ပြင်သစ် လိဂ်ဂူး ၂ ကို တန်းဆင်းရတော့မယ့် လိုင်ယွန်အသင်း

ဘဏ္ဍာရေးစည်းမျဉ်းနဲ့ မညီမျှမှုကြောင့် ပြင်သစ်အမှတ်ပေးဖလား (၇)ကြိမ်ချန်ပီယံလိုင်ယွန်ဟာ လီဂူး-၂ထံ တန်းဆင်းပြစ်ဒဏ်ချမှတ်ခံရတော့မှာပဲဖြစ်ပါတယ်။ဒီပြစ်ဒဏ်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က ပြင်သစ်ဘောလုံးလောကကို တုန်လှုပ်စေခဲ့ပြီး လိုင်ယွန်ပရိသတ်များအတွက် ကြီးမားသော ထိတ်လန့်စရာ သတင်းဖြစ်ပါတယ်။လိုင်ယွန် အသင်းက မနှစ်ကဘောလုံးရာသီမှာ သူတို့ရဲ့ အကောင်းဆုံးပုံစံတွေနဲ့ အတူ ပြင်သစ် လိဂ်ဂူးဝမ်း အမှတ်ပေးဇယားမှာ ခက်ခက်ခဲခဲ နဲ့ နောက်ဆုံးပွဲစဥ်အထိ အကြိတ်အနယ် ယှဥ်ပြိုင်ပြီး အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် ဥရောပဝင်ခွင့်တစ်နေရာကိုလည်း ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ လိုင်ယွန်အသင်းက ယူ ရို175သန်းအကြွေးတင်နေပြီး အဆိုပါပြဿနာကိုဖြေရှင်းဖို့ရေယန်ချာကီကိုမန်စီးတီးထံရောင်းချခြင်း၊အသင်းပိုင်ရှင်ဂျွန်တက်ဇ်တာရဲ့ခရစ္စတယ်ပဲလေ့စ်မှရှယ်ယာတွေကို ထုတ်ရောင်းခြင်းများပြုလုပ်ခဲ့ပေမယ့် ဆေးမမီလိုက်ဘူး။ဒါနဲ့ပဲ မလိုချင်တဲ့တန်းဆင်းခြင်းကို ပိုင်ဆိုင်သွားပါတော့တယ်။
ပြီးခဲ့တဲ့ပြင်သစ်လီဂူး-၁မှာအဆင့်(၆)နေရာနဲ့ရာသီသိမ်းကာဥရောပဝင်ခွင့်ရရှိထားတဲ့လိုင်ယွန်အနေနဲ့ အယူခံတင်သွင်းခြင်းသာ ရွေးချယ်စရာရှိပါတော့တယ်။သူတို့ကိုယ်တိုင်ကလည်းပြစ်ဒဏ်အမိန့်ထွက်ပေါ်လာပြီးနောက်သူတို့ဘက်ကအမှားအယွင်းမရှိကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အယူခံရှုံးရင်တော့ လိုင်ယွန်ဟာနောက်ရာသီမှာ လီဂူး-၂ ကနေ ယှဉ်ပြိုင်ရဖို့ဖြစ်သွားပါလိမ့်မယ်။လိုင်ယွန်ဟာ ယူ ရို 175 သ န်း ကြွေးမြီရှိနေပြီး ဒီဘဏ္ဍာရေးအကြပ်အတည်းကို ဖြေရှင်းဖို့ တိကျသေချာတဲ့ အနာဂတ်အစီအစဉ် မရှိတဲ့အတွက် တန်းဆင်းပြစ်ဒဏ်နဲ့ ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံရဖို့ ဖြစ်လာခဲ့ပါတယ်။ဒီနွေမှာ လိုင်ယွန်ဟာ အသင်းရဲ့ကွင်းလယ်လူ Ryan Cherki ကို မန်စီးတီးဆီ ယူ ရို 42.5 သ န်း နဲ့ လက်လွှတ်ခဲ့ပြီး အသင်းပိုင်ရှင် John Textor ကလည်း သူ့ရဲ့ ခရစ္စတယ်ပဲလေ့စ်ရှယ်ယာတွေကို ယူ ရို 237 သ န်း နဲ့ လက်လွှတ်ခဲ့ပါတယ်။ဒါပေမယ့်လည်း ပြင်သစ်ကလပ်တွေရဲ့ ဘဏ္ဍာရေးအခြေအနေတွေကို စိစစ်အကဲဖြတ်တဲ့အဖွဲ့ DNCG ကနေ လိုင်ယွန်ရဲ့ ဘဏ္ဍာရေးအခြေအနေဟာ လုံလုံလောက်လောက် မတိုးတက်ခဲ့ဘူးလို့ ဆုံးဖြတ်ပြီး ခုလို တန်းဆင်းဖို့ ပြစ်ဒဏ်ချခဲ့တာပဲဖြစ်ပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ DNCG မှ စစ်ဆေးမှုများပြုလုပ်ပြီးနောက် လိုင်ယွန် အသင်းအပေါ် အခုလို ဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်ပါတယ်။လိုင်ယွန်အသင်းကဘဏ္ဍာရေး မတည်ငြိမ်မှုများကြောင့် နိုဝင်ဘာလကတည်းက သတိပေးခံထားရပြီး လိုအပ်သည့် ငွေကြေးများကို ဖြည့်ဆည်းရန် အချိန်ပေးခဲ့သော်လည်း အချိန်မီမလုပ်ဆောင်နိုင်ခဲ့တာကြောင့်ပဲ အခုလို ပြစ်ဒဏ်ချခံခဲ့ရတာပဲဖြစ်ပါတယ်။ တကယ်လို့ လိုင်ယွန် အသင်းအနေနဲ့ တန်းဆင်းသွားခဲ့ရင် ၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တန်းဆင်းရခြင်း ဖြစ်လာမှာပါ။ လိုင်ယွန် အသင်းရဲ့ အယူခံဝင်ခြင်းရလဒ်က အသင်းရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးလာပြီဖြစ်သည်။ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ပြင်သစ် လိဂ်ဂူး ၂ ကို တန်းဆင်းရတော့မယ့် လိုင်ယွန်အသင်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#ligue2
#lyon
#ryancherki
#midfielder
#france
နောက်ဆုံးရသတင်းများ

𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥


တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚