ရီးရဲလ်မက်ဒရစ် အသင်း လက်လွှတ်လိုက်ရတဲ့ full backတစ်စုံ

ရီးရဲလ်မက်ဒရစ် အသင်းဆိုတာက ဥရောပရဲ့ အရှင်သခင်ဆိုတဲ့ ဘွဲ့ကို ရရှိထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဥရောပရဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်ပြီး အသင်းရဲ့ လူစာရင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ နဲ့ပြည့်နှက်နေတာကြောင့် ကြယ်စင်စု အသင်းတစ်သင်းအဖြစ်လည်း ဘောလုံးပရိတ်သတ်တိုင်းက သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ ကစားသမားတွေက သူတို့ကစားတဲ့ နေရာ အလိုက်မှာ အကောင်းဆုံး ကစားသမားတွေပဲဖြစ်ပါတယ်။ တကယ့်ကောင်းပေ့ ဆိုတဲ့ ကစားသမားတွေနဲ့ပဲ အသင်းကို တည်ဆောက်တက်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာ ကောင်းကျိူးတွေရှိသလို ဆိုးကျိုးတွေလည်းရှိပါတယ်။ ဟာကီမီ နဲ့ ဟာနန်ဒက်တို့က အခုလက်ရှိ ဘယ်နောက်ခံနေရာ နဲ့ ညာနောက်ခံနေရာ တွေရဲ့ အကောင်းဆုံး ကစားသမား ၃ ထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ ဟာကီမီ နဲ့ ဟာနန်ဒက် တို့က သူတို့ သက်ဆိုင်ရာ ကလပ်အသီးသီး အတွက် မရှိမဖြစ် ကစားသမားတွေဖြစ်ကြတယ်။
အခုလက်ရှိ ဘယ်နောက်ခံ နဲ့ ညာနောက်ခံ နေရာတွေမှာ ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ပြသနေတဲ့ ဟာကီမီ နဲ့ ဟာနန်ဒက် တို့ ကစားသမား နှစ်ဦးက တချိန် က ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကစားသမားတွေဖြစ်ခဲ့ကြတယ်။ အဲ့ဒီ အချိန်က ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ရှမ်းရှမ်းတောက် အောင်မြင်နေတဲ့ အချိန်ပေါ့ ။ အဲ့ချိန်တုန်း က ရီးရဲလ်မက်ဒရစ် အသင်း ကစားသမား အားလုံးရဲ့ prime time လို့ပြောရမယ် ။ အဲ့ချိန်တုန်းက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘယ်နောက်ခံနေရာ နဲ့ ညာနောက်ခံ နေရာတွေမှာ အကောင်းဆုံး ခြေစွမ်းပြနေတာကတော့ ကာဗာဂျယ် နဲ့ မာဆယ်လိုပေါ့ ။ သူတို့နှစ်ယောက် ရဲ့ တိုက်စစ် နဲ့ ခံစစ်ကို မျှတအောင် ကစားနိုင်စွမ်းတွေ ၊ အရည်အသွေးမြင့်တဲ့ ဖြတ်တင်ဘောတွေ ၊ လှပသေသပ်တဲ့ အဝေးကန်ချက်တွေ နဲ့ အသင်းကို အများကြီး အကျိုးပြခဲ့ပါတယ်။ ကာဗာဂျယ် နဲ့ မာဆယ်လိုတို့ရဲ့ prime time ကြောင့် ရီးရဲလ်မက်ဒရစ် အသင်းက နောက်တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး တောင်ပံခံစစ် ကစားသမားတွေ ဖြစ်လာမယ့် ဟာကီမီ နဲ့ ဟာနန်ဒက် တို့နှစ်ယောက်ကို ချောင်ထိုးထားခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်က အငှားထွက်ကစားတဲ့ အချိန်တွေ ၊ အရံခုံထိုင်တဲ့ အချိန်တွေသာ များပြားခဲ့ပြီး နောက်ပိုင်းမှာတော့ အသင်းက နေ အသီးသီ ထွက်ခွာသွားခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ခဲ့တာကလည်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အမှား မဟုတ်ပါဘူး ။ prime time တစ်ခုမှာ အကောင်းဆုံး တောက်ပပြနေတဲ့ မာဆယ်လို နဲ့ ကာဗာဂျယ် တို့ကို ချန်ထားပြီး လူငယ် ကစားသမားတွေကို ဘယ်သူကမှ အခွင့်အရေး ကြီးကြီးမားမား ပေးမှာတော့ မဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ရီးရဲလ်မက်ဒရစ် အသင်း က နောက်တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေဖြစ်လာမယ့် ဟာကီမီ နဲ့ ဟာနန်ဒက်တို့ကို လက်လွှတ်ခဲ့ရတယ်။
ရီးရဲလ်မက်ဒရစ် အသင်းအတွက်ကတော့ ကာဗာဂျယ်နှင့်မာဆယ်လိုprime timeကြောင့် နောက်တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေဖြစ်လာကြမယ့် ဟာကီီမနဲ့ ဟာနန်ဒက် တို့ full backတစ်စုံလုံး လက်လွှတ်ခဲ့ရတာက တကယ့်ကို နှမြောစရာ ကောင်းတဲ့ ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ ရီးရဲလ်မက်ဒရစ် အသင်း လက်လွှတ်လိုက်ရတဲ့ full back တစ်စုံ အကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#realmadrid
#fullback
#achrafhakimi
#hernandez
#premierleague
#wingdefender
နောက်ဆုံးရသတင်းများ



𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥
