ချယ်ဆီး အသင်းအကျိုးအမြတ်များများရခဲ့တဲ့ မာဒူကီ အပြောင်းအရွှေ့

ချယ်ဆီး အသင်းက ဒီအပြောင်းအရွှေ့ဈေးကွက်မှာ တော်တော်လေးကို ကြမ်းပြနေတာပဲဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း ကစားအသစ်တွေ ခေါ်ယူသလို တစ်ဖက်မှာလည်း အသင်းအတွက် မလိုအပ်တော့တဲ့ ကစားသမားတွေကို ထိုက်သင့်တာထက် ပိုတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ရောင်းချနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း တောင်ပံ ကစားသမား နိုနီ မာဒူကီ ရဲ့ အပြောင်းအရွှေ့အတွက် အာဆင်နယ် အသင်းနဲ့ ဆွေးနွေးတဲ့ ကိစ္စတွေအားလုံးပြီးမြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။အာဆင်နယ် အသင်းက ကစားသမားဖြစ်သူ မာဒူကီ နဲ့ အစောပိုင်း အချိန်တွေထဲ က သဘောတူညီမှု ရရှိထားတဲ့ ဖြစ်ပြီး ၅ နှစ်သက်တမ်းရှိ တဲ့ စာချုပ်တစ်ခုကို ချုပ်ဆိုသွားမှာပဲဖြစ်ပါတယ်။ နိုနီ မာဒူကီ အတွက် ချယ်ဆီး အသင်းရရှိလိုက်တဲ့ ပြောင်းရွှေ့ကြေးက ထင်ထားတာထက် ပိုများပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ချယ်ဆီးအသင်းအနေနဲ့ psv မှာ ခြေစွမ်းပြနေတဲ့ မာဒူကီ ကို ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းနဲ့ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ အဲ့တာတောင် adds on တွေပါဝင်ပြီး အပြည့်အဝပေးချေခဲ့ရတာမျိုးလည်းမဟုတ်ပါဘူး ။
နိုနီ မာဒူကီ က ချယ်ဆီး အသင်းမှာ ဖြတ်သန်းခဲ့တဲ့ အချိန် ၂ နှစ် အတွင်းမှာ First Line Up Player တစ်ယောက်မဟုတ်ခဲ့သလို ပွဲကစားခွင့်လည်းအများကြီးရခဲ့တာမဟုတ်တဲ့အနေအထားမှာ အာဆင်နယ် အသင်းဆီကနေ ပြောင်းရွှေ့ကြေး နဲ့ အပိုဆုကြေး ပေါင် ၅၂ သန်းဆိုတဲ့ပမာဏ က တော်တော်လေးကိုများပါတယ်။ ချယ်ဆီး အသင်း အနေနဲ့လဲ မာဒူကီ ကို ထိုက်သင့်သလောက် ကောင်းကောင်းလေး အသုံးပြုလိုက်ရတယ် ။ မူဒရစ် ဆေးပြဿနာ တက်နေတဲ့ အချိန်ထဲက မာဒူကီ က နက်တို ၊ ဆန်ချို ၊ ဂျော့စ် တို့နဲ့အတူ အကောင်းဆုံး အလှည့်ကျ ကစားပြီး ချယ်ဆီး အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲအတွက် အစွမ်းကုန် ကြိုးစားပေးခဲ့တဲ့ ကစားသမား တစ်ဦးပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းတာဝန်ရှိသူတွေ အနေနဲ့ကလည်း သူတို့ရဲ့ နည်းပြ အာတီတာ ရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်နေတာကြောင့် အာတီတာ ရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့ပြီး မရရအောင်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။
အမှန်တိုင်းပြောရရင် ဒီအပြောင်းအရွှေ့မှာ အကျိုးအမြတ် အများကြီး ရရှိခဲ့တာကတော့ ချယ်ဆီး အသင်းပဲ ။ လွန်ခဲ့တဲ့ နှစ်နှစ် က ပေါင် ၂၉ သန်း နဲ့ ဝယ်ယူထားပြီး အခုချိန် ၅၂ သန်း နဲ့ ပြန်ရောင်းချနိုင်လိုက်တာကြောင့် ထက်ဝက်နီးပါးလောက်ကို အမြတ်ထွက်ခဲ့ပါတယ်။ အဲ့တာအပြင် အသင်းက ကစားသမားနည်းပါးနေတဲ့ အချိန်မှာလည်း မာဒူကီကို ကောင်းကောင်းကြီးကို အသုံးချနိုင်ခဲ့သလို လာမယ့်ရာသီ အရည်အသွေးမြင့် ကစားသမားတွေ နဲ့ နေရာပြည့်နေတဲ့ အချိန် မာဒူကီ အတွက် ကစားချိန် မိနစ်တွေပေးနိုင်ဖို့ ခက်ခဲနေတဲ့ အချိန်မှာ ဒီလို ပြောင်းရွှေ့ကြေး များများနဲ့ အသင်းကထွက်ခွင့်ပေးလိုက်တယ်ဆိုတာ တကယ့်ကို ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ် ။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ချယ်ဆီး အသင်းအကျိုးအမြတ်များများရခဲ့တဲ့ မာဒူကီ အပြောင်းအရွှေ့ အကြောင်းပဲဖြစ်ပါတယ်။ ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#clubworldcup
#premierleague
#chelsea
#nonimadueke
#lukamodric
#arsenal
#mikelarteta
နောက်ဆုံးရသတင်းများ

𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥


တောင်ပံတိုက်စစ် တစ်နေရာအတွက် ကစားသမားတစ်ယောက်ထပ်အလိုရှိနေတဲ့ 𝐂𝐡𝐞𝐥𝐬𝐞𝐚