ပီအက်ဂျီ အသင်းရဲ့ ဖလား ၃ လုံးအောင်ပွဲမှာ အဓိက အရေးပါတဲ့ ကွင်းလယ် အတွဲ

Admin
1 လ ခန့်က
Sport Articles
ပီအက်ဂျီ အသင်းရဲ့ ဖလား ၃ လုံးအောင်ပွဲမှာ အဓိက အရေးပါတဲ့  ကွင်းလယ် အတွဲ

ပီအက်ဂျီ အသင်းက နည်းပြအသစ် လူးဝစ် အန်ဒရီကေး လက်ထပ်မှာ အကောင်းဆုံး အသင်းတစ်သင်းအဖြစ် ရပ်တည်နေပြီး ပထမဆုံးရာသီမှာပဲ ဆုဖလားသုံးလုံးအောင်ပွဲနဲ့ အမြင့်ပျံ နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ပီအက်ဂျီ အသင်းရဲ့ ကစားသမား အားလုံးက အသင်းရဲ့ ဆုဖလားအောင်မြင်မှုတွေ မှာ အရေးပါသလို မေ့ဖျောက်ပစ်လို့လဲမရပါဘူး။ ပီအက်ဂျီ အသင်းရဲ့ ဖလား ၃ လုံးအောင်ပွဲမှာ အဓိက အရေးပါခဲ့တာကတော့ ကွင်းလယ် ၃ ယောက်အတွဲဖြစ်တဲ့ ဖေဖီယမ် ရု ၊ ဗီတင်ဟာ နဲ့ ဂျာအို နားဗက် တို့ပဲဖြစ်ပါတယ်။ ဒီ ကွင်းလယ် သုံးယောက်က ပီအက်ဂျီ အသင်းရဲ့ ဆုဖလားတွေ သိမ်းပိုက်တဲ့ လမ်းကြောင်းတစ်လျောက် အဓိက ခြေစွမ်းပြခဲ့သလို အသင်းအတွက်လည်း မရှိမဖြစ် ကစားသမားတွေဖြစ်ခဲ့ကြတယ်။ ဒီကွင်းလယ် ကစားသမား ၃ ယောက် ရဲ့ နားလည်းမှု ရှိရှိ နဲ့ တစ်ယောက်အားနည်းချက်ကို နောက်တစ်ယောက်က လိုက်ပါဖြည့်ဆည်းပေးနိုင်တာတွေက အသင်းကို အောင်မြင်စေတဲ့ အဓိက အချက်ပဲဖြစ်ပါတယ်။


ဗီတင်ဟာ က ဒီနှစ် ချန်ပီယံလိဂ် ဖိုင်နယ်မှာ အဓိက ခြေစွမ်းပြခဲ့ပြီး သူဆီက ကြောက်စရာ ကောင်းတဲ့ ဘောလုံးပေးပို့မှုတွေ ၊ ဘောလုံး လမ်းကြောင်းမျှောထိုးမှုတွေ ၊ လျှင်မြန် တဲ့ ဘောလုံး ဆွဲပြေးမှုတွေ ၊ တစ်ဦးချင်း ကျော်ဖျက်မှုတွေကို ထမင်းစားရေသောက်တွေ့ခဲ့ရတယ်။ ဗီတင်ဟာ ရဲ့ တိုက်စစ် ကို နားလည်နိုင်စွမ်း က အင်မတန်ကြောက်စရာ ကောင်းတယ်။ ဗီတင်ဟာ လိုပဲ ဂျာအို နားဗက်ရဲ့ အခန်း ကဏ္ဍကလည်း ပီအက်ဂျီ အသင်း ရဲ့ ဆုဖလားအောင်မြင်မှုတွေမှာ အဓိက အရေးပါခဲ့တယ်။ အသက်အရွယ် နဲ့ မလိုက်တဲ့ ခြေစွမ်းတွေကို အရင် အသင်းဟောင်းဖြစ်တဲ့ ဘင်ဖီကာ အသင်းမှာထဲက ပြသနိုင်တဲ့ ဂျာအိုနားဗက် တစ်ယောက် အခုချိန်မှာလဲ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ဆက်လိုက် ထိန်းသိမ်းထားနိုင်တာပဲဖြစ်ပါတယ်။ ဂျာအို နားဗက် က လုပ်အားနှုန်း ကောင်းကောင်း နဲ့ ပီအက်ဂျီ အသင်းရဲ့ ခံစစ် ကို အများကြီး အထောက်အပံ ပေးနိုင်ခဲ့သလို သူရဲ့ ဘောလုံးဖြတ်ထုပ်ပုံ ၊ ဘောလုံးလုယူပုံတွေက သိပ်ကို ကြောက်စရာကောင်းတယ်။ ပီအက်ဂျီ အသင်းရဲ့ ခံစစ်ကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ ဘောလုံးတိုင်းကို ကွင်းလယ်ကနေ မမောနိုင်မပန်းနိုင် ဒိုင်ခံဖြတ်ထုပ်ပေးနေတဲ့ လူက ဂျာအို နားဗက်ပါ ။ ဗီတင်ဟာ ရဲ့ တိုက်စစ်ကို နားလည်နိုင်စွမ်းက ကြောက်စရာ ကောင်းသလို ဂျာအိုနားဗက် ရဲ့ ခံစစ် ကို နားလည်းနိုင်စွမ်းကလည်း အလားတူ ကြောက်ဖို့သိပ်ကောင်းပါတယ်။ ဂျာအို နားဗက် ရှိနေခြင်းကြောင့် ဗီတင်ဟာ က တိုက်စစ်ကို စိတ်ချလက်ချ လိုက်ပါကစားနိုင်သလို ဗီတင်ဟာ ကိုလည်း ပိုပြီး လွတ်လွတ်လပ်လပ် ကစားစေနိုင်ပါတယ်။ဒီကစားသမား နှစ်ယောက်လုံး ရဲ့ လိုအပ်ချက်တွေကို သူ့ရဲ့ အတွေ့အကြုံတွေ နဲ့ အကောင်းဆုံး လိုက်ပါဖြည့်ဆည်းပေးနေတဲ့ ကစားသမားကတော့ ဖေဖီယမ် ရု ပဲဖြစ်ပါတယ်။ ဖေဖီယမ် ရု က ကွင်းလယ် ဟန်ချက်ကို အကောင်းဆုံး ထိန်းပေးနိုင်ပြီး ပွဲတစ်ပွဲရဲ့ တန်ပို ကို အတင်အချ ကောင်းကောင်းလုပ်နိုင်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ အမြင့်ဘောရှင်းထုတ်မှုတွေ ကောင်းသလို သူရှိနေခြင်းက ပီအက်ဂျီ အသင်းရဲ့ ကွင်းလယ် အတွဲကို ပိုကောင်းမွန်စေပါတယ်။


ဒီလို ဟန်ချက်ညီသွားတဲ့ ကွင်းလယ် တစ်ခုကို ဖြိုခွဲဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ ပီအက်ဂျီ အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်လျောက် ကမ္ဘာ့ အကောင်းဆုံး ကွင်လယ်တွေ နဲ့ ရင်ဆိုင်ခဲ့ရပြီး အမြဲလိုလို အသာရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီကလန် ရိုက် ၊ အိုဒီဂတ် ၊ သောမက် ပါတေး တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကွင်းလယ်ကို ပီအက်ဂျီ အသင်းရဲ့ ကွင်းလယ် အတွဲ က အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့သလို လီပါပူး အသင်းရဲ့ ကွင်းလယ်ကို လည်း အကောင်းဆုံးကျော်ဖြတ်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ် ပီအက်ဂျီ အသင်းရဲ့ ကွင်းလယ် က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် တစ်ခုဖြစ်သလို ပီအက်ဂျီ အသင်းရဲ့ ဆုဖလား အောင်ပွဲတွေမှာ အဓိက ကျတဲ့ နေရာကနေပါဝင်ခဲ့တယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#luisenrique

#coach

#psg

#vitinha

#joaoneves

#fabianruiz

Leave a reply