ပရီးမီးယားလိဂ် ကလပ်တိုင်းရဲ့ ဒုတိယ ဦးစားပေးဖြစ်နေတဲ့ အီကီတီကီ

Ma Nyein
2 ရက် ခန့်က
Sport Articles
ပရီးမီးယားလိဂ် ကလပ်တိုင်းရဲ့ ဒုတိယ ဦးစားပေးဖြစ်နေတဲ့ အီကီတီကီ

ဟူဂို အီကီတီကီ ဆိုတဲ့ ကစားသမားတစ်ယောက်ရဲ့ နာမည်က ဒီအပြောင်းအရွှေ့ကာလမှာ မကြာခဏဆိုသလို ကြားနေရတယ် ။ ဘာလို့လဲဆိုတော့ ဟူဂို အီကီတီကီ က ပရီးမီးယားလိဂ် အသင်းတော်တော်များများ နဲ့ အသံထွက်ဖူးတာကြောင့်ပဲဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် အသင်းတော်တော်များများရဲ့ ရေဒါ ထဲမှာ အီကီတီကီ ပါတယ်ဆိုပေမယ့် ပထမဦးစားပေး ကစားသမားတော့မဟုတ်ဘူး ။ လီပါပူး ဆိုပဲ ကြည့် သူတို့ရဲ့ ပထမဦးစားပေးတိုက်စစ်မှူးက နယူးကာဆယ် အသင်းက အီဆက် ။ အီဆက် ကို လိုက်လို့မလွယ်တာကြောင့် အီကီတီကီ ကို သူတို့ရဲ့ ဒုတိယ ဦးစားပေးပစ်မှတ်အဖြစ်သတ်မှတ်ထားတယ် ။ ချယ်ဆီး အသင်းဆိုလည်း အီကီတီကီ နဲ့ အသံတွေတော်တော်ထွက်ခဲ့ပေမယ့် ဂျာအို ပက်ဒရို ရောက်လာပြီး‌ နောက်ပိုင်း ချယ်ဆီး နဲ့ ဟူဂို အီကီတီကီ တို့ရဲ့ သတင်းတွေက တော်တော်လေးကို ငြိမ်သွားခဲ့တယ်။ ဒီအသင်းတွေပဲလားဆိုတော့လဲမဟုတ်ဘူး ။


မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ကလည်း အမ်ဗူမို က အဓိက ဦးစားပေးပစ်မှတ်ဖြစ်သော်လည်း အီကီတီကီ က သူတို့ရေဒါ ထဲမှာ အခုချိန်ထိ ရှိနေတုန်းပဲ ။ နယူးကာဆယ် ၊ အာဆင်နယ် အသင်းတွေက ကြိုက်နှစ်သက်တယ်ဆိုတဲ့ သတင်းတွေလည်း တော်တော်ကို ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့တယ်။ ပရီးမီးယားလိဂ် အသင်းတိုင်းက ကြိုက်နှစ်သက်တယ်ဆိုပေမယ့် အသင်းတိုင်းရဲ့ ဦးစားပေးကစားသမား မဟုတ်ဘူး ။ သူတို့ရဲ့ ဦးစားပေးပစ်မှတ်ကစားသမား အသီးသီရှိကြပြီး အဲ့ဦးစားပေးကစားသမားကို ခေါ်ယူဖို့ အဆင်မပြေမှသာ အီကီတီကီ ဘက်ကို လှည့်မယ်ဆိုတဲ့ သဘောတွေကြီးပဲ ။ ဘာလို့ အီကီတီကီ က ဒုတိယ ဦးစားပေး ကစားသမား ဖြစ်နေတာလဲ ။ ဘာလို့လဲဆိုရင် အီကီတီကီ က အသက်အရွယ်ငယ်ရွယ်ပြီး အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ် ။ Hold Up Play ကောင်းတယ် ။ တစ်ဦးချင်းကျော်ဖြတ်တာတွေ ၊ လိမ်ခေါက်တာတွေ ကောင်းမွန်တဲ့ အပြင် False 9 အဖြစ် ကောင်းကောင်း ကစားနိုင်တယ် ။ ဒါပေမယ့် အဆုံးသတ်ပိုင်း နဲ့ ၁၈ ဂိုးစည်းထဲမှာ လှုပ်ရှားမှုတွေ ၊ ရွေ့လျားမှုတွေမှာ အားနည်းတယ် ။ ရှင်းရှင်းပြောရရင် အနာဂတ် အတွက် မျှော်လင့်ချင်စရာ အများကြီးကောင်းတယ် ။


ဒါပေမယ့် အချိန်ပေးရမယ် ။ ကမ္ဘာ့အဆင့်တိုက်စစ်မှူး တစ်ယောက်ဖြစ်ဖို့ အတွက်ဆိုရင် အတွေ့အကြုံတွေ အများကြီးလိုအပ်သေးတယ် ။ ဒီနှစ်ပရီးမီးယားလိဂ် အသင်းတော်တော်များများ က ပြောင်းလဲပြင်ဆင်မှုများစွာပြုလုပ်ထားတယ် ။ အရင်နှစ်ဘောလုံးရာသီတွေထက်လည်း အပြောင်းအရွှေ့မှာ ပိုက်ဆံပိုသုံးပြီး အသင်းကို တည်ဆောက်နေကြတယ် ။ အဲ့တာကြောင့် လာမယ့်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် က ပိုပြီးတော့ အပြိုင်အဆိုင်များနိုင်တယ် ။ ဒါကြောင့် အသင်းတိုင်းက ကမ္ဘာ့အဆင့်တိုက်စစ်မှူး တစ်ယောက် ဒါမှမဟုတ် အသင်းမှာ အသင့်သုံးလို့ရမယ့် တိုက်စစ်မှူးတွေကိုသာ ဦးစားပေးပစ်မှတ်ထားပြီး အီကီတီကီ ကို အရည်အသွေးမြင့်ပြီး မျှော်လင့်ချင်စရာကောင်းတဲ့ ကစားသမားကို ဒုတိယ ဦးစားပေးအနေနဲ့ သာ ရေဒါထဲ ထည့်ထားကြတာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#premierleague

#hugoekitike

#striker

#liverpool

#manchesterunited

#bryanmbeumo

Leave a reply