မန်စီးတီး အသင်းထွက်ခွာသွားနိုင်တဲ့ ကစားသမားများ

Ma Nyein
6 နာရီ ခန့်က
Sport Articles
မန်စီးတီး အသင်းထွက်ခွာသွားနိုင်တဲ့ ကစားသမားများ

နည်းပြကြီး ပက်ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းက သူတို့ရဲ့ အကောင်းဆုံးပုံစံတွေနဲ့ အတူ ပရီးမီးယားလိဂ် ကို ကြီးစိုးခဲ့တာ အချိန်တစ်ခုကြာမြင့်နေပါပြီ ။ ဒါပေမယ့် မနှစ် ကဘောလုံးရာသီမှာ အသင်းရဲ့ အဓိက ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေ ၊ အသင်းရဲ့ ထောက်တိုင် ကစားသမားတွေက အသက်အရွယ်တစ်ခုကို ရောက်ရှိပြီး စွမ်းဆောင်ရည် ကျဆင်သွားတာတွေကြောင့် မန်စီးတီး အသင်းက မနှစ်ကဘောလုံးရာသီမှာ အတော်လေးကို ရုန်းကန်ခဲ့ရတယ် ။ အဲ့တာကြောင့်ပဲ အပြောင်းအရွှေ့ကာလမှာ အသင်းကို ပြောင်းလဲပြင်ဆင်မှုပြောင်းများစွားပြုလုပ်ခဲ့တယ် ။ အရည်အသွေးမြင့် ကစားသမားတွေ ခေါ်ယူပြီးသည့်တိုင်အောင် မန်စီးတီး အသင်းက ညာနောက်ခံကစားသမား တစ်ဦးကို ထပ်မံဝယ်ယူအုံးမှာပဲဖြစ်ပါတယ် ။ ညာနောက်ခံ ကစားသမား တစ်ဦးဝယ်ယူပြီးရင်တော့ ဒီနှစ်ဘောလုံးရာသီ အတွက် မန်စီးတီး အသင်းရဲ့ လူဝယ်ယူမှုက ပြီးဆုံးသွားလောက်ပြီ ။ မန်စီးတီး အသင်းက ညာနောက်ခံ ကစားသမား တစ်ဦးခေါ်ယူပြီးရင် လူဝယ်ယူမှုကို ရပ်တန့်ပြီး အသင်းမှာ အသုံးမလိုတော့တဲ့ ကစားသမားတွေကို ရောင်းချတာဖြစ်ဖြစ် အငှားချသွားတာဖြစ်ဖြစ် ပြုလုပ်သွားဖို့ ရှိတယ် ။

မန်စီးတီး အသင်းက အခုနောက်ပိုင်း ဘောလုံးရာသီတွေမှာ ဒဏ်ရာပြဿနာ တွေနဲ့သာ လုံးပန်းနေရတဲ့ နောက်ခံကစားသမား ဂျွန် စတုန်း ကို ရောင်းချသွားဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ် ။ ပြီးတော့ မနှစ်ကဘောလုံးရာသီမှာ ခြေစွမ်းတော်တော်လေးကို ကျဆင်းသွားပြီး ပွဲထွက်ခွင့်တစ်နေရာ အတွက် ရုန်းကန်နေရတဲ့ ဂျက် ဂရီးလစ် ကို လည်း ရောင်းချသွား စီစဥ်ထားတာပဲဖြစ်ပါတယ် ။ နောက်တစ်ယောက် ကတော့ ဂန်ဒိုဂမ် ပဲ ဖြစ်ပါတယ် ။ ဂန်ဒိုဂမ် က မန်စီးတီး အသင်းကို 1+1 စာချုပ်နဲ့ ပြန်လည်ရောက်ရှိလာတယ်ဆိုပေမယ့် အသင်းမှာခေါ်ယူထားတဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားတွေ များနေတာကြောင့် ဂန်ဒိုဂမ် အနေနဲ့ မန်စီးတီး အသင်းကနေ ထွက်ခွာသွားနိုင်တယ် ။ ကိုဗာဆစ် လည်း အတူတူပဲ ။ မန်စီးတီး အသင်းမှာ ဆက်ရှိနိုင်မလား ၊ ထွက်သွားမလား ဆိုတာ တိတိကျကျမပြောနိုင်ဘူး ။ သူ့ရဲ့ ဒဏ်ရာပြဿနာ တွေကြောင့် အသင်းကထွက်ခွာသွားနိုင်ဖွယ်ရှိနေတာပဲဖြစ်ပါတယ် ။ ဒါပေမယ့် ဂန်ဒိုဂမ် ရော ကိုဗာဆစ် ရောနှစ်ယောက်လုံးက အတွေ့အကြုံရင့် ကစားသမားတွေဖြစ်တာကြောင့် ပွဲချိန်တစ်ချို့ ဝင်ရောက်ကစားခိုင်းတာတွေ ၊ အလှည့်ကျ ကစားတာတွေလည်း ဖြစ်သွားနိုင်တယ် ။

နောက်တစ်ယောက်က တော့ မနှစ်ကဘောလုံးရာသီကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ နီကို ဂွန်ဇာလတ် ပဲဖြစ်ပါတယ် ။ နီကို ဂွန်ဇာလတ် က မနှစ်ကဘောလုံးရာသီမှ မန်စီးတီး အသင်းကို ရောက်ရှိလာတယ်ဆိုပေမယ့် မန်စီးတီး အသင်းမှာ ပွဲကစားချိန်လုံလုံလောက်လောက် မရရှိပါဘူး ။ အဲ့တာတွေကြောင့် ပဲ ဂွန်ဇာလတ် အနေနဲ့လည်း မန်စီးတီး အသင်းကနေထွက်ခွာသွားနိုင်ပါတယ်။ ဒီကစားသမားတွေအပြင် လူငယ်ကစားတွေကို ပွဲကစားချိန် ပိုမို ရရှိစေချင်တာကြောင့် အငှားစေလွှတ်တာမျိုးတွေလည်း ရှိလာနိုင်ပါတယ် ။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ မန်စီးတီး အသင်းထွက်ခွာသွားနိုင်တဲ့ ကစားသမားတွေ ပဲဖြစ်ပါတယ် ။ အဆုံးထိ ဝင်‌ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး

တင်ရှိပါတယ်။

#mmmedia

#premierleague

#manchestercity

#pepguardiola

#johnstones

#jackgrealish

#ilkaygundogan

#nicogonzalez

Leave a reply