ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တဲ့ ဂျိုရှုအာဗန်

Ma Nyein
2 ပတ် ခန့်က
Sport Articles
ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တဲ့  ဂျိုရှုအာဗန်

အမေရိကန် ပြည်ထောင်စု မိုင်ယာမီ မြိုမှာကျင်းပခဲ့တဲ့ ကမ္ဘာ့အကြီးမားဆုံး နဲ့ လူစိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ UFC 317 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာ ဗန် က UFC Flyweight Ranking 1 မှာရှိနေတဲ့ ဘရန်ဒန် ရိုဗာ နဲ့ ၃ ချီလုံးကို အကြိတ်အနယ် ထိုးသတ်သွားခဲ့ပြီး နောက်ဆုံးမှာတော့ ဒိုင်အဆုံးအဖြတ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ် ။ ဒီပွဲစဥ်ကို ဂျိုရှုအာ ဗန် အနေနဲ့ အစားထိုးဝင်ရောက် ယှဥ်ပြိုင်သွားရတာဖြစ်ပြီး ဒီပွဲအတွက် ပြင်ဆင်ချိန် ၃ ပတ်သာ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဇွန် လအတွင်းမှာပဲ ဘရာဇီး ဖိုက်တာ ဘရူနို ဆေးဗေး နဲ့ UFC 316 မှာ ယှဥ်ပြိုင်ထိုးသတ်ပြီး နောက်တစ်ရက်အကြာမှာပဲ အစားထိုး ယှဥ်ပြိုင်ထိုးသတ်ဖို့ အတွက် ကမ်းလှမ်းမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပွဲမစင်ခင် က ဘရန်ဒန် ရိုဗာ ရဲ့ စကားလုံးတွေနဲ့ စိန်ခေါ်မှုတွေကိကို ဂျိုရှုအာ ဗန် အနေနဲ့ စကားတွေ အများကြီးပြောမနေပဲ ပြိုင်ပွဲအတွင်းက သူ့ရဲ့ အားပါပြင်းထန်တဲ့ လက်သီးချက်တွေနဲ့ အတူ အကောင်းဆုံးပြန်လည် တုန့်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

ဂျိုရှုအာ ဗန် နဲ့ ဘရန်ဒန် ရိုဗာ တို့ရဲ့ ပွဲစဥ်က ပရိတ်သတ်တွေ အားလုံမျှော်လင့်နေကြတဲ့ အတိုင်း ပြင်းထန်ပြီး အကြိတ်အနယ်ရှိခဲ့ပါတယ်။ 5 မိနစ် ၃ ချီလုံးကို ဖိုက်တာ နှစ်ယောက်လုံးက အကြိတ်အနယ် ယှဥ်ပြိုင်သွားပြီး တကယ့်ကို ကြည့်လို့ကောင်းတဲ့ ပွဲစဥ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ Fight of the Year ဆန်ကာတင်တောင် ဝင်သွားနိုင်တဲ့ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ရိုဗာက အရပ်ရှည် ၊ လက်တံရှည်တော့ ထောက်လက်သီး သုံးတယ် ၊ ခြေကန်တယ်။ဗန် က အဲဒါကို ပါးပါးနပ်နပ် နဲ့ အနီးကပ်တွဲလုံးတွေ သပ်သပ်ရပ်ရပ် ချပြတယ်။ အရမ်းကို မာပါတယ်ဆိုတဲ့ ရိုဗာ လို ဖိုက်တာမျိုးတောင် ဗန် ရဲ့ တိကျသေချာပြီး အားပါပြင်းထန်တဲ့ ထိုးချက်တွေကြောင့် တတိယအချီပြီးခါနီးမှာ KD ပါကျပါသေးတယ် ။ ရိုဗာ အတွက်ကတော့ ပွဲချိန်ပြည့်သွားလို့သာ ကံကောင်းသွားတာပါ ။ ဗန် အနေနဲ့လည်း ဒီပွဲစဥ်မှာ အထိတော်တော်လေးကို နာပါတယ် ။ မာဂုဏ် မြင့်မားပြီး ခံနိုင်ရည် ရှိရှိ နဲ့ ကောင်တာတွဲလုံးတွေကို ထိုးနိုင်ခဲ့တာကြောင့် ရိုဗာ အတွက် ပိုမိုခက်ခဲစေခဲ့ပါတယ်။ တဖြည်းဖြည်း ကြာလာတာနဲ့ အမျှ ရိုဗာတစ်ယောက် တည်ငြိမ်မှု မရှိတော့ပဲ တိုက်စစ် အလွန်အကျွံ ဖွင့်ထိုးတာကြောင့် ဗန် ရဲ့ ကောင်တာ လက်သီးတွေထိပြီး စောင့်တည်ရာ မရဖြစ်ခဲ့ရပါတယ်။ ဗန် က တစ်ပွဲထက် တစ်ပွဲပိုမို ကောင်းမွန် လာတဲ့ လူငယ်ဖိုက်တာလေး တစ်ယောက်ဖြစ်တယ် ဆိုတာ တစ်ကမ္ဘာလုံးက လက်ခံထားပါပြီ ။

ဒီနိုင်ပွဲနဲ့ပါဆိုရင် ဗန်ဟာ ၁နှစ်အတွင်း UFCပြိုင်ပွဲ ၅ ပွဲဆက်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လထဲမှာ ချားလ် ဂျွန်ဆင်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ၅ ပွဲ စလုံးကို ဗန်အနေနဲ့ ဆက်တိုက်ဆိုသလို အနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ဒီနိုင်ပွဲကြောင့် ဂျိုရှုအာ ဗန် အနေနဲ့ အခုလက်ရှိ Flyweight တန်း ချန်ပီယံကြီး ပန်နိုဂျာ နဲ့ ချန်ပီယံ ခါးပတ်လုပွဲကို ယှဥ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။ ဒီ ရိုဗာ နဲ့ ပွဲစဥ် က ဗန်အတွက် ခက်ခဲခဲ့ပါတယ်။ ပြိုင်ဘက် က လက်တံ ခြေတံ တွေ သိသိသာသာ ပိုရှည်သလို အလုံးအထည်ကလည်း တော်တော်လေးကို ကွာပါတယ် ။ ဗန် အတွက် ပြင်ဆင်ချိန် ကလည်း ၃ ပတ်သာရရှိခဲ့ပေမယ့် ကြမ်းပါတယ်ဆိုတဲ့ UFC Flyweight Ranking 1 ကြီးကို ဒိုင်အဆုံးအဖြတ် နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#joshuavan

#fighter

#mma

#ufcflyweight

#championship

Leave a reply