တောက်မယ့်မီးခဲ တရဲရဲဖြစ်နေတဲ့ ယာမယ်

ယာမယ် ဆိုတဲ့ ကောင်လေးက ဘာစီလိုနာ အသင်းနဲ့ အတူ ဘောလုံးပရိတ်သတ်တွေရဲ့ မျက်စိအရှေ့ကို ထွက်ပေါ်လာခဲ့တယ်။ အသက် ၁၅ နှစ်အရွယ်လေးနဲ့ ဘာစီလိုနာလို အသင်းကြီးမှာ ပွဲကစားဖို့က သိပ်ကို ခက်ခဲတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အသင်းရဲ့ အရှိန်အဝါ ၊ အသင်းကြီး တစ်သင်းရဲ့ ဖိအားတွေကြောင့် အတွေ့အကြုံ ရင့်ကျက်ပြီး ကောင်းပါတယ်ဆိုတဲ့ ကော်တင်ဟို တို့လို ကစားသမားတွေတောင် ခြေစွမ်းကောင်းကောင်းမပြသနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ယာမယ်က အခုမှ အသက် ၁၇ နှစ် အရွယ်သာရှိသေးပေမယ့် ဘာစီလိုနာ အသင်းရဲ့ မရှိမဖြစ်တဲ့ အဓိက ကစားသမား တစ်ဦးဖြစ်လာခဲ့ပါတယ်။ ယာမယ် တစ်ယောက် ရာသီအစထဲက ဘာစီလိုနာ အသင်းရဲ့ ပွဲစဥ်တိုင်းလိုလို မှာ အရေးပါတဲ့ ကစားသမားတစ်ယောက် အဖြစ်ပါဝင်နေတာပဲဖြစ်ပါတယ်။ အသက်အရွယ် ငယ်ငယ်လေးနဲ့ စပိန် အသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်နေပြီး ယူရိုမှာလည်း စပိန် အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ပွဲစဥ်တောက်လျောက် အကောင်းဆုံး ကစားသမားဆုကိုလည်း ယာမယ်တစ်ယောက် ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ယာမယ်က ငယ်ရွယ်ပေမယ့် သူ့ရဲ့ ကောင်းမွန်တဲ့ဖြတ်ထိုးညဏ် ၊ ဘောလုံးအခြေခံ ပိုင်နိုင်တာတွေ ၊ တစ်ဦးချင်း ထိုးဖောက်နိုင်စွမ်းတွေ ၊ လှပသေသပ်တဲ့ ဝှေ့ဝိုက် ကန်ချက်တွေက ယာမယ်ကို ကမ္ဘာ့အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယာမယ် ရဲ့ အသက်က ၁၇ နှစ်သာရှိသေးပေမယ့် ဘာစီလိုနာ အသင်းကြီးနဲ့ အတူ ပွဲပေါင်း ၁၀၀ ကျော်ကစားခဲ့ပြီးပြီ ဖြစ်ပါတယ် ။ ယာမယ် က ဘာစီလိုနာ အသင်းကြီးနဲ့ အတူ ပွဲပေါင်း ၁၀၀ ကျော် ကစားခဲ့ပြီး ၂၂ ဂိုးအထိ သွင်းထားနိုင်ပြီး ၃၃ ဂိုးအထိ ဖန်တီးမှု ပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ် ။ ယာမယ် ရဲ့ ဘာစီလိုနာ အသင်းက ကံမကောင်းစွာနဲ့ပဲ ချန်ပီယံလိဂ် စီးမီးဖိုင်နယ် အဆင့်ကနေ အင်တာမီလန် အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပဲဖြစ်ပါတယ် ။ဒါပေမယ့် အင်တာမီလန်လို အသင်းကြီးမျိုးနဲ့ ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်လို ပွဲစဥ်မှာ ယာမယ် က အသက်အရွယ်နဲ့မလိုက်အောင် ရှိန်နေတာ ၊ ပြာယာခက်နေတာမျိုး တစ်စက်မှ မရှိပဲ အတွေ့အကြုံပြည့်ဝနေတဲ့ အင်တာမီလန် အသင်းရဲ့ ဘယ်ခြမ်းကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တာပဲဖြစ်ပါတယ်။ ယာမယ်က အင်တာမီလန် အသင်းနဲ့ တွေ့ဆုံတဲ့ ပွဲစဥ် ၂ ပွဲလုံးမှာ လေ့ကျင့်ကွင်းထဲမှာ ကစားနေတဲ့ အတိုင်း ကစားနေပြီး အင်တာမီလန် အသင်းရဲ့ ခံစစ်ကို အကြိမ်ကြိမ် ထိုးနှက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယာမယ် က တောက်မယ့်မီးခဲ တရဲရဲ ဆိုတဲ့ အတိုင်း ပြိုင်ဘက်မရွေးဘူး ၊ ပွဲစဥ်မရွေးဘူး ၊ ပွဲတိုင်းလိုလို ဆိုဒ်ပိ မနေဘူး ၊ ရှိန်မနေဘူး ၊ သူလုပ်စရာရှိတာ သူလုပ်ပြီး ဘာစီလိုနာ အသင်းကို အကြိမ်ကြိမ် ကယ်တင်နေတာပဲဖြစ်ပါတယ်။
ယာမယ် ဟာ အင်တာမီလန်နဲ့ ဒုတိယအကျော့မှာ ကန်ချက်(၉)ကြိမ် လုပ်နိုင်ခဲ့သလို ဘာစီလိုနာ တစ်သင်းလုံးရဲ့တိုက်စစ်ဝန်ကိုအသက်အရွယ်နဲ့ မမျှအောင် ထမ်းပိုးခဲ့သူဖြစ်ပါတယ်။ ယာမယ် က ကမ္ဘာ့အကောင်းဆုံး ဘယ်ခြမ်းခံစစ် ကစားသမား တော်တော်များများနဲ့ ပြိုင်ဘက်အနေနဲ့ ယှဥ်ပြိုင်ကစားခဲ့ပြီးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ယာမယ် က ကမ္ဘာ့အကောင်းဆုံး ဘယ်ခြမ်းခံစစ် ကစားသမားတွေကို အလဲအကွဲ ဖြစ်အောင် အကြိမ်ကြိမ် ဒုက္ခပေးပြီးပြီ ဖြစ်ပါတယ်။ ဒီလို ကစားသမားမျိုးကို ဘာစီလိုနာ အသင်းပိုင်ဆိုင်ထားတာက တန်ဖိုးရှိတဲ့ ရတနာ တစ်လုံးကို ပိုင်ဆိုင်ထားသလိုပါပဲ ။ လမိုင်း ယာမယ် အခုလက်ရှိပြသနေတဲ့ ခြေစွမ်းတွေနဲ့ တောက်ပပြနေတဲ့ အရှိန်ကြီးက အင်မတန်ကြောက်ဖို့ကောင်းနေပြီး ဘောလုံးလောကရဲ့ GOAT နှစ်ပါးဖြစ်တဲ့ မက်စီ နဲ့ ရော်နယ်ဒို လို ဘောလွန်းဒီအော အမြောက်အများကို ဆွတ်ခူးသွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#lamineyamal
#barcelona
#stricker
#bestplayeraward
#premierleague
နောက်ဆုံးရသတင်းများ



𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥
