ဂေါ့ဖ်လောကရဲ့ ဘုရင် တိုက်ဂါးဝုဒ်

တိုက်ဂါးဝုဒ် သည် ဒီဇင်ဘာ 30၊ 1975 တွင်မွေးဖွားခဲ့သော အမေရိကန်ပရော်ဖက်ရှင်နယ် ဂေါ့ဖ်သမားတစ်ဦးဖြစ်ပါတယ်။ သူသည် PGA Tour တွင် ပထမရခဲ့ပြီး အမျိုးသားအဓိက ချန်ပီယံပြိုင်ပွဲများတွင် ဒုတိယနေရာနှင့် ဂေါဖ်လောကရဲ့ မှတ်တမ်းများစွာကို ရရှိထားတဲ့သူ ဖြစ်ပါတယ်။ ခေတ်သစ်သမိုင်းတွင် အကျော်ကြားဆုံးသော ဂေါ့ဖ်သမားများထဲမှ တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ခံထားရပြီး သူသည် World Golf Hall of Fame ရဲ့ စားရင်းဝင်လည်း ဖြစ်ပါတယ်။
သူဟာ အငယ်တန်း၊ ကောလိပ်နှင့် အပျော်တမ်း ဂေါဖ့်ကစားသမားဘဝဖြင့်စတင်ခဲ့ကာ အသက် 20 နှစ်အရွယ် 1996 ခုနှစ်တွင် ပရော်ဖက်ရှင်နယ်ဘက်သို့စတင်တက်လှမ်းခဲ့ပါတယ်။ ဧပြီလ 1997 ခုနှစ်အကုန်တွင် PGA Tour ပွဲစဉ် 3 ခုကိုကစားသမားဘဝမှာစတင်အနိုင်ရရှိခဲ့ပြီးနောက် 1997 Masters မှာလည်း စံချိန်တင် 12 ကြိမ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒီလိုလက်စွမ်းတွေကြောင့် သူဟာ 1997 ဇွန်မှာတော့ ပရိုကစားသမားဘဝတစ်နှစ်မပြည့်ခင်မှာပဲ တရားဝင်ကမ္ဘာ့ဂေါ့ဖ်အဆင့် သက်မှတ်ချက်မှာ အဆင့်တစ်နေရာသို့ရောက်ရှိလာခဲ့ပါတယ်။
21 ရာစုရဲ့ ပထမဆယ်စုနှစ်တစ်လျှောက်လုံးတွင် တိုက်ဂါးဝုဒ်သည် အသာစီးရခဲ့ကာ 1999 သြဂုတ်မှ 2004 ခုနှစ် စက်တင်ဘာလအထိ ( 264 ပတ်ဆက်တိုက် ) နှင့် 2005 ဇွန် မှ 2010 အောက်တိုဘာလထိ ( 281 ပတ်ဆက်တိုက် ) ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ထိုအချိန်တွင် သူသည် ဂေါ့ဖ်ရိုက်ပြိုင်ပွဲကြီးရဲ့ အဓိကဆု 13 ခုကိုရရှိခဲ့ပြီးဖြစ်ပါတယ်။
သူ့ရဲ့ နောက်ထပ် ဆယ်စုနှစ်တစ်ခုကတော့ ကိုယ်ရေးကိုယ်တာပြဿနာများနှင့် ဒဏ်ရာများမှ ပြန်လာနိုင်ဖို့ လုပ်ဆောင်နေရတယ်လို့ပြောရပါမယ်။ ထိုအချိန်ကသူ့ဇနီးဖြစ်သူ အီလင် နှင့် အိမ်ထောင်ရေး ပြဿနာများဖြေရှင်းရန်ကြိုးပမ်းနေရပြီး ပရော်ဖက်ရှင်နယ်ဂေါ့ဖ်လောကမှ 2009 ဒီဇင်ဘာလမှ ဧပြီလဆန်းပိုင်းအထိအနားယူခဲ့ပါတယ်။ တိုက်ဂါးဝုဒ် သည် အိမ်ထောင်ရေးဖောက်ပြန် မှုများစွာကို ဝန်ခံခဲ့ပြီး နောက်ဆုံးတွင် ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။
သူသည် 2013 မတ်လ နှင့် 2014 မေလအကြား နံပါတ်တစ် အဆင့်သို့ မတက်မီ 2011 ခုနှစ် နိုဝင်ဘာလမှာ ကမ္ဘာ့အဆင့်တွင် နံပါတ် 58 သို့ ကျဆင်းသွားခဲ့ပါတယ်။ ဒဏ်ရာများက သူ့ကို 2014 နှင့် 2017 ခုနှစ်ကြားတွင် ကျောခွဲစိတ်မှုလေးကြိမ် ပြုလုပ်စေခဲ့ပြီး သူသည် 2015 ဩဂုတ်လမှ 2018 ဇန်နဝါရီလအတွင်း ပြိုင်ပွဲတစ်ခုတည်းတွင်သာ ယှဉ်ပြိုင်ခဲ့ကာ ကမ္ဘာ့ထိပ်တန်းဂေါ့ဖ်သမား 1,000 စာရင်းမှ နုတ်ထွက်ခဲ့ပါတယ်။ ပုံမှန်ပြန်လည်ယှဉ်ပြိုင်နိုင်ချိန်သို့ပြန်ရောက်သောအခါ သူသည် 2018 စက်တင်ဘာလ Tour Championships ပြိုင်ပွဲတွင် ငါးနှစ်တာကာလအတွင်း သူရဲ့ပထမဆုံးပြိုင်ပွဲကို အနိုင်ရခဲ့ပါတယ်။
သူသည် PGA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စံချိန် 11 ကြိမ် နှင့် ပရော်ဖက်ရှင်နယ် အဓိကဂေါ့ဖ်ချန်ပီယံ 15 ကြိမ် ထိရရှိထားပြီး မတူညီသောရာသီ 10 ခုတွင် ဝင်ငွေပိုင်းကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ နောက်ပြီး သူသည် ဂရင်းစလမ် တွင် အသက်အငယ်ဆုံးအဖြစ် ဂရင်းစလမ် 3 ကြိမ်ရတဲ့ ဒုတိယမြောက်ဂေါက်သီးသမားလည်းဖြစ်ပြီး ကမ္ဘာ့ဂေါ့ဖ်ချိန်ပီယံ 18 ခု ကိုလည်းရရှိထားသူပါ ။ 2019 မေလတွင် တိုက်ဂါးဝုဒ်သည် Presidential Medal of Freedom ဆုကိုဒေါနယ်ထရမ့်မှ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့် စတုတ္ထမြောက်ဂေါ့ဖ်သမား ဖြစ်လာခဲ့ပါတယ်။
ဖေဖော်ဝါရီ 23 ၊ 2021 မှာတော့ သူသည် ကားတစ်စီးနဲ့တိုက်မိပြီးနောက် ညာဘက်ခြေထောက် တွင်ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီးဆေးရုံတင်ရကာ အရေးပေါ်ခွဲစိတ်ကုသမှု များပြုလုပ်ခဲ့ရပါတယ်။ 2021 နိုဝင်ဘာလ Golf Digest နှင့် အင်တာဗျူးတစ်ခုတွင် တိုက်ဂါးဝုဒ်က " သူရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝကပြီးဆုံးသွားခဲ့ပါပြီ ဒါပေမဲ့ တစ်နှစ်ကိုပွဲအနားငယ်တော့ဆက်ကသစားဖြစ်အုံးမှာပါ “ လို့ပြောကြားသွားခဲ့ပါတယ်။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
#k9mmmedia
#golfer
#TigerWoods
နောက်ဆုံးရသတင်းများ

𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥


တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚