အန်ဇိုမာရက်စကာ ကို လက်မခံချင်ပေမယ့် လက်ခံရမယ်

Ma Nyein
1 ပတ် ခန့်က
Sport Articles
အန်ဇိုမာရက်စကာ ကို လက်မခံချင်ပေမယ့် လက်ခံရမယ်

အန်ဇိုမာရက်စကာ က အရမ်းကို ခေါင်းမာတဲ့ နည်းပြတစ်ယောက်ပါ ။ ဂူစတို ကို ပြင်သစ် လက်ရွေးစင် အသင်းမှာ အသုံးပြုလိုက်ပုံများ ဘယ်လောက်ကောင်းလိုက်သလဲ ။ ဒါပေမယ့် မာရက်စကာအနေနဲ့ ဂူစတို ကို လုံးဝ အဆင်မပြေတဲ့ HB ပုံစံပဲ ပွဲတိုင်းနီးပါး အသုံးပြုနေတယ် ။ ကစားသမားလဲ ထိခိုက်သလို ၊ အသင်းအတွက်လည်း အများကြီး အကျိုးသက်ရောက်မှုရှိတယ် ။ ပြီးတော့ မာရက်စကာ အနေနဲ့ ပွဲထွက် ကစားသမား ၁၁ ယောက်ကိုသာ အကောင်းဆုံးပုံစံ နဲ့ ကိုင်တွယ်တက်ပြီး ကစားသမား ၂၅ ယောက်လုံးကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့အတွက် လိုအပ်ချက်တွေရှိသေးတယ် ။ ကျန်တဲ့ ကစားသမားတွေက မာရက်စကာလက်အောက်မှာ ပျော်ရွှင်မှုမရှိတာတွေ ၊ အသင်းကထွက်ခွာချင်တာတွေက မာရက်စကာရဲ့ လိုအပ်ချက်တွေ အများကြီးပါတယ် ။ ဒီလို ဝေဖန်ထောက်ပြသင့်တဲ့ နေရာတွေ ထောက်ပြပြီးရင် ချီးကျူးသင့်တဲ့ နေရာတွေမှာလည်း မာရက်စကာကို ချီးကျူးရမယ်။ ဒီကလပ်ကမ္ဘာ့ဖလားမှာမှ မာရက်စကာရဲ့ ချယ်ဆီး အသင်းက ပိုမိုတည်ငြိမ်လာတယ် ။ မာရက်စကာ သွားချင်တဲ့ ပုံစံ ၊ မာရက်စကာ ကစားချင်းတဲ့ ပုံစံ ကို ကစားသမားတွေ အနေနဲ့ ကောင်းကောင်းကြီး နားလည်လာတာကို တွေ့မြင်ရတယ်။

ပြီးတော့ မာရက်စကာ အနေနဲ့ ကိုလ်းပါမား ကို နေရာတော်တော်များများမှာ ပြောင်းလဲပြီး စမ်းသပ်အသုံးပြုနေတယ် ။ အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စတွေတော်တော်များများကိုလည်းနောက်ပိုင်းမှာတွေ့မြင်လာရတယ်။ အန်ဇို မာရက်စကာ က ဘယ်လောက်ပိုင်း ခေါင်းမာပြီး တစ်ခါတစ်လေ တလွဲတွေပဲလုပ်လုပ် ဒီချယ်ဆီး အသင်းပိုင်ရှင်အသစ်တွေရဲ့ လက်ထက်မှာတော့ အန်ဇိုမာရက်စကာက အကောင်းဆုံး နည်းပြဖြစ်တယ်ဆိုတာကတော့ လက်မခံချင်ပေမယ့် လက်ကိုလက်ခံရမယ့် အချက်ပဲ ။ အရှေ့က တူချယ် ၊ ဂရေဟမ် ပေါ်တာ ၊ ပိုချက်တီနို တို့လက်ထက် ချယ်ဆီး အသင်းထက် အန်ဇို မာရက်စကာ လက်ထပ် ချယ်ဆီး အသင်းက ဆုဖလားအောင်မြင်မှုလဲ ရရှိသလို ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကိုလည်း ရရှိခဲ့တယ်။ လက်ရှိ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ဖိုင်နယ် အဆင့်ထိ ကို တက်လှမ်းနိုင်ခဲ့တာကြောင့် မာရက်စကာ ရဲ့ ချယ်ဆီး အသင်းက ပိုကောင်းတယ်ဆိုတာကို လက်ခံရမယ် ။ အရှေ့က နည်းပြတွေလက်ထပ် ချယ်ဆီး အသင်းထက် လက်ရှိ အန်ဇို မာရက်စကာ ရဲ့ ချယ်ဆီး အသင်းက ပိုမိုတည်ငြိမ်တယ် ။ တိုက်စစ်ပိုင်း ပိုမိုကောင်းမွန်တဲ့အပြင် ကစာပုံ ကစားကွက် လည်း ကောင်းမွန်တယ် ။


နိုင်ဖို့ လိုအပ်တဲ့ အချိန် နိုင်ပွဲရအောင် စွမ်းဆောင်နိုင်သလို ၊ ရောက်သင့်ရောက်ထိုက်တဲ့ နေရာတွေအထိလဲ ရောက်အောင်တက်လှမ်းနိုင်တယ် ။ ဒီထက် ကောင်းမွန်ဖို့ အများကြီးလိုအပ်သေးတယ်ဆိုတာ မှန်တယ် ။ အန်ဇို မာရက်စကာ က ချယ်ဆီးလို အသင်းမျိုးနဲ့ ထိုက်တန် တဲ့ နည်းပြမဟုတ်ဘူးဆိုတာလည်း သဘောပေါက်တယ် ။ အန်ဇို မာရက်စကာကို ချယ်ဆီး အသင်းပရိတ်သတ်တော်တော်များများက သဘောမကျပေမယ့် ချယ်ဆီး အသင်း ပိုင်ရှင်အသစ်တွေဖြစ်တဲ့ တော့ဘိုလေး တို့လက်ထပ် ချယ်ဆီး အသင်းနည်းပြတွေထဲမှာတော့ အန်ဇို မာရက်စကာ က အကောင်းဆုံးနည်းပြဆိုတာ လက်မခံ ချင်ပေမယ့်လည်း လက်ကို လက်ခံရမှာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက် ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#enzomaresca

#coach

#chelsea

#colepalmer

#premierleague

Leave a reply