ဂွာဒီယိုလာ နောက်တစ်ကြိမ် ဖြေရှင်းရမယ့် ပုံစံတူမေးခွန်း

မန်စီးတီး အသင်း က နည်းပြကြီး ဂွာဒီယိုလာ ကိုင်တွယ်တဲ့ အချိန်ကမှ ဥရောပ အသင်းကြီး တစ်သင်းရဲ့ အသွင်ကို အပြည့်အဝ ပြောင်းလဲ သွားခဲ့တာပါ ။ ဆုဖလား အောင်မြင်မှုတွေကိုလည်း နည်းပြကြီး ဂွာဒီယိုလာ စတင်ကိုင်တွယ်ပြီးတဲ့ အချိန်မှသာ ဖောဖာသီသီ ရရှိခဲ့တာပါ ။ ဂွာဒီယိုလာ ဆိုတဲ့ နည်းပြကလည်း ခပ်ပေါပေါ နည်းပြမှမဟုတ်တာ ။ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေ အကြောင်းပြောရင် ဂွာဒီယိုလာကို ချန်ထားခဲ့လို့ ဘယ်ရမလဲ ။ ဂွာဒီယိုလာ က သူ့ရဲ့ နည်းစနစ် ဉာဏ် ၊ ကမ္ဘာ့အဆင့် ကစားသမား ၊ ဝါရင့်ကစားသမား ၊ လူငယ်ကြယ်ပွင့် ကစားသမား အကုန်လုံးကို အကောင်းဆုံး ကိုင်တွယ်နိုင်တာတွေ တွေကို သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ အကောင်းဆုံးလုပ်ပြခဲ့ပြီးပြီးပဲဖြစ်ပါတယ်။ သူကိုင်တွယ်ပြီး အောင်မြင်မှုယူပြခဲ့တဲ့ အသင်းတွေကလည်း ဘာစီလိုနာ အသင်းတို့လို ၊ ဘာယန်မြူးနစ် အသင်းတို့လို မန်စီးတီး တို့လို တကယ့် ဒိတ်ဒိတ်ကြဲ အသင်းတွေကြီးပဲ ။ ဂွာဒီယိုလာ က မန်စီးတီး အသင်း စစရောက်ချင်း အချိန်မှာ ဖြေရှင်းခဲ့ရတဲ့ ပြဿနာ တစ်ခုရှိပါတယ်။အဲ့တာကတော့ အသင်းကို ရောက်ရောက်ချင်းမှာပဲ ကစားသမားကောင်းတွေ ၊ အလားအလာ ရှိပြီး အသင်းမှာ အသင့်သုံးလို့ရတဲ့ ကစားသမားတွေ ရှာဖွေပြီး အသင်းကို ပြန်လည်တည်ဆောက်ခဲ့တာပါ ။
ဂွာဒီယိုလာ မန်စီတီး အသင်းကို မရောက်ခင် မန်စီးတီး အသင်း ကစားသမားတွေ ရဲ့ အသက်အရွယ် က အကောင်းဆုံး အခြေအနေတစ်ခုမှာတော့ မဟုတ်ဘူး ။ ဘောလုံး အသင်းတစ်သင်းမှာ ၂၄ နှစ်အောက် ကစားသမားတွေလည်းရှိသင့်သလို ၂၄ နှစ်ကနေ ၂၈ နှစ် ကြားအသက်အရွယ် ရှိတဲ့ ကစားသမားတွေလည်းရှိသင့်ပါတယ်။ အသင်းကို သူ့ရဲ့ သဘာ ၊ ဝါ နဲ့ ထိန်းကြောင်းပေးမယ့် ၂၈ နှစ် အထက် ကစားသမားတွေလည်း အချိုးကျပါဝင်ဖို့လိုအပ်ပါတယ်။ ဒီအသက်အရွယ် တန်း ၃ ခု အချိုးကျ ပေါင်းစပ်နိုင်မှသာ အသင်းတစ်သင်းက အခြေခိုင်မှာဖြစ်ပေမယ့် ဂွာဒီယိုလာ မရောက်ခင် က မန်စီးတီး အသင်းမှာ ၂၈ နှစ် အထက် ရှိတဲ့ ကစားသမား အရေအတွက် က များနေခဲ့ပြီး ဂွာဒီယိုလာက အဲ့ပြသာနာကို ကစားသမားကောင်းတွေ ၊ သူ့ရဲ့ ကစားပုံ ကစားကွက် နဲ့ အန်ဝင်ပြီး ချက်ချင်း အသုံးပြုလို့ရမယ့် ကစားသမားတွေဝယ်ယူကာ အသင်းကို ပြန်လည်ဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ ဒီလို နဲ့ ပြဿနာ ကို ကောင်းကောင်းဖြေရှင်းနိုင်ခဲ့ပြီး ဆုဖလား နဲ့ အောင်မြင်မှု များစွာကို သိမ်းပိုက်ကာ ပရီးမီးယားလိဂ်ကို အုပ်စိုးခဲ့တဲ့ အချိန်တစ်ခုကို ရောက်ရှိခဲ့ပါပြီ ။ ဒီနှစ်မှာ မန်ချက်စတာစီးတီး နဲ့ မတူတဲ့ မန်ချက်စတာစီတီး အသင်းကို မြင်တွေ့ခဲ့ရတာပါ ။ တစ်နှစ်ပတ်လုံး တည်ငြိမ်မှု မရှိတဲ့ ခြေစွမ်း ၊ ကစားသမားတွေရဲ့ ကျဆင်းသွားတဲ့ စွမ်းဆောင်ရည် ဒါတွေက မျက်မြင်ကိုယ်တွေ့ပဲမလား ။ ဂွာဒီယိုလာ တည်ဆောက်ထားတဲ့ အသင်း ၊ သူတည်ဆောက်ထားခဲ့တဲ့ ကစားသမားတွေ က အကျပိုင်းကို ရောက်ရှိနေပါပြီ ။ အခု မန်စီးတီး အသင်း ဖြစ်နေတဲ့ ပြဿနာက ဂွာဒီယိုလာ မန်စီးတီး အသင်းကို ရောက်ရောက်ချင်းတုန်းက ကြုံခဲ့ရတဲ့ ပြဿနာမျိုးပါ ။ အခုချိန်မှာလည်း မန်စီးတီး အသင်းရဲ့ ကစားသမားတော်တော်များများက အသက် ၂၈ နှစ်ကျော် နေပါပြီ ။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားတာ ကိုတွေ့ခဲ့ရသလို အရင်လိုလည်း ဂွာဒီယိုလာ ရဲ့ နည်းစနစ် နဲ့ ရာနှုန်းပြည့် ပေးဆပ်ပြီး မကစားနိုင်တော့တာပါပဲ ။
အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂွန်ဒိုဂမ် ၊ ဒီဘရိုင်း ၊ အီမာဆန် တို့လို ကစားသမား အသက်အရွယ် တစ်ခုကို ရောက်ရှိလာတာက အသင်းကို အကျပိုင်းရောက်စေပါတယ်။ ဒါကြောင့်ပဲ ဂွာဒီယိုလာ က သူမန်စီးတီး အသင်းကို စတင်ကိုင်တွယ်တဲ့ အချိန်တုန်းက ပြဿနာ ကို နောက်တစ်ကြိမ်ထပ်မံကြုံတွေ့နေရတာပါ ။ ဂွာဒီယိုလာ တစ်ယောက် ဒီလိုမျိုး အလားတူ ပြဿနာ ကို လွန်ခဲ့တဲ့ ကာလတွေတုန်းက ပါးပါးနပ်နပ် နဲ့ ဖြေရှင်းပြီးခဲ့ပါပြီ ။ ဒီတစ်ခေါက်မှာ ရော နောက်တစ်ကြိမ် ဖြေရှင်းသွားနိုင်မလား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchestercity
#premierleague
#pepguardiola
#coach
#samequestion
နောက်ဆုံးရသတင်းများ

𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥


တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚