ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး စကာတင် နည်းပြ ၅ ယောက်

Admin
2 လ ခန့်က
Sport Articles
ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး စကာတင် နည်းပြ  ၅ ယောက်

ပရီးမီးယားလိဂ် ဘောလုံးရာသီ တစ်ရာသီပြီးတော့မယ်ဆိုရင် တစ်ရာသီလုံးမှာ အကောင်းဆုံးပုံစံတွေနဲ့ အသင်းကို ဆွဲတင်ပေးခဲ့တဲ့ လူငယ်ကစားသမားတွေ ၊ နည်းပြတွေ ၊ အသင်းရဲ့ ဝါရင့် ကစားသမားတွေကို ချီးမြှင့်တဲ့ ဆု ၃ ခုရှိပါတယ်။ အဲ့တာတွေကတော့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု ၊ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု နဲ့ တစ်နှစ်တာ အကောင်းဆုံး နည်ပြဆုတို့ပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ၂၀၂၄-၂၅ ဘောလုံးရာသီရဲ့ တစ်နှစ်တာ အကောင်းဆုံး စကာတင် နည်းပြ ၅ ယောက်အကြောင်းပဲဖြစ်ပါတယ် ။

၁. အာနေးစလော့

အာနေးစလော့ က ဒီနှစ်ဘောလုံးရာသီမှ ပရီးမီးယားလိဂ် ကို ရောက်ရှိလာခဲ့တဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ နည်းပြဟောင်း ယာဂန်ကလော့ ချထားခဲ့တဲ့ အသင်းရဲ့ အသင်းရဲ့ ကစားကွက် ၊ အသင်းရဲ့ ကစားပုံတို့ကို ထူးထူးခြားခြား ပြောင်းလဲမှုတွေမလုပ်ပဲ အသင်းကို ပိုကောင်းတဲ့ အသင်းတစ်သင်းဖြစ်အောင်ဖော်ဆောင်နိုင်ခဲ့ပြီး နည်းပြဘဝ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ် ဖလားကို ထိုက်ထိုက်တန်တန် နဲ့ ဆွတ်ခူးပြခဲ့တာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ငွေသုံးအနည်းဆုံး အသင်းဖြစ်ပြီး ကစားသမား ၁ ဦးထဲသာ ခေါ်ယူအားဖြည့်မှုတွေပြုလုပ်ခဲ့ပေမယ့် မယုံနိုင်စရာကောင်းအောင် စွမ်းဆောင်ပြခဲ့တဲ့ အာနေးစလော့က ဒီစာရင်းမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။

၂. သောမက် ဖရန့်

ဘရန့်ဖို့စ် အသင်းရဲ့ နည်းပြဖြစ်တဲ့ သောမက် ဖရန့် ကလည်း ဒီစကာတင် စာရင်းထဲမှာ ပါဝင်လာတာပဲဖြစ်ပါတယ်။ သောမက် ဖရန့် က ပြီးခဲ့တဲ့ ဘောလုံးရာသီတွေထဲက တည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြခဲ့ပြီး အသင်းကြီးတွေကို ဒုက္ခကောင်းကောင်းပေးနိုင်တယ်ဆိုတာ အကြိမ်ကြိမ် သက်သေပြပြီးပြီပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တစ်ခုကို ထပ်မံပြသနိုင်ခဲ့တာကြောင့် ဒီစာရင်းမှာ ပါဝင်လာတာပဲဖြစ်ပါတယ်။

၃. အန်ဒီ ဟောင်း

အန်ဒီ ဟောင်း ကတော့ နယူးကာဆယ် အသင်းရဲ့ ပြန်လည်ဦးမော့လာခြင်းမှာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။ဒီနှစ်ဘောလုံးရာသီမှာ လီပါပူး လို အသင်းမျိုးကို အကောင်းဆုံး အနိုင်ယူပြီး EFL ဖလားကို သိမ်းပိုက်နိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကိုလည်း ရနိုင်လောက်တာကြောင့် ဒီနှစ်ဘောလုံးရာသီ အန်ဒီဟောင်းရဲ့ စွမ်းဆောင်ရည်က ဒီစာရင်းမှာပါဝင်လာတာကတော့ မေးခွန်းထုတ်စရာမရှိပါဘူး။


၄.ဗစ်တာ ပါရဲရား

ဝှစ်ဗာဟမ်တန် အသင်းရဲ့ နည်းပြဖြစ်တဲ့ ဗစ်တာ ပါရဲရား ကလည်း ဒီစာရင်းမှာ ပါဝင်လာတာပဲဖြစ်ပါတယ်။ ဗစ်တာ ပါရဲရား က ဝှစ် အသင်းရဲ့ တန်းဆင်းဇုန် ရုန်းအားတစ်ခုကို အကောင်းဆုံး ပြသနိုင်ခဲ့တဲ့အပြင် အသင်းရဲ့ ကစားသမားတွေကို အကောင်းဆုံးတိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်တဲ့ နည်းပြတစ်ယောက်ပဲဖြစ်ပါတယ်။


၅.နူနို ဆန်းတို့စ်

ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံးပုံစံတွေကို ပြသနိုင်ခဲ့တဲ့ အပြင် ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ကြမ်းပြရမ်းပြခဲ့တဲ့ နော်တင်ဟမ်ဖောရက် အသင်းရဲ့ နည်းပြ နူနိုဆန်းတို့စ် ကလည်း ဒီစာရင်မှာ ထိုက်ထိုက်တန်တန်နဲ့ ပါဝင်သင့်တဲ့ နည်းပြတစ်ဦးပဲဖြစ်ပါတယ်။ နူနို ဆန်းတို့စ် ရဲ့ နော်တင်ဟမ်ဖောရက် အသင်းက ဖြတ်မျဥ်းအသင်းတစ်သင်းဆိုတဲ့ ပုံစံကို အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီး အသင်းတိုင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး စကာတင် နည်းပြ ၅ ယောက် အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#eddiehowe

#thomasfrank

#nunoespiritosanto

#vitorpereira

#arneslot

Leave a reply