ဥရေောပ အသင်းကြီးတွေက ယောကရက်စ် ကို ဘာလို့ လက်ရှောင်နေကြတာလဲ

Admin
1 လ ခန့်က
Sport Articles
ဥရေောပ အသင်းကြီးတွေက ယောကရက်စ် ကို ဘာလို့ လက်ရှောင်နေကြတာလဲ

ကမ္ဘာ့ဘောလုံးလောကရဲ့ အခုနောက်ပိုင်းခေတ်တွေမှာ ဒေါင်ဒေါင်မြည် တိုက်စစ်မှူး စစ်စစ် တွေက အလွန်ရှားပါးလာခဲ့ပါပြီ ။ တစ်ရာသီကို ဂိုး ၂၀ ကျော် ၃၀ လောက် ပုံမှန်သွင်းပေးနိုင်မယ့် တိုက်စစ်မှူးက အနည်းငယ်သာရှိပါတယ်။ ဥရောပ အသင်းကြီးတော်တော်များများကလည်း ဒီတိုက်စစ်မှူးပြသာနာတွေ နဲ့ ရင်ဆိုင်နေကြရပါတယ် ။ အာဆင်နယ် ၊ ချယ်ဆီး ၊ မန်ချက်စတာယူနိုက်တက် အသင်းတို့ဆိုရင်လဲ သူတို့ရဲ့ အားနည်းတဲ့ တိုက်စစ်ကြောင့် မျှော်မှန်းထားသလောက် ဖြစ်မလာခဲ့ဘူး ။ ပရီးမီးယားလိဂ် ချန်ပီယံ လီပါပူး အသင်းဆိုလဲ NO.9 နေရာ အတွက် ကမ္ဘာ့အဆင့်မှီ ကစားသမားတစ်ယောက်ကိုရှာဖွေနေတယ် ။ အဲ့တာအပြင် ဘာစီလိုနာ အသင်းအနေနဲ့ကလည်း သူတို့ရဲ့ အသက်အရွယ် တစ်ခုကို ရောက်ရှိလာပြီဖြစ်တဲ့ တိုက်စစ်မှူးကြီး လီဝန်ဒေါစကီး နေရာအစားထိုးဖို့ အတွက် အထောင်တိုက်စစ်မှူးတစ်ယောက် ခေါ်ယူဖို့လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းခေတ်တွေမှာ တိုက်စစ်မှူးတွေရှားတဲ့ ကြားထဲက ခြေစွမ်းကောင်းတွေပြသပြီး ကောင်းကောင်းကြီးတောက်ပပြနေတဲ့ ကစားသမား တစ်ဦးလည်းရှိပါတယ်။ အဲ့ဒီကစားသမားကတော့ စပို့တင်း အသင်းရဲ့ တိုက်စစ်မှူး ယောကရက်စ် ပဲဖြစ်ပါတယ်။ ယောကရက်စ် က စပို့တင်း အသင်းအတွက် နှစ်ရာသီကို ၉၇ ဂိုးအထိ သွင်းထားတဲ့အပြင် ကလပ်အသင်း နဲ့ နိုင်ငံအသင်း နှစ်ခုပေါင်း ၂ ရာသီ အတွင်း ၁၁၂ ဂိုးအထိသွင်းယူပေးထားတာပဲဖြစ်ပါတယ်။ ဒီလို ဂိုးတွေကို တဒိုင်းဒိုင်းသွင်းပြနေတဲ့ ယောကရက်စ် ရဲ့ အသက်က အခုမှ ၂၇ ပဲရှိပါတယ်။ ကစားသမားတစ်ယောက်ရဲ့ အကောင်းဆုံးအချိန်ကို ရောက်ရှိနေတဲ့ အပြင် ကမ္ဘာ့အဆင့်ခြေစွမ်းတွေကိုလည်း ဆက်တိုက်ဆိုသလို ပြသနိုင်နေတာပဲဖြစ်ပါတယ်။ တိုက်စစ်မှူးတွေရှားပါးနေတဲ့ ခေတ်ကြီးထဲမှာ ယောကရက်စ် လို ဂိုးသွင်းစက် ရဲ့ ပြောင်းရွှေ့ကြေးက သန်း ၆၀ ပဲဖြစ်ပါတယ်။ ဂိုးသမား ၊ နောက်တန်းခံစစ် တွေအတွက်တောင် သန်း ၁၀၀ လောက်သုံးနေရတဲ့ ခေတ်ကြီးထဲမှာ ယောကရက်စ်လို တစ်ရာသီ ဂိုး ၃၀ လောက်သွင်းပေးနိုင်မယ့် ကစားသမားတစ်ယောက် ရဲ့ ပြောင်းရွှေ့ကြေး သန်း ၆၀ ဆိုတာ ဘားမှမပြောပါးလောက်ပါဘူး ။ ဒါပေမယ့် အခုလက်ရှိ တိုက်စစ်မှူး လိုအပ်နေတဲ့ ဥရောပ အသင်းတွေက ယောကရက်စ် ကို စိတ်ဝင်းစားမှု မရှိပဲ လက်ရှောင်နေကြတာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းကလည်း သန်း ၆၀ နဲ့ ရမယ့် ယောကရက်စ် ကို ငြင်းဆန်ပြီး သန်း ၁၀၀ လောက်ထိကို တောင်းနေတဲ့ ဘန်ဂျမင် ဆက်စကို ကို လိုက်နေတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းအနေနဲ့ကလည်း ယောကရက်စ် ကို ဘေးဖယ်ပြီး ဒီလပ် ကို ပြောင်းရွှေ့ကြေး သန်း ၃၀ နဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ် ။


လီပါပူး အသင်း အနေနဲ့ကလည်း no 9 နေရာအတွက် အပူတပြင်းရှာဖွေနေပေမယ့် သူတို့ရဲ့ ပြစ်မှတ်စာရင်းထဲမှာတော့ ယောကရက်စ် လို ကစားသမားမျိုးမပါဝင်ခဲ့ပါဘူး ။ လီဝန်ဒေါစကီး ရဲ့ နေရာကို အစားထိုးရမယ့် ဘာစီလိုနာ အသင်းကလည်း ယောကရက်စ်ကို စိတ်မဝင်စားပါဘူး ။ တိုက်စစ်မှူး လိုအပ်ပြီး ယောကရက်စ် ကို အမှန်တကယ်စိတ်ဝင်စားတာဆိုလို့ မန်ချက်စတာယူနိုက်တက် တစ်သင်းထဲပဲရှိပါတယ်။ ဘာလို့လဲ ။ ယောကရက်စ် လို ကစားသမားကို ဥရောပ အသင်းကြီးတွေက ဘာလို့ လက်ရှောင်နေကြတာလဲ ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#premierleague

#european

#striker

#viktorgyokeres

#transferplayer

Leave a reply