နောက်ထပ်တစ်ကြိမ် သွေးသစ်လောင်းအုံးမယ့် မန်စီးတီး အသင်း

Admin
1 လ ခန့်က
Sport Articles
နောက်ထပ်တစ်ကြိမ် သွေးသစ်လောင်းအုံးမယ့် မန်စီးတီး အသင်း

ဒီနှစ်ဘောလုံးရာသီမှာ မန်စီးတီး အသင်းက အနိမ့်အမြင့် အတက်အကျ ပေါင်းစုံ နဲ့ ရင်ဆိုင်ခဲ့ရပြီး တစ်နှစ်ပတ်လုံးလဲ မန်စီးတီး အသင်းနဲ့ မတူတဲ့ မန်စီးတီး အသင်းကို တွေ့မြင်ခဲ့ရပါတယ့် ။ တစ်ရာသီ လုံး မတည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ နဲ့ အတော်လေးကိုရုန်ကန်ခဲ့ရပြီး ဖလားလက်မဲ့ရာသီကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ မန်စီးတီး အသင်း ဘာလို့ ဒီလောက်ပြောင်းလဲသွားရတာလဲ ။ အရင်နှစ်တွေတုန်းက မန်စီးတီး အသင်းက အကောင်းဆုံးခြေစွမ်းတွေနဲ့ ပရီးမီးယားလိဂ်ကို အုပ်စိုးခဲ့တာပါ ။ ဒီလိုချက်ချင်းကြီး ကျဆင်းသွားရတဲ့ အကြောင်းအရင်းကတော့ မန်စီးတီး အသင်းရဲ့ အဓိက ကစားသမားတွေ အသက်အရွယ် တစ်ခုကို ရောက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဂွာဒီယိုလာ မန်စီးတီး အသင်းကို ရောက်ရောက်ချင်းတုန်း က ကြုံတွေ့ခဲ့ရတာလည်း ဒီပြဿနာပါပဲ ။ အဲ့ချိန်တုန်းက ဂွာဒီယိုလာ က ပါးပါနပ်နပ် နဲ့ပဲ ပြဿနာကိုဖြေရှင်းနိုင်ခဲ့ပါတယ်။ အသင်းကို သွေးသစ်လောင်းခဲ့ပြီး အောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့တယ်။


အခုချိန်မှာ ဆိုရင်တော့ ဂွာဒီယိုလာ သွေးသစ်လောင်းခဲ့တဲ့ ကစားသမားတွေလည်း အသက်အရွယ် တစ်ခုအရ အကျပိုင်းကို ရောက်ရှိနေပါပြီ ။ ဒါကြောင့် မန်စီးတီး အသင်းက နောက်ထပ်တစ်ကြိမ် သွေးသစ်လောင်းဖို့ လိုအပ်နေတယ်ဆိုတာ နည်းပြကြီး ဂွာဒီယိုလာက ကောင်းကောင်းကြီး နားလည်သဘောပေါက်ပါတယ်။ အဲ့တာကြောင့်ပဲ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်း နဲ့ ဂွန်ဒိုဂမ် တို့ရဲ့ နေရာ ကို သွေးသစ်လောင်းဖို့ ကြံရွယ်နေတာပဲဖြစ်ပါတယ်။ အဲ့တာအပြင် ဒီနှစ် မန်စီးတီး အသင်း အကျပိုင်းရောက်သွားစေခဲ့ အချက်တစ်ချက်ရှိပါသေးတယ်။ အဲ့တာကတော့ မန်းစီတီး အသင်းရဲ့ wing back ကစားသမားတွေရဲ့ တိုက်စစ်ပိုင်း လိုက်ကူတဲ့ အားပါ ။ ဒီနှစ်မှာ မန်စီးတီး အသင်းရဲ့ wing back ကစားသမားတွေက အရင်တုန်းက မန်စီးတီး အသင်း wing back ကစားသမားတွေလို တိုက်စစ်ပိုင်းကူတဲ့ အပိုင်းမှာ အတော်လေးအားနည်းနေတာပဲဖြစ်ပါတယ်။ အဲ့ပြဿနာ တွေကို ကောင်းကောင်းနားလည်တဲ့ နည်းပြကြီး ဂွာဒီယိုလာ က သူလုပ်ခဲ့ဖူးသလို အခုတစ်ကြိမ်မှာလည်း အသင်းရဲ့ လိုအပ်တဲ့ နေရာတွေမှာ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူပြီး နောက်ထပ်တစ်ကြိမ် သွေးသစ်လောင်းအုံးမှာပဲဖြစ်ပါတယ်။ မန်စီးတီး အသင်းက အသင်းရဲ့ ကွင်းလယ်နေရာ တွေ အတွက် အေစီမီလန် အသင်းရဲ့ ကစားသမား ရိုင်ဒါကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့သလို ဒီဘရိုင်းနား နေရာအတွက်လည်း လိုင်ယွန် အသင်းကနေ အလွတ်နဲ့ ထွက်ခွာမယ့် ချာလီ ကို‌ ခေါ်ယူနိုင်ဖို့လည်း အတော်လေးကို နီးစပ်နေပြီဖြစ်ပါတယ်။ မန်စီးတီး အသင်းက သူတို့အသင်းရဲ့ ကွင်းလယ်ကို သွေးသစ်လောင်းဖို့အတွက် ဒီအပြောင်းအရွှေ့ဈေးကွက်မှာ ကောင်းကောင်းကြီးကို လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီး အသင်းက သူတို့အားနည်းနေတဲ့ ခံစစ် နေရာတွေ အတွက်လည်း ကစားသမား အသစ်ခေါ်ယူဖို့ အရှိန်နဲ့ ဈေးကွက်မှာ လှုပ်ရှားနေတာပဲဖြစ်ပါတယ်။


မန်စီးတီး အသင်းက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်ခြမ်း ခံစစ် ကစားသမားတွေဖြစ်ကြတဲ့ နယူးကာဆယ် အသင်းရဲ့ ကစားသမား လီဘရာ မန်တို အပြင် ဝှစ် အသင်းရဲ့ ကစားသမား ရိုင်ယယ် အမ်နူရီ ကိုလည်း ခေါ်ယူဖို့ အသည်းအသန်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ မန်စီးတီး အသင်းက Club World Cup မတိုင်ခင် အသင်းကို ဒေါင်ဒေါင်မြည် ကွင်းလယ် နဲ့ တိုက်စစ်ကို လိုက်ပါအား ကောင်းတဲ့ ဘယ်ခြမ်း ခံစစ် စတဲ့ နေရာတွေ အတွက် ကစားသမားအသစ်တွေနဲ့ နောက်တစ်ကြိမ် သွေးသစ်လောင်းသွားဖို့ရှိပါတယ် ။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ နည်းပြကြီး ဂွာဒီယိုလာ လက်ထက် နောက်ထပ်တစ်ကြိမ် သွေးသစ်လောင်းသွားမယ့် မန်စီးတီး အသင်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#manchestercity

#premierleague

#pepguardiola

#coach

#striker

Leave a reply