ဒဏ်ရာတွေရဲ့ ထိုးနှက်ချက်ကြောင့် ကစားသမားဘဝ တစ်ဆင့်နိမ့်ခဲ့ရတဲ့ ရီစီ ဂျိမ်း

Admin
2 လ ခန့်က
Sport Articles
ဒဏ်ရာတွေရဲ့ ထိုးနှက်ချက်ကြောင့် ကစားသမားဘဝ တစ်ဆင့်နိမ့်ခဲ့ရတဲ့ ရီစီ ဂျိမ်း

ချယ်ဆီး အသင်း က နည်းပြဟောင်း သောမက်တူချယ် လက်ထပ်မှာ ကစားသမားတွေရဲ့ ခြေစွမ်းကနောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ကြပါတယ်။ ချယ်ဆီး အသင်းကို တူချယ်ထက် အရင်ကိုင်တွယ်ခဲ့တဲ့ ချယ်ဆီး အသင်းရဲ့ legend ကြီး လမ်းပတ် က မေဆန်မောက့် ၊ ရီစီဂျိမ်း ၊ အိုဒိုင်း တို့လို လူငယ်ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အဲ့ကစာသမားတွေ နည်းစနစ်ပိုင်း အလွန်ကောင်းမွန်တဲ့ နည်းပြတစ်ဦးဖြစ်တဲ့ တူချယ်လက်ထပ်မှာတော့ အကောင်းဆုံးတောက်ပနိုင်ခဲ့တယ်။ တူချယ်က အလားအလာကောင်းတွေအများကြီး ပိုင်ဆိုင်ထားပြီး အရည်အချင်းပြည့်ဝ တဲ့ လူငယ်ကစားသမားတွေဆီက အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ယူနိုင်ခဲ့တယ်။ တူချယ် လက်ထပ်မှာ ချယ်ဆီး အသင်းက ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ချန်ပီယံ လိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ မေဆန်မောက့် ၊ ရီစီဂျိမ်း ၊ ချီဝဲ ၊ ဟာဗက် တို့လို ကစားသမားတွေက ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်ခဲ့ကြတယ်။


အဲ့ထဲမှာမှ ကြောက်စရာကောင်းတဲ့ ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ ရီစီဂျိမ်းက အဲ့ချိန်တုန်း ကကမ္ဘာ့အကောင်းဆုံး ညာနောက်ခံ ၃ နေရာမှာ အလတ်ဇမ်းနား အာနိုး ၊ ဟာကီမီ တို့နဲ့ အတူ ပါဝင်ခဲ့တယ်။ ဒါပေမယ့် ရီစီဂျိမ်းက ကစားသမားဘဝ အဆိုးဝါးဆုံး ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကစားသမားဘဝလည်း နိမ့်ဆင်းသွားခဲ့ရတယ်။ တစ်ချိန်က ရီစီဂျိမ်း နဲ့ အပြိုင်ဖြစ်ခဲ့ကြတဲ့ အာနိုး နဲ့ ဟာကီမီ က အခုချိန်ထိ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံကစားသမားတွေ ဖြစ်နေကြပြီး သူတို့နှစ်ယောက်ရဲ့ ဘောလုံးအဆင့်အတန်း ကို ဘယ်ကစားသမားမှလိုက်မမှီသေးတာပဲဖြစ်ပါတယ်။ အာနိုး ရော ဟာကီမီ နှစ်ယောက်လုံးရော ဘောလုံးအဆင့်အတန်းကို ကောင်းကောင်းလိုက်မှီပြီး သူတို့နှစ်ယောက်နဲ့ အတူ ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ်မှာ အကောင်းဆုံးတောက်ပနိုင်တဲ့ ကစားသမားက ရီစီဂျိမ်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ရီစီ ရရှိခဲ့တဲ့ဒူးဒဏ်ရာပြဿနာတွေက ရီစီကို မြက်ခင်းစိမ်းတွေနဲ့ ၂ နှစ်လောက်ဝေးကွာစေခဲ့ပြီး ရီစီ ရဲ့ ကစားသမားဘဝ ကလည်း တစ်ဆင့်နိမ့်ကျသွားခဲ့တာပဲဖြစ်ပါတယ်။ အရင်ကတည်းက မာမာကြောကြော နဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားတက်တဲ့ ရီစီဂျိမ်း က သူရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဖြတ်ထုတ်မှုတွေကို ကောင်းကောင်းမွန်မွန် နဲ့ ရဲရဲတင်းတင်း မပြုလုပ်နိုင်တော့တာပဲဖြစ်ပါတယ် ။ ကျွန်တော်တို့က ရီစီဂျိမ်း ရဲ့ ဘောလုံးအရည်အချင်း က ဘားမှမေးခွန်းထုပ်စရာမရှိပါဘူး။ သူက ဘယ်လောက်ကောင်းတဲ့ ကစားသမားလည်းဆိုတာ အကြိမ်ကြိမ်သက်သေပြပြီးပါပြီ ။


ဒဏ်ရာပြသာနာတွေကြောင့် သူ့ကိုယ်သူ အကောင်းဆုံးပြန်လည်တည်ဆောက်နေတဲ့ ကစားသမားတစ်ယောက်ကို သူအားနည်းတဲ့ ကွင်းလယ်နေရာ ဝင်ဆော့ခိုင်းနေတဲ့ နည်းပြ အန်ဇိုမာရက်စကာ ကိုပဲမေးခွန်းထုပ်ရမှာဖြစ်ပါတယ်။ ရီစီ ဂျိမ်း လို ကစားသမားမျိုးက ဒဏ်ရာပြသာနာတွေကြောင့် ကစားသမား ဘဝ တစ်ဆင့်နိမ့်ခဲ့ရတာက ချယ်ဆီး အသင်းအတွက်တော့ အရမ်းကို နှမြောဖို့ကောင်းခဲ့တာပဲဖြစ်ပါတယ်။ ရီစီ ဂျိမ်း နောက်ပိုင်းနှစ်တွေက ဒဏ်ရာပြသာနာတွေက ကင်းဝေးပြီး ကမ္ဘာ့အဆင့်မှီခြေစွမ်းတွေပြန်လည်ပြသနိုင်မလား။ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ပရိသတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#reecejames

#footballer

#chelsea

#thomastuchel

Leave a reply