England နည်းပြ တွေ က နည်းပြလောကမှာဘာ လို့ မအောင်မြင်ကြတာလဲ

ဘောလုံးလောက မှာ အင်္ဂလန် Legend ကစားသမား တော်တော်များများ က ကစားသမား ဘဝ မှာ အောင်မြင်ခဲ့ကြပေမယ့် နည်းပြဘဝ အောင်မြင်မှုရရှိတဲ့ လူက အနည်းငယ်သာရှိတက်တယ်။ အခု လက်ရှိ နည်းပြတစ်ယောက် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အင်္ဂလန် Legend ကစားသမားတွေက သူတို့ရဲ့ ကစားသမား ဘဝမှာတော့ အကောင်းနည်းပြတွေရဲ့ လက်အောက်မှာ ပညာတွေသင်ကြားခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြတစ်ယောက် အဖြစ်တာဝန်ယူ ရတဲ့ အချိန်မှာတော့ သူတို့ရဲ့ Tactical Innovation ( နည်းပညာတီထွင်မှု ) နဲ့ Coaching Experience ( နည်းပြ အတွေ့အကြုံ) တွေက အများကြီးလိုအပ်သေးတာပဲဖြစ်ပါတယ်။ အခြားနိုင်ငံနည်းပြ တွေတော်တော်များများ က နည်းပညာတီထွင်မှုပိုင်းမှာ အလွန်ထူးချွန်ပြီး သူတို့ရဲ့ နည်းပြ ဘဝ ကိုလည်း အောက်ခြေကနေ တစ်ဆင့်ချင်း လေ့လာခဲ့ကြပြီး နည်းပြတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နည်းစနစ် တီထွင်နိုင်မှု ၊ နည်းပြဘဝ အတွေ့အကြုံ ၊ အဝတ်လဲခန်း ပြသနာတွေကို ကိုင်တွယ်နိုင်စွမ်းနဲ့ Media ဖိအားတွေကိုလည်း အကောင်းဆုံး ကိုင်တွယ်ဖြေရှင်း နိုင်တဲ့ အချိန်တစ်ခုရောက်မှသာ နည်းပြဘဝကို အကောင်းဆုံးစတင်ခဲ့ကြပါတယ်။
အင်္ဂလန် Legend တော်တော်များများ က နိုင်ငံခြားနည်းပြတွေလို သူတို့ရဲ့ နည်းပြဘဝ အစ ကို အသင်းအသေးလေးတွေကနေ စတင်ပြီး အတွေ့အကြုံတွေ ပြည့်ဝမှ တစ်ဆင့်ချင်း အသင်းကြီးတွေကို ကိုင်တွယ်တာထက် နည်းပြဘဝ အစမှာထဲက ထိပ်တန်းအသင်းတွေကို စတင်ကိုင်တွယ်တာကြောင့် အခက်အခဲတွေနဲ့ ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။ အင်္ဂလန် နည်းပြတော်တော်များများ က ကိုယ်ပိုင် နည်းစနစ် နည်းဗျူဟာ တီထွင်နိုင်တဲ့ အပိုင်းမှာ နိုင်ငံခြားနည်းပြတွေထက် အလွန်နိမ့်ကျတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ နိုင်ငံခြား နည်းပြတွေက ကိုယ်ပိုင်နည်ဗျူဟာ တွေကို အကောင်းဆုံး စမ်းသပ် ပုံဖော်ပြီး ဆုဖလားပေါင်းများစွာကိုသိမ်းပိုက်ကာ ဘောလုံးလောကမှာ သူတို့ရဲ့ အကောင်းဆုံးအချိန်တစ်ခုကို ဖန်တီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဂွာဒီရိုလာ က ( Tiki-Taka ) ၊ ကလော့ က ( Gegenpressing ) ၊ အန်စလော့တီ က ( Adaptive Football ) စတဲ့ ကိုယ်ပိုင်နည်းစနစ်တွေကို တီထွင်ပြီး ၁၀ စုနှစ်တစ်ခု အကြာ ဘောလုံးလောက ကို အကောင်းဆုံးလွှမ်းမိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
အင်္ဂလန် လူမျိူးနည်းပြတွေက အင်္ဂလန် ပရီးမီးယားလိဂ် ဖလားကို မသိမ်းပိုက်နိုင်ပဲ အခြား နိုင်ငံခြားနည်းပြတွေသာ သိမ်းပိုက်နိုင်ခဲ့တာ အချိန်ကာလအားဖြင့် တော်တော်ကြာမြင့်နေတာကို လည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ အင်္ဂလန် legend ကစားသမားတွေဖြစ်ကြတဲ့ ဂျာရက် ၊ လမ်းပတ် ၊ ဂယ်ရီ နဗီး ၊ ရွန်းနီ တို့က ကစားသမား ဘဝ မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တွေဖြစ်ခဲ့ကြပေမယ့် နည်းပြ ဘဝမှာ တစ်ယောက်ကို အကြောင်းပြချက်တစ်ခုစီနဲ့ ကျရှုံးခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပြဘဝမှာ Man- Management ၊ Pressure Management ၊Media Handling ၊ Coaching Experience နဲ့ Tactical Innovation အပိုင်းတွေမှာ အတွေ့အကြုံနည်းပါးတာကြောင့်ရော အများကြီးလိုအပ်ခဲ့တာပဲဖြစ်ပါတယ်။ ဘောလုံးနဲ့ ပတ်သတ်ရင် အင်္ဂလန် ကစားသမားတော်တော်များများက နည်းစနစ်လည်းမကြွယ်ဝသလို နိုင်ငံခြားထွက်ပြီး တာဝန်ထမ်းဆောင်တဲ့ အင်္ဂလိပ်နည်းပြတွေထဲမှာ အောင်မြင်တာဆိုလို့ ဘာစီလိုနာ အသင်းတွေ အတူ ဆုဖလားတွေသိမ်းပိုက်နိုင်ခဲ့တဲ့ ဆာဘော်ဘီရော်ဆန် တစ်ယောက်လောက်ပဲရှိတာဖြစ်ပါတယ်။
နည်းပြလောက ကကစားသမား ဘဝနဲ့ မတူညီတာကြောင့် အင်္ဂလန်နည်းပြတွေ အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်လာဖို့ဆိုရင် နည်းဗျူဟာ တီထွင်နိုင်မှု ၊ နည်းပြ အတွေ့အကြုံ ၊ မီဒီယာ ဖိအား ကိုင်တွယ်နိုင်မှု၊ ကစားသမားတွေကို ဦးဆောင်နိုင်စွမ်း ၊ အဝတ်လဲခန်းပြဿနာတွေကို ကိုင်တွယ်နိုင်စွမ်း စတဲ့ အချက်တွေ လိုအပ်နေတာပဲဖြစ်ပါတယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#England
#coach
#Guardiola
#Klopp
#Ancelotti
နောက်ဆုံးရသတင်းများ



𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥
