အင်္ဂလန် အသင်းကို အနိုင်ရရှိဖူးတဲ့ ပထမဆုံး အာဖရိက အသင်း

Admin
1 လ ခန့်က
Sport Articles
အင်္ဂလန်  အသင်းကို အနိုင်ရရှိဖူးတဲ့ ပထမဆုံး အာဖရိက အသင်း

အင်္ဂလန် လက်ရွေးစင် အသင်း က အရည်အသွေးကောင်းမွန်တဲ့ ကစားသမားတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ တစ်သင်းလုံးလူစာရင်း က အင်မတန်ကြောက်စရာကောင်းပြီး ကြယ်ပွင့်ကစားသမားတွေနဲ့သာ ဖွင့်စည်းထားတာပဲဖြစ်ပါတယ်။ ဒီလို ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတာ အခုမှမဟုတ်ပါဘူး ။ အရင်နည်းပြ ဆောက်ဂိတ် လက်ထပ်ကတည်းကပါ ။ ဆောက်ဂိတ် လက်ထပ်မှာ အင်္ဂလန် အသင်းအနေနဲ့ ဖိုင်နယ် ၊ဆီးမီးဖိုင်နယ်တွေအထိ အမြဲလိုလို တက်လှမ်းနိုင်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုတော့ တစ်ခါမှ မရရှိဖူးဘူး ။ ဆောက်ဂိတ် က သူ့ရဲ့ ကစားပုံ ၊ ကစားကွက် နဲ့ ပွဲထွက်လူစာရင်းအခင်းအကျင်းကြောင့် အမြဲလိုလို ဝေဖန်ခံခဲ့ရတဲ့ နည်းပြ တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီလို နဲ့ ဆုဖလားရတဲ့ အထိ အောင်မြင်မှု ရရှိအောင်မစွမ်းနိုင်ခဲ့တဲ့ ဆောက်ဂိတ် နေရာကို တူချယ်လို နည်းပြကို အစားထိုးလိုက်တာကြောင့် အင်္ဂလန် ပရိတ်သတ်တော်တော်များများက တူချယ်ကို အများကြီး မျော်လင့်ခဲ့ကြတယ်။


အင်္ဂလန် အသင်းက တူချယ် လက်ထပ်မှာလဲ ဘားမှ ထူးထူးခြားခြား တိုးတက်ကောင်းမွန်လာတာ မရှိပါဘူး ။ တူချယ် လပ်ထပ် အင်္ဂလန် အသင်းက ၄ ပွဲကစားပြီးချိန်မှာ ပထမဆုံး ရှုံးပွဲကို ကြုံတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ အင်္ဂလန် အသင်း က စီနီဂေါ အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီရှုံးပွဲကြောင့်ပဲ စီနီဂေါ အသင်းက အင်္ဂလန် အသင်းကို ပထမဆုံးသော နိုင်ဖူးတဲ့ အာဖရိက အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ် ။ အင်္ဂလန် အသင်းက သမိုင်းတစ်လျောက် အာဖရိက အသင်းတွေနဲ့ ၂၁ ကြိမ် အထိ ရင်ဆိုင်ခဲ့ရပြီး ၁၅ ကြိမ်အနိုင်ယူကာ ၆ ကြိမ်ထိ သရေကျခဲ့တာပဲဖြစ်ပါတယ်။ တူချယ် ရဲ့ အင်္ဂလန် အသင်းက ရလဒ် မကောင်းရုံတင်မက ကစားပုံ ၊ ကစားကွက်တွေမှာလည်း ဆီနီဂေါ အသင်း က အသာရရှိခဲ့ပါတယ်။၊ ဆီနီဂေါ အသင်း က ကျစ်ကျစ်လစ်လစ် နဲ့ ရရှိတဲ့ အခွင့်အရေးတိုင်းကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကို အင်္ဂလန် အသင်းက စတင်ရရှိခဲ့ပေမယ့် ဆီနီဂေါ အသင်းရဲ့ မာမာထန်ထန် နဲ့ ကျစ်ကျစ်လစ်လစ် ကစာပုံကြောင့် ပွဲအပြီးမှာတော့ အင်္ဂလန် အသင်းက ၃ဂိုး ၁ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးပွဲကို ရင်ဆိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီပွဲတွေက သိပ်အရေးကြီးတဲ့ ပွဲစဥ်တွေမဟုတ်တာတော့ သိပေမယ့် ဘောလုံးပရိတ်သတ်တွေ မျှော်လင့်ထားတဲ့ တူချယ် ရဲ့ အင်္ဂလန် အသင်းက ဒီလို ပြိုင်ဘက်တိုင်းအလွယ်တကူအနိုင်ယူလို့ရတဲ့ အသင်းတစ်သင်းမဟုတ်ပါဘူး ။


နည်းစနစ်ပိုင်း ကို ကျွမ်းကျင်ပိုင်နိုင်တဲ့အပြင် တစ်ပွဲထိုး နည်းစနစ် တွေကောင်းမွန်တဲ့ တူချယ်လို နည်းပြလက်ထဲမှာ အင်္ဂလန် အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ပြီး အများကြီးတိုးတက်လာတဲ့ အသင်းတစ်သင်းအဖြစ်သာ မျှော်လင့်ထားခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် မှန်းချက် နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး ။ တူချယ် လက်ထပ် အင်္ဂလန် လက်ရွေးစင် အသင်းက ဘားမှ သိသိသာသာ ထူးခြားကောင်းမွန်လာတာမျိုးကို မတွေ့ခဲ့ရပါဘူး ။ ဘာပဲဖြစ်ဖြစ်ပါ အင်္ဂလန် အသင်းကို အကောင်းဆုံးပုံစံတွေနဲ့ ခုခံ ကစားပြီး သမိုင်းတစ်လျောက် ပထမဆုံးသော အင်္ဂလန် အသင်းကို အနိုင်ယူဖူးတဲ့ အာဖရိက အသင်းအနေနဲ့ကတော့ ဆီနီဂေါ အသင်းက သမိုင်းဝင်သွားခဲ့ပြီပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#england

#african

#garethsouthgate

#coach

#thomastuchel

#senegal

Leave a reply