲ့ လီဗာပူးကိုပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လီပါပူး အသင်းနဲ့ အတူ ၁၈၂ ပွဲကစားပြီး ၆၅ ဂိုး အထိသွင်းထားနိုင်တာပဲဖြစ်ပါတယ်။ ဂျိုတာ တစ်ယောက် လီဗာပူး အသင်းနဲ့ အတူ EPL, ကာရာဘောင်, FA နဲ့ ကွန်မြူနတီ ဒိုင်းတွေကို ရယူခဲ့ပါတယ်။ ဂျိုတာ က တကယ်ကို ထူးချွန်တဲ့ တိုက်စစ်ကစားသမား တစ်ဦးပဲဖြစ်ပါတယ် ။

လီပါပူး အသင်းကို ရောက်လာပြီး ဒဏ်ရာပြဿနာတွေနဲ့ ခနခန ရင်ဆိုင်ခဲ့ရတယ်ဆိုပေမယ့် ဂျိုတာ က လီပါပူး အသင်းမှာ ဆာလတ်ပြီးရင် အဆုံးသတ်အပိုင်းမှာ အကောင်းမွန်ဆုံး ကစားသမားတစ်ယောက်အဖြစ် အမြဲလိုလို ချီးကျူးရတဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး ရရှိလာတဲ့ အခွင့်အရေးတိုင်းကို ဂိုးအဖြစ်အဆုံးသတ်နိုင်တဲ့ တိုက်စစ်ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ နေရှင်းလိဂ် ဆုဖလားကြီးကိုလည်း ပေါ်တူဂီ အသင်းနဲ့အတူ မကြာခင်ကမှ ဆွတ်ခူးထားနိုင်တဲ့ ဂျိုတာက နောက်ရာသီ လီပါပူး အသင်းရဲ့ ပြောင်းလဲပြင်ဆင်မှုပေါင်းများစွာနဲ့ အတူ နောက်ထပ်ဆုဖလားများစွာကို သိမ်းပိုက်ပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်ဖို့အတွက် အဆင့်သင့်ဖြစ်နေတဲ့ ကစားသမား တစ်ယောက်ပါ ။ ဒါပေမယ့် ဒီဖြစ်ရပ်ဆိုးကြီးကြောင့် ဒီယေကို ဂျိုတာ တစ်ယောက် လောကကြီးကို စောစောစီးစီးနှုတ်ဆက်ခဲ့ရပါပြီ ။ သေမင်းရယ် အကောင်းကြိုက်တက်လွန်းတယ် လို့ပဲ အပြစ်တင်နိုင်ပါတော့တယ် ။ ငြိမ်းချမ်းစွာအနားယူပါတော့ ဂျိုတာရေ ။😭😭

#mmmedia

#diogojota

#leftwinger

#liverpool

#football

#premierleague

Leave a reply

နောက်ဆုံးရသတင်းများ
𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥
𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုလက်လျော့ပြီး 𝐄𝐳𝐞 ကိုခေါ်ယူဖိုကြိုးစားနေတဲ့ 𝐀𝐫𝐬𝐞𝐧𝐚𝐥⚽
တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚
ကျွန်တော် ဒီနေ့ပြောပြပေးမယ့်အကြောင်းကတော့ အေးတိအေးစက် ကောင်းလေးတစ်ယောက်ပုံစံကနေ လူကြီးတစ်ယောက်သဖွယ် ပြောင်းလဲသွားခဲ့တဲ့ ကိုလ်းပါမားအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။