ချယ်ဆီး အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားကို ရရှိခဲ့တယ် ကိုင်စီဒို

ချယ်ဆီး အသင်း က ရာသီ အစတုန်းက အရမ်းကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ အသင်းတိုင်းကို အနိုင်ယူပြီး ရမှတ်တွေတော်တော်လေးစုဆောင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းတောက်လျောက် စွမ်းဆောင်ရည်ပိုင်းတွေကျဆင်းလာပြီး ရှုံးပွဲတွေလဲ တောက်လျောက်ရင်ဆိုင်ခဲ့ရပါတယ်။ နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက်လဲ နောက်ဆုံး ၄ ပွဲ က ခက်ခဲကြမ်းတမ်းတဲ့ လီပါပူး ၊ နယူးကာဆယ် ၊ မန်ယူ ၊ နော်တင်ဟမ် တို့လို အဓိကပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာကြောင့် ခက်ခဲတဲ့ ငရဲခန်းကို ဖြတ်ကျော်ရမှာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက မနေ့က လက်ရှိ ပူပူနွေးနွေး ချန်ပီယံဖြစ်ထားတဲ့ လီပါပူး အသင်းနဲ့ ရင်ဆိုင်ခဲ့ပြီး အကောင်းဆုံး ပုံစံတွေနဲ့ အတူ ၃ဂိုး ၁ ဂိုးဆိုတဲ့ ပြတ်သားတဲ့ ရလဒ် နဲ့ ထိုက်ထိုက်တန်တန် အနိုင်ယူနိုင်ခဲ့ပါတယ်။ လီပါပူး နဲ့ ကစားတဲ့ပွဲစဥ်အပြီး ချယ်ဆီး အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားတွေကို ဆုချီးမြှင့်မယ့် ပွဲရှိတာကြောင့် လီပါပူးနဲ့ ပွဲကစားပြီးချင်းပဲ ပွဲတက်ခဲ့ရတယ်။
အဲ့ဒီပွဲမှာ ကိုင်စီဒို က ချယ်ဆီး အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ပဲ ရရှိခဲ့ပါတယ်။ ပထမ ဆုံး ဒီဆုကို ဘယ်သူရမလဲ တွေးလိုက်တဲ့ အချိန်မှာ ကိုင်စီဒိုကို သာ ပထမဆုံးပြေးမြင်မိခဲ့တာပဲဖြစ်ပါတယ်။ ကိုင်စီဒို ဘယ်လောက်ကောင်းလဲဆိုတာ က အရေးတယူ ပြောနေစရာမလိုတော့ပါဘူး ။ ချယ်ဆီး အသင်း ရလဒ်တွေကောင်းတဲ့ အချိန်တုန်းကလည်း အသင်းနဲ့ အတူ တောက်ပနိုင်ခဲ့သလို အသင်းရလဒ်တွေ ဆိုးဝါးနေတဲ့ အချိန်မှာလည်း သူ့ရဲ့ မမောမပန်းနိုင်တဲ့ ကစားဟန် နဲ့ ချယ်ဆီး အသင်းရဲ့ ကွင်းလယ်မှာ အင်ဂျင်တစ်လုံးလို လှည့်ပတ်ကစားနေခဲ့တာပဲဖြစ်ပါတယ်။ အသင်းလိုအပ်ရင် လိုအပ်သလို ညာနောက်ခံ ကစားသမား အဖြစ်ပါ ကစားခဲ့ရပြီး သူ့ကို အဲ့နေရာ ကစားခိုင်းတဲ့ နည်းပြကို စိတ်ပျက်အောင် ဘယ်တော့မှ မလုပ်ခဲ့ပါဘူး ။ ကိုင်စီဒို ဒီရာသီ ခြေစွမ်းမပြနိုင်တဲ့ ပွဲ မရှိသလောက်ပါပဲ ။ ပြီးခဲ့တဲ့ ရာသီက အသင်းကို စရောက်တဲ့နှစ်မှာ အမှားအချို့ ရှိခဲ့ပြီး ပရိသတ် တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်။ အဆိုးဆုံးက ပြိုင်ဘက် ပရိသတ်တွေရဲ့ ဝေဖန်သံတွေက ကိုင်စီဒို အတော်လေးကို ရပ်တည်မရ ခက်ခဲစေခဲ့တယ်။ အထူးသဖြင့် ပွဲဦးထွက် ဝက်စ်ဟမ်းနဲ့ပွဲမှာ လူစားဝင်လာပြီး သူ့ရဲ့ အမှားကနေ ပင်နယ်တီပေးလိုက်ရသလို အသင်းကလည်း ရှုံးနိမ့်ခဲ့တော့ ပိုပြီး ဝေဖန်ခံခဲ့ရတာပေါ့ ။
ဒီနှစ်ဘောလုံးရာသီမှာတော့ ကိုင်စီဒိုက အသင်းနဲ့ အသားကျလာခဲ့ပြီး အသင်းမှာလည်း ကောင်းကောင်း အထိုင်ကျလာခဲ့တယ် ။ ကိုင်စီဒို ရဲ့ ခြေစွမ်းက ဇန်နဝါရီ လပိုင်းလောက်က စပြီး အနည်းနဲ့ မတည်ငြိမ်တာကိုတွေ့ရပြီး ဒီနောက်ပိုင်းပွဲစဥ်တွေမှာသာ သူ့ရဲ့ အကောင်းဆုံးပုံစံတွေကို ပြန်မြင်တွေ့ခဲ့ရတယ်။ ကိုင်စီဒို ခြေစွမ်းပိုကောင်းလာတာနဲ့ အမျှ ချယ်ဆီး အသင်းက ပိုပြီး ခြေစွမ်းကောင်းလာတယ် ၊ ကိုင်စီဒို ပိုမို မာကျော လာတာနဲ့ ချယ်ဆီး အသင်းလဲ ပိုမိုမာကျော လာခဲ့တယ် ။ ဒါကို ကြည့်ရင် ချယ်ဆီး အသင်းမှာ ကိုင်စီဒို ကဘယ်လောက် အရေးပါမလဲဆိုတာ သိသာပါတယ်။ ချယ်ဆီး အသင်းရဲ့ အဓိက မရှိမဖြစ် ကစားသမား တစ်ဦးက ကိုင်စီဒို ဖြစ်ပြီး ကိုင်စီဒို ရဲ့ ခံစစ်ကို လုံခြုံအောင် အပြည့်အဝ စွမ်းဆောင်နိုင်မှုတွေကြောင့် သူနဲ့ တွဲဖက် ကစားတဲ့ အန်ဇို ကလည်း စိတ်ချလက်ချ နဲ့ တိုက်စစ်ကို လိုက်ပါနိုင်တာကြောင့် အန်ဇို ဆီက ဂိုးတွေ ၊ ဖန်တီးမှုတွေကို ချယ်ဆီး အသင်း သိသိသာသာ ပိုမို ရရှိခဲ့ပါတယ်။
လက်ရှိ ချဲလ်ဆီးအသင်းရဲ့ ရလဒ်တွေ ကောင်းမွန်လာတာနဲ့ အတူ ချဲလ်ဆီးကွင်းလယ်ရဲ့ ပြိုင်ဘက်တွေအပေါ် လွှမ်းမိုးကစားနိုင်မှုတွေဟာ ကိုင်စီဒိုရဲ့ contribution စွမ်းရည်တွေလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါလိမ့်မယ်။ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲစလုံးမှာ ကိုင်စီဒိုဟာ final third zone ထဲကို ဘောလုံးပေးပို့မှု အကြိမ်သုံးဆယ်နီးပါးရှိခဲ့တယ်။ ဒီအချက်တွေကြောင့်ပဲ ကိုင်စီဒိုက ချယ်ဆီး အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲဖြစ်ပါတယ် ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#moisescaicedo
#chelsea
#championsleague
#liverpool
#midfielder
နောက်ဆုံးရသတင်းများ



𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥
