2025 ခုနှစ် ဘောလွန်းဒီအောဆု အတွက်ရေပန်းအစားဆုံး ကစားသမား ၅ ယောက်

Admin
2 လ ခန့်က
Sport Articles
2025 ခုနှစ် ဘောလွန်းဒီအောဆု အတွက်ရေပန်းအစားဆုံး ကစားသမား ၅ ယောက်

၂၀၂၅ ဘောလုံးရာသီကလည်း တဖြည်းဖြည်းနဲ့ ကုန်ဆုံးတော့မှာပဲဖြစ်ပါတယ်။ ဘောလုံးရာသီ တစ်ခုပြီးတာနဲ့ ပရိတ်သတ်တွေက ခြေစွမ်းပြတဲ့ ကစားသမားတွေကို ဘောလွန်းဒီအောဆုအတွက် မျှော်လင့်ခဲ့ကြပါတယ်။ မက်စီ နဲ့ ရော်နယ်ဒိုတို့ Goat ကြီးနှစ်ပါးက ၁၀ စုနှစ်တစ်ခုကြာ ဘောလွန်းဒီအောဆုကို ကြီးစိုးခဲ့ပြီး ဒီနောက်ပိုင်းကာလတွေမှာတော့ မက်စီ ၊ ရော်နယ်ဒို မပါဝင်တဲ့ ဘောလွန်ဒီအောပွဲတွေကို ဘောလုံးပရိတ်သတ်တွေ စတင်ခံစားရတော့မှာပဲဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ အသင်းကို အများကြီး အထောက်အကူပြုနေတဲ့ ကစားသမားတွေအများကြီးရှိပါတယ်။ အဲ့ထဲကမှ ၂၀၂၅ ဘောလွန်းဒီအောဆုအတွက် ရေပန်းအစားဆုံးကစားသမား ၅ ယောက်ကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။

၁. ဟာရီကိန်း

ဂျာမန် အင်အားကြီး ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဘာယန်မြူးနစ် အသင်း နဲ့ အင်္ဂလန် လက်ရွေးစင် အသင်း တို့အတွက် အဓိကအားထားရတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဟာရီကိန်းက ဒီရာသီ ဘွန်ဒက်လီဂါမှာ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ပြသနိုင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဟာရီကိန်းက ဒီရာသီ ၃၄ ဂိုးအထိ သွင်းယူထားနိုင်ပြီး ၁၀ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဒီရာသီ ဘွန်ဒက်လီဂါမှာ ၂၁ ဂိုးအထိ သွင်းယူထားနိုင်ပြီး ဘွန်ဒက်လီဂါ ရဲ့ သွင်းဂိုးအများဆုံးကစားသမား တစ်ဦးလည်းဖြစ်ပါတယ် ။

၂. အမ်ဘာပေ

ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အဓိကကစားသမား တစ်ဦးဖြစ်ပြီး အလားအလားကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့ အမ်ဘာပေ ကလဲ ဒီစာရင်ထဲမှာ ပါကိုပါရမယ့်ကစားသမား တစ်ဦးပဲဖြစ်ပါတယ်။ အမ်ဘာပေ က ဥရောပ ဘုရင်ကြီး ရီးရဲလ်ကို ဒီရာသီမှ ပြောင်းလာခဲ့ပြီး အစပိုင်းမှာတော့ ခြေစွမ်းပြဖို့ အတော်လေးရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အသင်းနဲ့ အသားကျကာ အသင်းကို တကိုယ်တော် အကောင်းဆုံး ထမ်းတင်နေတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။အမ်ဘာပေ က ဒီရာသီ ၃၃ ဂိုးအထိ သွင်းယူထားပြီး ၅ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။

၃. ဆာလတ်

ဒီရာသီ တကယ့်ကို on fire နေတဲ့ ကစားသမားတွေအကြောင်းပြောမယ်ဆိုရင် ဆာလတ်ကို ချန်ထားခဲ့လို့မရပါဘူး။ ဆာလတ်က အသက်အရွယ်နဲ့ မလိုက်အောင် ဒီရာသီမှာ ကြမ်းပြရမ်းပြနေတာပဲဖြစ်ပါတယ်။ နည်းပြသစ် လက်ထပ် လီပါပူး အသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်ပြီး ဒီရာသီ စုစုပေါင်း ၃၂ ဂိုးအထိ သွင်းယူထားနိုင်ပြီး ၂၂ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။ မကြာသေခင် အချိန်တုန်းကပဲ လီပါပူး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလားကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ် မှာ စုစုပေါင်း ၂၇ ဂိုးအထိ သွင်းယူထားနိုင်ပြီး သွင်းဂိုးအများဆုံးကစားသမား တစ်ဦးအဖြစ် ထိပ်ဆုံးကဦးဆောင်နေတာပဲဖြစ်ပါတယ်။

၄. ယာမယ်

ယာမယ် က ဒီနှစ်ဘောလုံးရာသီ ရဲ့ အတောက်ပဆုံး လူငယ်ကစားသမား တစ်ဦးဖြစ်ပြီး ဘာစီလိုနာ အသင်းနဲ့ အတူ အမြင့်ပျံသန်းနေတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ် ။ ယာမယ် ရဲ့ အသက်က အခုမှ ၁၇ နှစ်နှစ်သာ ရှိသေးပြီး အသက်အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းတွေနဲ့ အတူ အသင်းတိုင်းကို ဖြိုခွဲနေတာပဲဖြစ်ပါတယ်။ ယာမယ်က ဒီရာသီ ၁၃ ဂိုးအထိ သွင်းယူထားပြီး အကြိမ် ၂၀ ထိ ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းနဲ့လဲ ကိုပါဒယ်ရေးဖလားနဲ့ ၊ စပိန် စူပါကပ် တို့ကို သိမ်းပိုက်ထားနိုင်ပြီး လာလီဂါဖလားကို သိမ်းပိုက်နိုင်ဖို့အတွက်လည်း လက်တစ်ကမ်းအလိုသာ ကျန်တော့ပြီး ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ ယာမယ် က ဘာစီလိုနာ အသင်းတိုက်စစ်ရဲ့ အဓိက ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။

၅. ရာဖင်ညာ

ရာဖင်ညာက ဒီရာသီ ဘာစီလိုနာ အသင်းအတွက် အထိက ခြေစွမ်းပြသနေပြီး ၃၁ ဂိုးအထိ သွင်းယူကာ ၁၉ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ် ။ ဘာစီလိုနာ အသင်းရရှိတဲ့ သွင်းဂိုးတိုင်းနီးပါနဲ့ ပါဝင်ပတ်သတ်နေတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး သူ့ရဲ့ တိုးအား ၊ ရုန်းအား ၊ လှပတဲ့ အဝေးကန်ချက်တွေ ၊ ထူးချွန်ပြောင်မြောက်တဲ့ တစ်ဦးချင်းကျော်ဖြတ်ပုံတွေ နဲ့ ပြိုင်ဘက်တွေကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ် ။ ရာဖင်ညာက လည်း ယာမယ် အတိုင်းပဲ ဘာစီလိုနာ အသင်းနဲ့အတူ ကိုပါဒယ်ရေးဖလားနဲ့ ၊ စပိန် စူပါကပ် တို့ကို သိမ်းပိုက်ထားနိုင်ပြီး လာလီဂါဖလားကို သိမ်းပိုက်နိုင်ဖို့အတွက်လည်း လက်တစ်ကမ်းအလိုသာ ကျန်တော့ပြီး ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ 2025 ခုနှစ် ဘောလွန်းဒီအောဆု အတွက်ရေပန်းအစားဆုံး ကစားသမား ၅ ယောက် အကြောင်းပဲဖြစ်ပါတယ်။ပရိတ်သတ်တွေရော ဘယ်ကစားသမားက ဘောလွန်းဒီအော ဆုကို ရရှိသွားမယ်ထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#harrykane

#kylianmbappe

#lamineyamal

#raphinha

#ballondor

Leave a reply