ပက်ထရိုဗစ် နဲ့ ချယ်ဆီး ဒီမှာတင် အဆုံးသတ်ပြီ

Admin
1 လ ခန့်က
Sport Articles
ပက်ထရိုဗစ် နဲ့ ချယ်ဆီး ဒီမှာတင် အဆုံးသတ်ပြီ

ပက်ထရိုဗစ်ဆိုတဲ့ ဆာဗီးယား ဂိုးသမားလေးက ဘာမှန်းမသိလိုက်တဲ့ အချိန်တိုလေးအတွင်းမှာ ချယ်ဆီး အသင်းပရိတ်သတ်တွေရဲ့ အာပေးမှု နဲ့ အချစ်တွေကို အပြည့်အဝ သိမ်းပိုက်သွားနိုင်တဲ့ ကစားသမား တစ်ဦးပဲဖြစ်ပါတယ်။ ပက်ထရိုဗစ် က ချယ်ဆီးအသင်းရဲ့ အရံကစားသမားအဖြစ်သာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ရပါတယ်။ဒါပေမယ့် ပိုချက်တီနို လက်ထက် ရာသီဝက်လောက်မှာ လက်စွမ်းပိုင်းမတည်ငြိမ် ပဲ အမှားတွေများနေတဲ့ ဆန်းချက် ရဲ့ နေရာမှာ ဝင်ရောက်လက်စွမ်းပြခွင့်ရရှိခဲ့ပါတယ် ။ ပက်ထရိုဗစ် က ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ချယ်ဆီး အသင်းရဲ့ နံပတ် ၁ ဂိုးသမားနေရာကို အပိုင်စားရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် နောက်ရာသီ ပိုချက်တီနို ကို ထုပ်ပြီး နည်းပြသစ် အန်ဇိုမာရက်စကာ ကို ခန့်အပ်ခဲ့တာကြောင့် ပက်ထရိုဗစ်ရဲ့ နေရာကလည်း အပြောင်းအလဲတွေဖြစ်ခဲ့တယ်။ ဆားဗီယားသားက အန်ဇိုမာရက်စကာ ရဲ့ စိတ်ကြိုက်မဟုတ်ပဲ ဆန်းချက်ကသာ နည်းပြအသစ် ရဲ့ စိတ်ကြိုက်ကစားသမားပဲဖြစ်ပါတယ်။ အဲ့တာကြောင့် ချယ်ဆီး အသင်းရဲ့ မိတ်ဖက် အသင်းတစ်သင်းဖြစ်တဲ့ စထရက်ဘော့ အသင်းကို တစ်ရာသီ အငှားသွားရောက်ကစားခဲ့ရတာပဲဖြစ်ပါတယ်။


စထရက်ဘော့ အသင်းမှာလည်း ကြောက်စရာကောင်းတဲ့ လက်စွမ်းတွေကို ဆက်တိုက်ပြသနိုင်ခဲ့သလို လိဂ်ဂူးဝမ်းရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းမှာ ပြသခဲ့တဲ့ လက်စွမ်းတွေထက် ပိုမိုကောင်းမွန်တဲ့ လက်စွမ်းတွေကို ပြသနိုင်ခဲ့တဲ့ အပြင် တည်ငြိမ်တဲ့ ကစားပုံတစ်ခုကိုလည်း ကောင်းကောင်းကြီးပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ခြေထောက် နဲ့ ဘောလုံးကစားတဲ့ အပိုင်းမှာလည်း တော်တော်လေးကို တိုးတက်လာတာကို တွေ့မြင်ရပါတယ်။ ဒီနှစ် ချယ်ဆီး အသင်း ရဲ့ ဂိုးသမားနေရာကလည်း လုံးဝ အဆင်မပြေပဲ လိုအပ်ချက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းပရိတ်သတ်တွေက လက်စွမ်းပိုင်း ပိုမိုကောင်းမွန်တဲ့ခဲ့တဲ့ ပက်ထရိုဗစ်ကို ချယ်ဆီးအသင်းရဲ့ ဂိုးပေါက်တစ်နေရာမှာ မြင်တွေ့ချင်နေကြတာပဲဖြစ်ပါတယ်။ဒါပေမယ့် ဒီကိုလို ကိစ္စမျိုးက ဖြစ်မလာဖို့ များသွားပါပြီ ။ ပက်ထရို အနေနဲ့​ ချဲလ်ဆီး​အသင်းသို့ပြန်လည်ရောက်ရှိပြီးနောက် နည်းပြ​ အန်ဇို မာရက်စကာနှင့်ဆွေးနွေးရာမှာ အဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းရဲ့အနာဂတ်အစီအစဥ်တွေမှာ မပါဝင်တော့ပဲ ရောင်းချခံရတော့မှာဖြစ်တယ် ။


ပက်ထရိုဗစ်က သူ့အနေနဲ့ နံပါတ်တစ်ဂိုးသမားနေရာအတွက် အာမခံ​ချက်တစ်ခုပေးနိုင်ရင် အသင်းမှာ​ဆက်​နေပြီး​ CWC​ ပြိုင်ပွဲသို့လိုက်ပါမယ်​လို့​ ပြောခဲ့ပေမယ့် Maresca​ ဘက်ကအဆိုပါတောင်းဆိုချက်ကို ငြင်းဆန်ခဲ့တဲ့ အပြင် ချဲလ်ဆီး​ဘက်ကလည်း​ ရောင်းချလိုက်ဖို့ဆုံးဖြတ်ခဲ့တာပါ။ အန်ဇိုမာရက်စကာ အတွက် အခုချိန်ထိ ဆန်းချက်ကသာ သူရဲ့ နံပါတ်တစ်နဲ့ ဦးစားပေး ဂိုးသမား အဖြစ် ဆက်လက်ရှိနေဆဲပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ပက်ထရိုဗစ် နဲ့ ချယ်ဆီး ဒီမှာတင် အဆုံးသတ်ပြီ ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက် ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#djordjepetrovic

#chelsea

#realmadrid

#goalkeeper

#transfer

Leave a reply