𝐄𝐬𝐩𝐨𝐫𝐭 လောက ရဲ့ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐚𝐠𝐮𝐞 တစ်ခုဖြစ်တဲ့ 𝐌𝐏𝐋 ကျင်းပမှုမရှိ တဲ့ နိုင်ငံ ၅နိုင်ငံ

𝐌𝐏𝐋 ဆိုတာကတော့ 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝𝐬 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐚𝐠𝐞 ရဲ့ အတိုကောက်ဖြစ်ပြီး 𝐌𝐨𝐨𝐧𝐭𝐨𝐧 က တရားဝင်ကျင်းပပေးတဲ့ 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝𝐬 : 𝐁𝐚𝐧𝐠 𝐁𝐚𝐧𝐠 အတွက် 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐄𝐬𝐩𝐨𝐫𝐭𝐬 ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကတည်းက 𝐌𝐨𝐨𝐧𝐭𝐨𝐧 က တာဝန်ယူပြီး 𝐌𝐏𝐋ပြိုင်ပွဲကို စတင်ကျင်းပခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်လောက်ကတည်းက ကမ္ဘာတစ်ဝှမ်းလုံးရှိ 𝐄𝐒𝐏𝐎𝐑𝐓𝐒 လောကကို ဖွံဖြိုးတိုးတက်လာစေရန်အတွက် စတင်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ 𝐌𝐏𝐋 ဆုဖလားက ပြည်တွင်းဖလားတွေထဲက အကြီးကျယ်အခမ်းနားဆုံးသော ဆုဖလားတစ်ခုဖြစ်ပြီး 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ပွဲတွေအတွက်လဲ အခွင့်အရေးတွေအများဆုံး ပေးနိုင်တဲ့ ဆုဖလားတစ်ခုလဲဖြစ်ပါတယ်။ အရှေ့တောင် အာရှ ၁၁ နိုင်ငံထဲမှာ အင်ဒိုနီးရှား ၊ မလေးရှား ၊ စင်ကပူ ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံ ၅ နိုင်ငံမှာတော့ 𝐌𝐏𝐋 ပြိုင်ပွဲများကို ကြီးကျယ် ခမ်းနားစွာကျင်းပကြပြီး အခြားကျန်တဲ့နိုင်ငံတွေမှာတော့ 𝐌𝐏𝐋 ကျင်းပခွင့်မရရှိခဲ့ပါဘူး။ ဒါ့အပြင် အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် 𝐌𝐏𝐋 တွေက ကြည့်ရှုသူအများဆုံးနဲ့ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်တဲ့ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးသော 𝐄𝐬𝐩𝐨𝐫𝐭𝐬 ဈေးကွတ်တစ်ခုလည်းဖြစ်ပါတယ်။ အခုပြောပြပေးသွားမှာကတော့ 𝐌𝐏𝐋 ကျင်းပမှုမရှိတဲ့ နိုင်ငံတွေထဲကမှ ၅ နိုင်ငံ အကြောင်းပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ 𝐌𝐏𝐋 ကျင်းပတဲ့အခါ 𝐌𝐨𝐨𝐧𝐭𝐨𝐧 ဘက်က အကျိုးအမြတ်တွေအများကြီး ရရှိတဲ့အပြင် နိုင်ငံတစ် နိုင်ငံရဲ့ 𝐄𝐬𝐩𝐨𝐫𝐭𝐬 လောကကို အများကြီးတိုးတက်ကောင်းမွန်လာစေပါတယ်။
၁ . ထိုင်း
ထိုင်းနိုင်ငံ က ကမ္ဘာပေါ်မှာ ခရီးသွားလာမှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြိုင်ပွဲတစ်ခုခုကျင်းပတိုင်းလဲအားပေးသူအလွန်များတဲ့နိုင်ငံနိုင်လဲဖြစ်ပါတယ်။ မဲခေါင် 𝐫𝐞𝐠𝐢𝐨𝐧 လို့ အများခေါ်ကြတဲ့ ထိုင်း ၊ လာအို ၊ ဗီယမ်နမ် ၊ ဘရူနိုင်းနိုင်ငံတွေကို 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝 ရဲ့စိုးမိုးမှုက ထင်ထားသလောက်တော့ မကြီးမားခဲ့ပါဘူး။ ထိုင်းနိုင်ငံမှာဆို အခြားသော ပြိုင်ပွဲတွေကို ခနခန ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပေမယ့် 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝 ပြိုင်ပွဲကျင်းပတာက မရှိသလောက်ပဲဖြစ်ပြီး 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝 ရဲ့ 𝐄𝐬𝐩𝐨𝐫𝐭 ဘက်မှာတော့ နောက်ကျနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် 𝐌𝐨𝐨𝐧𝐭𝐨𝐧 ဘက်ကလည်း အကျိုးအမြတ် ကောင်းကောင်းမရရှိနိုင်ဖူးလို့တွေးတာကြောင့် 𝐌𝐏𝐋 ကျင်းပလို့မရတာပဲဖြစ်ပါတယ်။
၂ . ဗီယက်နမ်
ဗီယက်နမ် နိုင်ငံမှာတော့ 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝 ဂိမ်း က လူကြိုက်အများဆုံး ဂိမ်းတစ်ခု မဟုတ်ခဲ့ပါဘူး ။ 𝐋𝐞𝐚𝐠𝐮𝐞 𝐎𝐟 𝐋𝐞𝐠𝐞𝐧𝐝𝐬 နဲ့ အခြားဂိမ်းတွေက သာ သူတို့နိုင်ငံရဲ့ လူကြိုက်အများဆုံးဂိမ်းတွေဖြစ်ပါတယ်။ ဒါကြောင့် 𝐌𝐨𝐨𝐭𝐨𝐧 က 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝 ကို စိတ်ဝင်စားမှုနည်းတာကြောင့် 𝐌𝐏𝐋 ကျင်းပလို့မရတာ ပဲဖြစ်ပါတယ်။
၃. လာအို
လာအိုနိုင်ငံ ကလည်း ဗီယက်နမ် နိုင်ငံလိုပဲ သူတို့နိုင်ငံမှာ 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝 ကစားတဲ့ လူက အနည်းငယ်သာရှိပြီး အခြားသော 𝐎𝐧𝐥𝐢𝐧𝐞 ဂိမ်းတွေက သူတို့နိုင်ငံရဲ့ အဓိက လူကြိုက်များနေခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ 𝐌𝐨𝐨𝐧𝐭𝐨𝐧 က 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝 ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးမှု မရှိတဲ့နိုင်ငံမှာ 𝐌𝐏𝐋ကျင်းပရင် သူတို့ အကျိုးအမြတ် အများကြီးရရှိမှာမဟုတ်တာကြောင့် လာအိုနိုင်ငံမှာလဲ 𝐌𝐏𝐋 ကျင်းပခွင့်မရတော့တာဖြစ်ပါတယ်။
၄. ဘရူနိုင်း
မဲခေါင် 𝐫𝐞𝐠𝐢𝐨𝐧 တွေထဲကမှ တစ်နိုင်ငံဖြစ်တဲ့ ဘရူနိုင်းနိုင်ငံ ကလည်း 𝐌𝐎𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝 ကို ပထမ ဦးစားပေးဂိမ်းအနေနဲ့ ကစားတဲ့ နိုင်ငံ တစ်နိုင်ငံ မဟုတ်ခဲ့ပါဘူး။ မဲခေါင် 𝐑𝐄𝐆𝐈𝐎𝐍 ဖြစ်တာနဲ့ အလျောက် အခြားနိုင်ငံတွေလိုပဲ 𝐌𝐎𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝 ရဲ့ စိုးမိုးမှုက ဘရူနိုင်းနိုင်ငံမှာလဲမကြီးမားပါဘူး။ ဒါကြောင့် အရှေ့တောင်အာရှ 𝐦𝐩𝐥 ကျင်းပခွင့်မရတဲ့ နိုင်ငံတွေထဲကမှာ ဘရူနိုင်းနိုင်ငံလဲ ပါဝင်လာတာပဲဖြစ်ပါတယ်။
၅ . မြန်မာ
မြန်မာ နိုင်ငံမှာတော့ 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝 က အဓိက ပထမ ဦးစားပေးဂိမ်း တစ်ခုဖြစ်ပြီး 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝 ဂိမ်းက မြန်မာနိုင်ငံ ဂိမ်းဆော့တဲ့လူတွေကို တော်တော်လေးစိုးမိုး နိုင်တာပဲဖြစ်ပါတယ်။ ပြည်တွင်း ပြိုင်ပွဲပဲဖြစ်ဖြစ် ၊ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ပြိုင်ပွဲတွေမှာပဲဖြစ်ဖြစ် အားပေးမှု အတော်လေးများတာကိုလဲတွေ့ရမှာပါ။မြန်မာနိုင်ငံမှာ အရင်က 𝐌𝐏𝐥 ပြိုင်ပွဲတွေကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်မှစတင်ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ် ထိ 𝐌𝐏𝐋 ၅ ကြိမ်တိုင်တိုင်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ်ကာလအပြီးမှာ မြန်မာနိုင်ငံက အခြေနေ အမျိုးမျိုးကြောင့် အဖတ်ဖတ် က ကျဆင်းခဲ့ရပြီး ဒီလိုမတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံမှာ 𝐌𝐏𝐋 ကျင်းပရင် အကျိုးအမြတ် အများကြီး ရရှိမှာ မဟုတ်ဘူလို့ 𝐌𝐨𝐨𝐧𝐭𝐨𝐧 ကတွေးတာကြောင့် 𝐌𝐏𝐋 ကျင်းပခွင့်မရရှိတာပဲဖြစ်ပါတယ်။ 𝐌𝐏𝐋 𝐌𝐲𝐚𝐧𝐦𝐚𝐫 ပြိုင်ပွဲများ ရပ်နားခဲ့သဖြင့် မြန်မာနိုင်ငံ၏ 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝𝐬: 𝐁𝐚𝐧𝐠 𝐁𝐚𝐧𝐠 (𝐌𝐋𝐁𝐁) အားကစားလောကသည် မှေးမှိန်သွားခဲ့ပါသည်။
ဒီနိုင်ငံ ၅ နိုင်ငံကတော့ အရှေ့တောင် အာရှ နိုင်ငံ ၁၁ မှာ 𝐌𝐏𝐋 ကျင်းပခွင့်မရတဲ့ နိုင်ငံတွေထဲကမှ ၅ နိုင်ငံပဲ ဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီး တင်ရှိပါတယ်။
#mmmedia
#MPL
#thailand
#Vietnam
#Myanmar
#Laos
#Brunei
#Esport
နောက်ဆုံးရသတင်းများ



𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥
