ခံစစ်ပြသာနာကို ဖြေရှင်းဖို့ လိုအပ်နေတဲ့ ရီးရဲလ်မက်ဒရစ် အသင်း

ရီးရဲလ်မက်ဒရစ် အသင်းက ဒီဘောလုံးရာသီမှာ ဆုဖလားအောင်မြင်မှု အတွက် မျှော်လင့်ဖို့ လာလီဂါ ဖလားတစ်လုံးသာ ကျန်တော့တာပဲဖြစ်ပါတယ်။ ကိုပါဒယ်ရေး ၊ စပိန် စူပါဖလား တွေကို အဓိကပြိုင်ဘက် ဘာစီလိုနာ အသင်းကို ပေးခဲ့ရပြီး ချန်ပီယံလိဂ် ဖလားကနေလဲ ထွက်ခွာခဲ့ရပြီပဲဖြစ်ပါတယ်။ လာလီဂါ မှာလည်း ဘာစီလိုနာ အသင်းရဲ့ ဦးဆောင်ခြင်းကို ခံနေရပြီး ဒီရာသီမှာ ဖလားလက်မဲ့ ရာသီကို ကြုံတွေ့ရဖို့ အတွက် အတော်လေးနီးစပ်နေပြီပဲဖြစ်ပါတယ်။ ဒီရာသီ မှာ ရီးရဲလ် မက်ဒရစ် အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းကျဆင်းမှုတွေကို ဒီရာသီမှာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ် ၊ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက ပြင်ဆင်ဖို့လိုအပ်နေတဲ့ နေရာကတော့ ခံစစ်နေရာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ခံစစ် ကစားသမားတွေက အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီး ခနခန ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ် ။ ရီးရဲလ်မက်ဒရစ် အသင်းက ဗဟိုခံစစ်နေရာအတွက် ဒေါင်ဒေါင်မြည် စီနီယာ ကစားသမား ၃ ဦးပိုင်ဆိုင်ထားပေမယ့် ရူဒီဂါ နဲ့ အလာဘာ တို့က ကစားသမားတစ်ယောက်ရဲ့ အကောင်းဆုံး အချိန်တွေကို ကုန်ဆုံးသွားပြီဖြစ်ပြီး အရင်ကပြသခဲ့တဲ့ ခြေစွမ်းတွေ ပြန်အမြင်တွေ့ရတော့ပဲဖြစ်ပါတယ်။
နောက်တစ်ယောက် မီလီတာအို ကလည်း နောက်ဆုံး ၃ ရာသီမှာ ၂ကြိမ်တိုင်တိုင် ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရရှိခဲ့တာကြောင့် အတောက်ပဆုံး ကစားသမားဘဝကို ပြန်လည်ရရှိဖို့ဆိုတာ ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက ဒီနောက်ပိုင်းနှစ်တွေမှာ တိုက်စစ်ပိုင်းကို သာ အဓိက ဦးစားပေး ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပေမယ့် လာမယ့်ရာသီမှာတော့ ပြသာနာတစ်ခုဖြစ်နေတဲ့ နောက်တန်းခံစစ်အတွက် ပြောင်းလဲပြင်ဆင်မှုတွေကို ပြုလုပ်ရတော့မှာပဲဖြစ်ပါတယ်။ ဘယ်ကစားသမားကို ရီးရဲလ်မက်ဒရစ် ခေါ်ယူဖို့ အဖြစ်နိုင်ဆုံးလဲဆိုရင် ဘုန်းမောက် အသင်းနဲ့ အတူ အကောင်းဆုံးတောက်ပလာခဲ့တဲ့စပိန်နောက်ခံလူငယ်ကစားသမားလေး ဒိန်းစ် ဟော်ကဆန် ၊ လေဗာကူဆင် အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်ပြီး ခံစစ်ကို အကောင်းဆုံးဦးဆောင်နဲ့တဲ့ ဂျော်နတန် တက်စ် ၊ အာဆင်နယ် အသင်းရဲ့ ခံစစ်ကျောက်ဆောင် ဆာလီဗာ ဒီကစားသမား သုံးဦးကို ရီးရဲလ်မက်ဒရစ် အသင်းက အမှန်တကယ်စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက ဥရောပမှာ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်ပြီး ကစားသမားတိုင်းရဲ့ အိမ်မက်အသင်းတစ်သင်းလည်းဖြစ်ပါတယ် ။ ရီးရဲလ်မက်ဒရစ် အသင်းက ကမ်းလှမ်းရင် ကစားသမားတစ်ယောက် ငြင်းဆန်တယ်ဆိုတာ မရှိသလောက်ပါပဲ ။ အဲ့တာကြောင့် ရီးရဲလိမက်ဒရစ် အသင်း သူတို့ရဲ့ အားနည်းနေတဲ့ ခံစစ်ကို ဘယ်လိုပြောင်းလဲသွားမလဲ ။
ဂျော်နတန် တက်စ် လို အတွေ့အကြုံရင့်ပြီး ခံစစ်ကို အကောင်းဆုံး ဦးဆောင်နိုင်တဲ့ ကစားသမားက စာချူပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနေခေါ်ယူပြီး လက်တလော တက်နေတဲ့ ပြသာနာကို ဖြေရှင်းသွားမလား ။ ဒါမှမဟုတ် စပိန်နောက်ခံလူငယ်ကစားသမားလေး ဒိန်စ် ဟောက်ဆန် ကို စာချူပ်ဖြတ်သိမ်းကြေး ယူရို သန်း ၅၀ ပေးပြီး အသင်းမှာခြေစွမ်းပြသနေတဲ့ အဆန်စီရို နဲ့ တွဲကစားစေမလား။ ဒါမှမဟုတ် စာချုပ်သက်တမ်း ၂၀၂၇ ထိ ကျန်နေသေးတဲ့ အာဆင်နယ် အသင်းရဲ့ အနာဂတ်ခေါင်းဆောင် ဆာလီဘာ ကို ပြောင်းရွေ့ကြေးအမြောက်အများပေးပြီး ခေါ်ယူသွားမလား ။ ဘယ်ကစားသမားကို ဘယ်လိုနည်းနဲ့ ခေါ်ယူပြီး အခုကြုံတွေနေရတဲ့ ခံစစ်ပြသာနာကို ဖြေရှင်းသွားမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#realmadrid
#defender
#laliga
#carloancelotti
#football
နောက်ဆုံးရသတင်းများ



𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥
