ပြောင်းလဲမှု များစွာပြုလုပ်မယ့် မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် လို့ပြောလိုက်တာ နဲ့ တစ်ခေတ်တစ်ခါတုန်းက ဘယ်အသင်းမှထိပ်တိုက်ရင်ဆိုင် မတွေ့ချင်လောက်အောင် ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ခဲပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အအောင်မြင်ဆုံး နဲ့လူကြိုက်အများဆုံးကလပ် အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အကျပိုင်းကို ရောက်ရှိနေတာ အချိန်တစ်ခုကြာနေပါပြီ ။ အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး ဖာဂူဆန် အသင်းက ထွက်ခွာပြီး ကတည်းက အသင်းက အဘက်ဘက် ကနေ ကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။ အလားအလာကောင်းတဲ့ နည်းပြတွေ ၊ အတွေ့အကြုံ အများကြီး ရှိတဲ့ နည်းပြတွေ ခန့်အပ် ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က နည်းပြတွေ အတွက် သင်္ချိုင်း မြေတစ်ခုဖြစ်ခဲ့တယ်။
ဒီနှစ် ဘောလုံးရာသီမှာလည်း မန်ချက်စတာယူနိုက်တက် အသင်း က အသင်းသမိုင်းတစ်လျောက် အဆိုးဝါးဆုံး ရာသီတစ်ခုဖြစ်ခဲ့ပါတယ် ။ ဖလားလက်မဲ့ ရာသီ တစ်ခုကို ဖြတ်သန်းရမှာ ဖြစ်သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရပ်တည်မှုမှာလည်း အဆင့် ၁၅ နဲ့ ရာသီပိတ်ခဲ့တာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းက ယူရိုပါလိဂ် ဖလားကို ရအောင်ဆွတ်ခူးပြီး နောက်ရာသီ ဥရောပ ဝင်ခွင့်တစ်နေရာကို ရယူမယ်လို့ ဆုံးဖြတ်ပြီး ယူရိုပါလိဂ် ပြိုင်ပွဲတွေကို အာရုံစိုက်ခဲ့ပေမယ့် ဖိုင်နယ် ပွဲစဥ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ စပါးကို ရှုံးနိမ့်ပြီး နောက်ရာသီ အတွက် ဥရောပပြိုင်ပွဲတွေကို လက်ပြနှုတ်ဆက်ခဲ့ရတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းက သူတို့ရဲ့ အလားအလား ကောင်းတွေနဲ့ ၊ အရည်အသွေး အပြည့်အဝ ရှိတဲ့ နည်းပြ အာမိုရင်ကို နောက်ရာသီ အတွက် လုပ်ပိုင်ခွင့် အပြည့်အဝ ပေးပြီး အသင်းကို မြေလှန်ပြောင်းလဲချင်နေတာပဲဖြစ်ပါတယ်။ အာမိုရင် က ဒီနှစ်ဘောလုံးရာသီ ရာသီ ဝက်လောက်မှ မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိခဲ့ပေမယ့် အဘက်ဘက် ကနေ ပြိုကွဲနေတဲ့ အသင်းတစ်သင်းကို ယူရိုပါလိဂ် ဖိုင်နယ် ထိရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အာမိုရင် က အသင်းရဲ့ ထရိန်နင် တစ်ခုမှာ သူက နောက်ရာသီ အသင်းမှာ နည်းပြအဖြစ် ဆက်လက်ရှိမှာဖြစ်ကြောင်း သူမကြိုက်နှစ်သက်တဲ့ ကစားသမား အချို့ကို အသင်းသစ်ရှာဖွေနိုင်ကြောင်း ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းက ဆုဖလားတွေကို ပြန်လည်စိန်ခေါ်နိုင်ဖို့ အတွက် နောက်နှစ် ဘောလုံးရာသီမစခင် မှာ ပြောင်းလဲပြင်ဆင်မှုပေါင်းများစွာကို ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ အသင်းကနေထွက်ခွာမယ့် ကစားသမား တွေလည်း အများကြီး ရှိသလို နောက်ရာသီ အသင်းကို ရောက်ရှိလာမယ့် အရည်အသွေးပြည့်ဝ တဲ့ ကစားသမား အရေအတွက်ကလည်း မနည်းပါဘူး။ ဒီနှစ်နွေရာသီ အပြောင်အရွှေ့မှာ မန်ချက်စတာယူနိုက်တက် အသင်းက အသင်းကိုပြောင်းလဲ ပြင်ဆင်မှုပေါင်းများစွာပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ နောက်နှစ်ဘောလုံးရာသီ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အကောင်းဆုံး ပုံစံတွေနဲ့ ပြန်လာနိုင်ပါစေလို့ပြောရင်း ဒီမှာပဲအဆုံးသတ်ပါရစေ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#amorim
#coach
#premierleague
#football
နောက်ဆုံးရသတင်းများ



𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥
