ချယ်ဆီး အသင်းရဲ့ အတိုးတက်ဆုံး ကစားသမား ( သို့ ) ပက်ဒရို နက်တို
 Pedro Neto.jpg)
ချယ်ဆီး အသင်းက ပြီးခဲ့တဲ့ ရာသီတုန်းက ဝုစ် အသင်းရဲ့ တောင်ပံကစားသမား ပက်ဒရို နက်တိုကို ခေါ်ယူခဲ့တယ်။ ဝုစ် အသင်းမှာထဲက အကောင်းဆုံးခြေစွမ်းတွေနဲ့ အသင်းကို ထမ်းတင်ပေးခဲ့တဲ့ နက်တို တစ်ယောက် ချယ်ဆီး အသင်းကို ရောက်ရှိလာတဲ့ အချိန်မှာလည်း အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ချယ်ဆီး အသင်းက ပက်ဒရို နက်တို နဲ့ ဘာသတင်းမှ ကျယ်ကျယ်လောင်လောင် မထွက်ပေါ်ခဲ့ပဲ အရခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နက်တို က ချယ်ဆီး အသင်းကို ရောက်ရောက်ချင်းတုန်းက ပွဲထွက်ခွင့်တစ်နေရာ အပိုင်စားမရရှိခဲ့ပေမယ့် သူ့ရဲ့ အသင်းပေါ်ပေးဆပ်ချင်စိတ် ၊ မခိုမကပ် ပဲ ကစားတဲ့ပုံစံ ၊ အသင်းကလိုအပ်ရင် လိုအပ်သလို သူအားမသန်တဲ့ နေရာတွေမှာပါ အကောင်းဆုံးပေးဆပ် ကစားတာတွေကြောင့် နောက်ပိုင်းမှာ ပွဲထွက်ခွင့်တစ်နေရာ အပိုင်စားရရှိလာခဲ့တယ်၊။ နက်တို က ညာတောင်ပံ မှာ ကစားတာ အားသန်တဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် အသင်းလိုအပ်ရင် သူအားမသန်တဲ့ ဘယ်တောင်ပံမှာပါ အကောင်းဆုံးကစားပေးနိုင်ပါတယ်။
ဘယ်တောင်ပံ တစ်နေရာထဲမဟုတ်ပါဘူး ချယ်ဆီး အသင်းရဲ့ တိုက်စစ် ကစားသမားတွေ ဒဏ်ရာရရှိနေတဲ့ အချိန်တုန်းကလည်း တိုက်စစ်မှူးတစ်ယောက်အဖြစ်ပါ အစွမ်းကုန်ပေးဆပ် ကစားခဲ့တာပဲဖြစ်ပါတယ်။ နက်တို က ချယ်ဆီး အသင်း အနိုင်ရဖို့လိုအပ်နေတဲ့ အချိန် ၊ ကျဥ်းထဲကျပ်ထဲ ရောက်နေတဲ့ အချိန်တွေမှာဆိုရင် အသင်းကို အမြဲလိုလို ကယ်တင်ပေးတက်တဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။နက်တို တစ်ယောက် ချယ်ဆီး အသင်းရဲ့ ပထမဆုံးရာသီမှာပဲ ဂိုးပါဝင်ပတ်သတ်မှု 15 ကြိမ်အထိ ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဝုဗ်မှာ ကစားခဲ့တုန်းကတောင် နက်တိုရဲ့ ဂိုးပါဝင်ပတ်သက်မှု က အမြင့်မားဆုံး ၁၃ ဂိုးပဲ ရှိခဲ့တာပါ။ အခုလို ချဲလ်ဆီးနဲ့ ပထမဆုံးရာသီမှာတင် ၁၅ ဂိုးဆိုတော့ ဒါက ကျေနပ်စရာ ထက်ပိုပါတယ်။အသက် ၂၅ နှစ်ဆိုတဲ့ အရွယ်က နောက်ထပ် ငါးနှစ်လောက် ချဲလ်ဆီးအတွက် သာသာယာယာ အသုံးပြုလို့ရနေတယ်။နက်တို ချဲလ်ဆီးကို စရောက်တော့ စိတ်ပူမိတာတစ်ခုက သူ့ရဲ့ ဒဏ်ရာပြဿနာ ပါပဲ။ ဒါပေမယ့် ထူးထူးခြားခြား နက်တိုဟာ ချဲလ်ဆီးမှာ ဒဏ်ရာပြဿနာ လုံးဝမရှိခဲ့ပါဘူး။ ကိုးပါးမား က အခုချိန်ထိ ချယ်ဆီး အသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်ပေမယ့် ချယ်ဆီး အသင်းရဲ့ တိုက်စစ် ကို အရင် လို ကိုလ်းပါမား တစ်ယောက် ကောင်းကောင်းကြီး မဦးဆောင်နိုင်ပါဘူး ။
ဒီရာသီ ကိုလ်းပါမား ရဲ့ ခြေစွမ်းကျဆင်းသွားတာကြောင့်ရော သူကစားချင်တဲ့ နေရာမှာ မကစားရတာကြောင့်လဲပါတာပေါ့ ။ အဲ့လို တိုက်စစ်ကို တကယ်ဦးဆောင်တဲ့ ကိုလ်းပါမား အဆင်မပြေတဲ့ အချိန်မှာ ချယ်ဆီး အသင်းရဲ့ တိုက်စစ်က နက်တို လှုပ်ရင် လှုပ်သလောက် ၊ နက်တို ခြေစွမ်းပြရင် ပြသလောက် တိုက်စစ်လမ်းကြောင်းတွေပွင့်လာခဲ့တယ်။ တဖြည်းဖြည်းနဲ့ နက်တိုက ချယ်ဆီး အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးဖြစ်လာခဲ့သလို အခုနောက်ပိုင်းပွဲစဥ်တွေမှာဆိုရင် နက်တို ဆီက သွင်းဂိုးတွေပိုမို မြင်တွေ့ရတယ် ။ ဒီနှစ်ဘောလုံးရာသီ ချယ်ဆီး အသင်းရဲ့ အတိုးတက်ဆုံးကစားသမား တစ်ယောက်ကိုပြောပါဆိုရင် ပက်ဒရို နက်တိုကိုပဲရွေးချယ်ရမှာဖြစ်ပါတယ် ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#pedroneto
#chelsea
#wolverhampton
#striker
#premierleague
နောက်ဆုံးရသတင်းများ

𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥


တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚